မသိလျှင် အခက်တွေ့မည့် နင်းကြမ်းယတြာနည်း

Astrology
မသိလျှင် အခက်တွေ့မည့် နင်းကြမ်းယတြာနည်း

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ တစ်ဘက်ခြံတွင်နေသော ပန်းချီ ကိုကောင်းစံဆိုသူ ရောက်လာလေ၏။ ၎င်းသည် ကျွန်ုပ်ကို တွေ့ လျှင် တွေ့ ချင်း-
“ဆရာကြီး . . . အခုတလော အလုပ်ကိစ္စနဲ့ မြို့ထဲကို ထွက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်တာလည်းရှိတယ်၊ အဆင်မပြေတာတွေလည်း များတယ်၊ အဲဒါလေး လုပ်ပေးစမ်းပါဦး…”
ဟု ပြောလေတော့၏။

“ခင်ဗျားကို လုပ်မပေးဘူးဗျာ . . . ၊ တစ်ခါတည်း သင်ပေးလိုက်မယ်. . . ၊ အဲဒီနည်းက နင်းကြမ်း ယတြာနည်းတဲ့၊ အဲဒါလေး ခင်ဗျားတတ်ထားရင် ခင်ဗျားအတွက်ကော၊ သူတစ်ပါးအတွက်ကော လုပ်ပေးရတာပေါ့ဗျာ . . . ”
ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုကောင်းစံက-

“ကောင်းတာပေါ့ ဆရာကြီးရယ် . . . ၊ ကျွန်တော်မသွားလည်း ကျွန်တော့်တပည့် စိန်ဝင်းမောင်ကို လွှတ်ရမှာပဲ၊ အဲဒီတော့ ကျွန်တော်တတ်ထားတာ ပိုပြီးကောင်းတာပေါ့”
ဟု ပြောလေ၏။

“ဒီလို ကိုကောင်းစံရဲ့. . . ၊ အိမ်က အထွက်မှာ နင်းသွားရမယ့် ပန်းတွေ . . . ၊ ညာခြေထောက်အောက်မှာ နင်းသွားရမယ့် ပန်းတွေရှိတယ်၊ ခြေထောက်နှစ်ဖက်စလုံးနဲ့ နင်းသွားရမယ့် ပန်းတွေလည်း ရှိတာပေါ့ . . . ၊ အဲဒါလေးကို ကျက်ပစ်လိုက်”
ဟု ဆိုကာ ကျွန်ုပ်သည် အသင့်ပြုလုပ်ထားသော နင်းကြမ်း ဇယားကလေးကို ပေးလိုက်လေ၏။

ကိုကောင်းစံလည်း ပျော်ရွှင်မြူးတူးစွာ ပြန်သွားလေ၏။ တစ်ပတ်ခန့်ကြာသောအခါ ကိုကောင်းစံ ကျွန်ုပ်ထံသို့ ရောက်လာလေ၏။ ထိုသို့ရောက်လာပြီးလျှင်-
“ဆရာကြီးရဲ့ နင်းကြမ်းနည်းနဲ့ အတော်အဆင်ပြေနေတယ်၊ ကျွန်တော်ပဲသွားသွား၊ ကျွန်တော့်တပည့် စိန်ဝင်းမောင်ပဲသွားသွား အားလုံးချောချောမောမောပဲ . . . ၊ စောစောထဲက သင်ပေးထားရင် ကောင်းသား. .. ” ဟု ပြောလေတော့၏။

(မှတ်ချက်။ ။ ထိုနင်းကြမ်းများကို နေထိုင်မကောင်းသောအခါ၌ ခါးအောက်မှ ခြေထောက်အထိ ခင်း၍ အိပ်ရ၏။ ထိုသို့ ပြုလုပ်လိုက်လျှင် နေထိုင်ကောင်းသွားတတ်၏။ လုပ်ရကိုင်ရသည်မှာ လွယ်သော်လည်း လွန်စွာမှ ထိရောက်သောနည်း ဖြစ်၏။)

ရေးသားသူ –မင်းသိင်္ခဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။