နေအိမ်တွင်းပစ္စည်းပျောက်နေသူများအတွက် ယတြာ

Astrology
နေအိမ်တွင်းပစ္စည်းပျောက်နေသူများအတွက် ယတြာ

ဒီကာလထဲ တချိူ့တွေ ပစ္စည်းပျောက် တော်တော် များလာကြပါတယ် ဒီလိုပျောက်တဲ့အချိန်မှာ ကိုယ်တိုင်က မိမိအိမ်အဝင်အထွက်ရှိတဲ့သူတွေကို စိတ်ထဲသံသယရှိနေတယ်ဆိုရင် ဆောင်ရွက်ကြည့်ပါ။

ဗုဒ္ဓဘာသာတွေရဲ့ အိမ်မှာ များသောအားဖြင့် အိမ်တွင်း ရိုးရာကိုးကွယ်ထားတာရှိကြပါတယ် ဒါ့ကြောင့် ကိုးကွယ်ထားတဲ့သူတွေက ပန်းကန်တစ်ချပ်ထဲတွင် လက်ဖက် ၊ကြက်သွန်ကြော် နှင့် နှမ်းထည့်ပြီး နောက် ပန်းကန်တစ်ချပ်မှာကျ မုန့်ဟင်းခါးထဲ ထည့်ချက်တဲ့ ကြက်သွန်နီ ဥသေး ၈ လုံးကို အမြစ်ခေါင်းဘက်မှထိပ်ဖြတ်၍ လက်ဖက်နဲ့အတူလှူပေးရပါမယ်…
နှုတ်မှလည်း အခုချိန်မှစ၍ ဤအိမ်ထဲဝင်ခိုးသွားသူအား ထင်ရှားစွာသိရပါစေဟု ဆုတောင်းပေးရပါမည်။

ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ခိုးသွားတဲ့သူက မျက်စိပူ မျက်စိနာ မျက်စိကျိန်းစပ်တာတွေ ဖြစ်ပြီး မိမိဆီသို့ အ့ဝေဒနာများ ခံစားနေရကြောင်းပြော၍ မကြာခင်တွင် ရောက်လာပါလိမ့်မယ် သူနှင့် သက်ဆိုင်တာတွေကိုတော့ ကိုယ်တိုင်ကျိုးကြောင်းစိစစ်ပြီး ဆက်စုံစမ်းကြည့်ပါ အမြန်ဆုံး အဖြေမှန်ပေါ်လာနိုင်ပါတယ်…

ရေးသားသူ –crd-မြတ်ကုသိုလ် – မဟာဘုတ်ဗေဒင်ပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။