စောင့်မျှော်နေတဲ့သူ့ပရိသတ်တွေကို အနုပညာလှုပ်ရှားမှုတွေပြန်လုပ်တော့မယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

Celebrity Local News
စောင့်မျှော်နေတဲ့သူ့ပရိသတ်တွေကို အနုပညာလှုပ်ရှားမှုတွေပြန်လုပ်တော့မယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

ဆယ်စုနှစ်တစ်စုအထိ မြန်မာပြည်ရဲ့ နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်ခဲ့တဲ့ သရုပ်ဆောင်၊အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ အချိန်တော်တော်ကြာအောင်မြင်မှုသရဖူကိုဆောင်းထားနိုင်ခဲ့ တာ ယနေ့အချိန်ထိပဲမဟုတ်ပါလား။ စိုင်းစိုင်းခမ်းလှိုင် ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ် တို့ရဲ့ သီချင်းတွေမှာ စိုင်းစိုင်းခမ်းလျှံဆိုတဲ့ နာမည်နဲ့ မော်ဒယ်၊သရုပ်ဆောင်အနေနဲ အနုပညာ အလုပ်ကို စတင်ခဲ့တာအခုဆိုအနှစ် ၂၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။စိုင်းစိုင်းရဲ့ သီချင်းတွေဟာဆိုရင်ခေတ်နှစ်ခေတ်ဆက်တိုက်အောင်မြင်ကျော်ကြားခဲ့တာပါ။

သူ့ရဲ ့အောင်မြင်တဲ့အဓိက သော့ချက်ဆိုရင်တော့ ခန္တီပါရမီနဲ့ ပြည့်စုံလွန်းတယ်လိုပြောရမှာပါပဲ။ ဘယ်သူတွေဘယ်လိုပဲ မကောင်းပြောပြောအမုန်းမပွားပဲ ပညာရှိနည်းနဲ့ တုံ့ပြန်တတ်တာ သူ့ရဲ့ လေးစားချစ်ခင်စရာကောင်းတဲ့ အမူအကျင့်တစ်ခုပါပဲ။သူဟာ ခေတ်ပေါ်လူငယ်တွေနဲ့လဲပေါင်းသင်းဆက်ဆံတတ်ပြီး ခေတ်ရေစီးကြောင်းအတိုင်း လိုက်နိုင်တာကြောင့် ခေတ်သာပြောင်းသားပေမယ့်အောင်မြင်မှုတွေ မပြောင်းလဲသွားတာမဆန်းပါဘူး။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အငြင်းပွားဖွယ်ရာကိစ္စ မှာတော့ ပါ၀င်ပက်သက်ခဲ့ခြင်းမရှိတာကြောင့် ပရိသတ်များစွာရဲ့ ဝေဖန်မှုကိုခံခဲ့ရပီး follower များစွာကို ဆုံးရှုံးခဲ့တဲ့ အနုပညာရှင် လည်းဖြစ်ပါတယ် ၃နှစ်နီးပါး လူမူ့ကွန်ယက်စာမျက်နဲ့ အနုပညာအလုပ်မှာ ပျောက်ကွယ်နေခဲ့ပီး ယခုအခါ မှာတော့ ပထမဦးအကြိမ် ပထမဆုံး ပြန်လည် ရိုက်ကူးတဲ့ စိုင်းစိုင်းခမ်းလှိုင် ရဲ့ စိန်ဧကရီ အာမခံစိန်ရွှေရတနာ လက်ကားစိန်တိုက်ကြီး ကြော်ငြာ နဲ့ ပရိသတ်ရှေ ့မှောက်ကို ပြန်လည်ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။