ဂျဘလီယာ ဒုက္ခသည်စခန်းပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၁၀ thayဆုံး

International News
ဂျဘလီယာ ဒုက္ခသည်စခန်းပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၁၀ thayဆုံး

ပါလက်စတိုင်းအရပ်သားတွေ thayဆုံးနေတဲ့ အစ္စရေး စစ်ဆင်ရေးကို အမေရိကန်က ဆက်လက် ထောက်ခံနေ

အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်ဟာ အစ္စရေး ကာကွယ်ရေး ဝန်ကြီးနဲ့ တယ်လ်အဗီးမြို့မှာ တွေ့ဆုံနေပါတယ်။

သူဟာ ဆွေးနွေးမှု အတွင်း ဂါဇာမှာ ထိုးစစ်ပြင်းထန်နေမှုကို လျှော့ချဖို့ ဖိအားပေး ပြောဆိုသွားဖွယ် ရှိပါတယ်။

အမေရိကန်ဟာ အစ္စရေးရဲ့ ပါလက်စတိုင်းတွေ အပေါ် စစ်ဆင်ရေးကို ထောက်ခံတဲ့ တဦးတည်းသော နိုင်ငံ ဖြစ်ပါတယ်။

ဂါဇာမှာ အရပ်သား အများအပြား thayဆုံးနေရပြီး ရေရှည်တည်တံ့တဲ့ အပစ်ရပ်ရေးကို ဦးတည် လုပ်ဆောင်ဖို့ ဗြိတိန် ၊ ဂျာမနီ ၊ ပြင်သစ် တို့က မနေ့ တနင်္ဂနွေနေ့တုန်းက ပန်ကြားထားပါတယ်။

ဂါဇာမှာ အကြီးဆုံး ဖြစ်တဲ့ ဂျဘလီယာ ဒုက္ခသည်စခန်းပေါ်အစ္စရေး စစ်တပ်ရဲ့ တနင်္ဂနွေက လေကြောင်း တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး အယောက် ၁၁ဝ thayဆုံးခဲ့ရတယ်လို့ ဟားမတ်စ် အရာရှိတွေက ပြောပါတယ်။

အစ္စရေးကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ အောက်တိုဘာ ၇ ရက်နောက်ပိုင်း thayဆုံးသူ ၃၀၀ ကျော်ပြီ

ဆယ်ကျော်သက် ပါလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေး တပ်ဖွဲ့တွေ ထိပ်တိုက် ရင်ဆိုင်မှု မကြာခဏ ရှိနေတဲ့ အနောက်ဘက်ကမ်း

အနောက်ဘက်ကမ်း ဒေသက ဒုက္ခသည် စခန်းတခုမှာ အစ္စရေးတပ်ဖွဲ့နဲ့ အပြန်အလှန် တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၄ ဦးthayဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

တောင်ပိုင်း တူဘတ်စ်မြို့က ဖာရာ ဒုက္ခသည် စခန်းမှာ ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

thayဆုံးသူတွေဟာ အသက်၁၇ နှစ်ကနေ ၂၄နှ စ်အတွင်း ရှိတဲ့ လူငယ်တွေလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာ စစ်ပွဲအတွင်း အစ္စရေး တပ်ဖွဲ့ လက်ချက် ဒါမှမဟုတ် ဂျူးအခြေချသူတချို့ လက်ချက်ကြောင့် အနောက်ဘက်ကမ်း ဒေသမှာ thayဆုံးရတဲ့ ပါလက်စတိုင်း အယောက် ၃၀၀ နီးပါး ရှိခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။