စစ်ကြောင့်ရပ်ထားရတဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး ပြန်လုပ်နိုင်ဖို့ ကုန်သည်တွေမျှော်လင့်

Local News

စစ်ကြောင့်ရပ်ထားရတဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး ပြန်လုပ်နိုင်ဖို့ ကုန်သည်တွေမျှော်လင့်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့စစ်ကြောင့်ရပ်ထားရတဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး ပြန်လုပ်နိုင်ဖို့ ကုန်သည်တွေမျှော်လင့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်-မောင်တော နယ်စကုန်သွယ်ရေးလုပ်ငန်းတစ်ခုလုံးကို ရပ်နားထားကြရတာ အခုဆိုရင် သုံလကျော်ကြာမြင့်ခဲ့ပြီဖြစ်

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်ရပ်လိုက်ပြီးနောက်ပိုင်းမှာ အငူမော် – မောင်တော လမ်းမကိုလည်း ပြန်လည်ဖွင့်ပေးဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်-မောင်တော နယ်စကုန်သွယ်ရေးလုပ်ငန်းတစ်ခုလုံးကို ရပ်နားထားကြရတာ အခုဆိုရင် သုံလကျော်ကြာမြင့်ခဲ့ပြီဖြစ်

အဲ့ဒီလမ်းကို ပိတ်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်-မောင်တော နယ်စကုန်သွယ်ရေးလုပ်ငန်းတစ်ခုလုံးကို ရပ်နားထားကြရတာ အခုဆိုရင် သုံလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ချိန်ခါလီ တိုက်ပွဲအပြီးမှာ စစ်ကောင်စီက မောင်တော-အငူမော်လမ်းမ အသွားအလာတွေကို ပိတ်ဆို့ထားခဲ့သလို လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း တစ်ရွာနဲ့တစ်ရွာ အသွားအလာတွေ တားမြစ်ခံနေကြရတာပါ။

“ကုန်သွယ်ရေးမရှိရင် စားရေးသောက်ရေးအကုန်ထိခိုက်သွားတယ်။ နယ်စပ်ကုန်သွယ်ရေးထက် ပြည်တွင်းမှာ ကုန်စည်စီးဆင်းရေးအဆင်ပြေသွားရင် စျေးကျတာတို့ရှိလာရင် တစ်ပူပေါ်နှစ်ပူမဆင့်တော့ဘူးပေါ့။ အကုန်လုံးအဆင်ပြေသွားမှာ” လို့ ကုန်သည်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခုလိုပိတ်ဆို့မှုတွေပြုလုပ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြည်မဘက်ကရော ပြည်နယ်အတွင်းကတင်ပို့မယ့် ကုန်စည်တွေပါ သယ်ယူလို့မရတော့တာကြောင့် ကုန်သွယ်မှုလုပ်ငန်းတွေရပ်နားနေခဲ့ကြရတဲ့အဲ့အတွက် ကုန်သည်တွေအနေနဲ့ ဆုံးရှုံးနစ်နာခဲ့ကြရသလို ကုန်သွယ်ရေးစခန်းကို မှီခိုနေကြတဲ့ ရာနဲ့ချီတဲ့အလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်ပြီးစားဝတ်နေရေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့မှာတော့ အဲ့ဒီလမ်းကို ပြန်လည်ဖွင့်ပေးမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တရားဝင်အကြောင်းကြားတာမျိုးတော့ မရှိသေးဘူးလို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သည်တစ်ဦးက ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။