ပရိသတ်တွေကို အိုက်တင်အသစ်တွေပြောင်းလဲပြီးအမိုက်စား အကြမ်းစားကြီးတွေ လုပ်ပြချင်တယ်ဆိုတဲ့ ခြူးလေး

Celebrity Local News
ပရိသတ်တွေကို အိုက်တင်အသစ်တွေပြောင်းလဲပြီးအမိုက်စား အကြမ်းစားကြီးတွေ လုပ်ပြချင်တယ်ဆိုတဲ့ ခြူးလေး

သူမကေတာ့ MRTV-4 ဇာတ်လမ်း တဲတ ရိုက်ကူးရာကေန လူသိများ အောင်မြင်လာတာ ဖြစ်ပြီးအခု နောက်ပိုင်းမှာ ဆိုရင် ကြော်ငြာတွေ အပြင် ရုပ်ရှင်ဇာတ်ကားကြီးကိုပါ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ခြူးလေးရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင် ချက်နဲ့ ချစ်စရာ ကောင်းတဲ့ပုံစံလေးကြောင့် ပရိသတ်ကြားမှာ ရေပန်းစားကျော်ကြား နေတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။ခြူးလေးက သရုပ်ဆောင် ပိုင်းတွင် ဝါသနာပါသူလေး ဖြစ်တဲ့ အပြင် Tik Tok အခွီလေးတွေကို ပီပီပြင်ပြင် ရိုက်ကူးနိုင်တာကြောင့်ပဲ ပရိသတ်က အချစ်ပို နေရသူလေး ဖြစ်ပါတယ်။

ယခုအခါမှာ သူမက ဇာတ်လမ်း အသစ်နဲ့ ပက်သက်ပြီး ပြောပြသွားခဲ့တာပဲဖြစ်ပါတယ် ခြူးလေးက “ချူးလေး လေးတန်းငါးတန်းလောက်က စာအုပ်ကိုင်ပြီးဒါရိုက်တာ ပုံစံမျိုးတွေနဲ့ လုပ်ပြီး ကစားခဲ့တာကြီးလာတော့အနုပညာ သင်တန်းကျောင်းတက်..သရုပ်ဆောင်သင်တန်းခေါ်တယ် ဆိုလည်း သွားလျှောက်နဲ့ အခုတော့သရုပ်ဆောင်ဖြစ်လာ တာပါ..သီချင်းဆိုတာလည်း အဆိုတော်လုပ်မယ်လိုတော့ မဟုတ်ပါဘူး…ခြူးလေးကလိုက်ပြီးတံခါးခေါက်ကြည့်နေတာပါ.. ကိုယ်ဘယ်ဟာနဲ့ ဆန်းပါမလဲပေါ့..ဒါရိုက်တာကြီးလုပ် မယ်ဆိုတာကလည်းမဟုတ်ပါဘူး…အချိန်ခါတစ်ခုရောက်ရင်တာ့ လုပ်ဖြစ်လည်းလုပ်ကြည့်မှာပါ..”

“မိန်းမဒါရိုက်တာတွေဆိုအရမ်းကြိုက်တယ်..အခုမိန်းကေလး
ဒါရိုက်တာ မပင့်နဲ့ မဘုံကခြူးလေးရဲ့ Idol ပဲ..ခြူးလေးက ဟာသကားတွေ ရိုက်နေရတာဆိုတော့ မျက်နာကစက်ပလိန် မျက်နှာဖြစ်နေတာဆိုတော့..အခု မဘုံ ရိုက်တဲ့ ဇာတ်ဝင်ခန်း  ဆို မဘုံကိုမေးနေရတာ မျက်နာအဆင်မပြရင်ပြောနော် ဆိုပြီးအခု မဘုံက တအားဟော့နေတဲ့အချိန်မှာ သူနဲ့ တစ်ကားလောက် ရိုက်ဖူးချင်ခဲ့တာ ဆန္ဒ လေးပြည့်ခဲ့တာ ပါ့…ခြူးလေးရဲ့ အိုက်တင်တွေကို တဆစ်ချိုး ပြောင်းလဲပြ ချင်တာပေါ့နော်…အမိုက်စား အကြမ်းစားကြီး လုပ်ပြချင် တာပါ မဘုံနဲ့အခုရိုက်နေတဲ့ကားလေးက မချောရတနာရဲ့ သမီးနေရာက သရုပ်ဆောင်ရမှာပါအဲဇာတ်ကားလေး
ထက်လာရင်လည်းအားပေးကြပါအုန်းနော်” လိုပြောပြလာ ခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။