ငွေအင်မတန်ဝင်တဲ့ ကရဝေးရွက် ယတြာကြီး

Astrology
ငွေအင်မတန်ဝင်တဲ့ ကရဝေးရွက် ယတြာကြီး

လူအများ မျှော်လင့်စောင့်စားနေကြတဲ့ ငွေအင်မတန်ဝင်တဲ့ ကရဝေးရွက် ယတြာကြီး
ငွေအများကြီး အလုံးအရင်းနဲ့ ဝင်မည့် ယတြာ‌တစ်ခု တင်ပေးပါရစေ။
မနက်ဖြန် 18-12-23 တနင်္လာနေ့ မနက် 6တိတိမှ 8နာရီတိတိအတွင်း ကရဝေးရွက် သန့်သန့်လေးရဲ့ အချောဖက်ကလေးမှာ အင်္ဂလိပ်ဂဏာန်း 256 ကို အနီရောင် မင်နဲ့ အစဉ်အလိုက်ရေးပြီး ငွေ 10000 ကျပ်တန်(နိုင်ငံခြားမှာ နေသူများအနေနဲ့ မိမိနေတဲ့နိုင်ငံက ငွေကို သုံးကြပါ) တစ်ရွက်ထဲထည့်၍ ခေါက်လိုက်ပါ။
ကရဝေးရွက် အစိုမသုံးကြပါနဲ့။

ပြီး မိမိရဲ့ ပိုက်ဆံအိတ်ထဲ ထည့်ထားကြပါ။
အဲဒီငွေကို မသုံးမိပါစေနဲ့နော်။
အဲဒီဟာလေးတစ်ခုထဲကိုဘဲ ၂၅ ရက်တိတိ ဆောင်ထားရမှာပါ။ အဲဒီ ၂၅ရက်အတွင်း ငွေတွေ အများကြီး အကြောင်းအမျိုးမျိုးနဲ့ နေရာပေါင်းစုံက ဝင်လာတာကို တွေ့ကြရမှာပါ။

၂၅ ရက်ပြည့်ရင်တော့ ကရဝေးရွက်လေးကို ရေရှင်မှာမျောပါ။ ရေရှင်အဆင်မပြေရင် ညောင်ပင်တစ်ပင်အောက်မှာ စွန့်ပစ်ပါ။
ငွေတစ်သောင်းကျပ်ကိုတော့ သံဃာတစ်ပါးပါး သို့မဟုတ် သီလရှင်တစ်ပါးပါးကို ကပ်လှူပေးပါ။

အမြဲတမ်း လုပ်လို့မရပါဘူး ။
သူ့ရက်နဲ့သူသာ လုပ်လို့ရပါတယ် ခင်ဗျ။
စိတ်ချမ်းမြေ့စွာ ငွေဝင်ကြပါစေ။

ရေးသားသူ –ဆရာအောင်မင်းဟိန်း(LL-B)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။