ကံပွင့် ငွေဝင် လာဘ်ရွှင်စေဖို့ဆန် နှင့် ပရုပ်ပြား မီးထွန်း အစီရင်

Astrology
ကံပွင့် ငွေဝင် လာဘ်ရွှင်စေဖို့ဆန် နှင့် ပရုပ်ပြား မီးထွန်း အစီရင်

ရခဲလှတဲ့လူ့ဘဝမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေနဲ့ ဖြတ်သန်းချင်ကြတာ လူသားတိုင်းရဲ့ဆန္ဒပါ။ အဲဒီပျော်ရွှင်ချမ်းမြေ့မှုတွေကို ရရှိဖို့`ငွေ´ဆိုတဲ့အရာဟာ မရှိမဖြစ်ပါ။

အဲဒီငွေကိုရဖို့ နည်းလမ်းအမျိုးမျိုး …မိမိတတ်ကျွမ်းရာပညာအသီးသီးနဲ့ရှာဖွေနေကြပေမယ့် တစ်ခါတစ်ခါ ငွေကြေးကြပ်တည်းမှုတွေ ရင်ဆိုင်ကြရပါတယ်။

ငွေကြေးကြပ်တည်းမှုတွေကို ပြေလည်စေတဲ့ငွေဝင်လာဘ်ရွှင် အစီအရင်တစ်ခုကို ဒါနပြုပါ့မယ်။လုပ်ရတာလွယ်ကူသလောက်ထိရောက်မှုက အံ့မခန်းပါ။

လိုအပ်သောပစ္စည်းများ

၁။မြေခွက် သို့မဟုတ် ကြေးခွက်
၂။ဆန်အနည်းငယ်
၃။မီးရှို့ရသော ပရုပ်ပြား
( ပရဆေးဆိုင်များတွင် #ပရုပ်ပြားခဲ ဟု
မေးဝယ်လျှင်လည်းရပါသည်။)

အဝတ်အစားအတွက် သုံးကြတဲ့ ပရုပ်လုံး မဟုတ်ပါမိမိနေအိမ်ဘုရားကျောင်းဆောင် မှာဖြစ်စေ ဆိုင်ဘုရားကျောင်းဆောင်တွင်လည်း လုပ်ဆောင်နိုင်ပါတယ်ဗျာ…။

ပြုလုပ်စီရင်နည်း…

ကြေးခွက်ထဲ ဆန် အနည်းငယ်ထည့်ပါ။ပရုပ်ပြားအနည်းငယ်ကို ကြေးခွက်ထဲထည့်ပြီး မီးရှို့ပါ။ (မှတ်ချက်—- ပရုပ်ပြားကမီးစွဲ မြန်တဲ့အတွက် အများကြီး မထည့်ရပါဘူး။) ပရုပ်ပြားရဲ့ မီးအရှိန်ကြောင့်ဆန်တွေပါ မီးလောင်ကျွမ်းလာပါလိမ့်မယ်။အဲဒီအချိန်မှာ ငွေဝင်လာဘ်ရွှင်ဖို့လေးလေးနက်နက် ဆုတောင်းပါ။

မနက်၁ကြိမ် ည၁ကြိမ် ပြုလုပ်ပေးရပါတယ်ဗျာ…
အထက်ပါအစီအရင်ကို ပြုလုပ်နေတဲ့အချိန်မှာ
အိမ်တံခါးပေါက် ခြံတံခါးပေါက်များကို ဖွင့်ထားပါ။
ဆန်များကို လောင်ကျွမ်းမှု အခြေအနေအလိုက်
လေးငါးရက်နေမှ တစ်ကြိမ် အသစ် လဲပေးပါ ခင်ဗျာ။

ငွေကြေးကြပ်တည်းမှုများမှပြေလည်ပြီး ကံပွင့် ငွေဝင် လာဘ်ရွှင်ကြပါစေ။

ရေးသားသူ –Myanmar Varient Entertainment II

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။