အိပ်မက်မကောင်းလျှင်

Astrology
အိပ်မက်မကောင်းလျှင်

အိပ်မက်နှင့်ပက်သက်ပြီး နက်နဲသောဆန်းကျယ်မှုအချို့ရှိသည်မှာကား အသေချာပင်ဖြစ်သည်။ သို့သော် အိပ်မက်တိုင်းသည် နိမိတ်ကိုဖော်ပြနေသည်ကား မဟုတ်သေးပါချေ။ အိပ်မက်မက်ခြင်းနှင့်ပက်သက်ပြီး..

(၁)စိတ်အစွဲအလမ်းမရှိဘဲမြင်မက်ခြင်း…
(၂)စိုးရွံ့ထိတ်လန့်မှုကြောင့် မြင်မက်ခြင်း…
(၃)သိမြင် ကြားတွေ့ဖူးသည်ကို စိတ်စွဲမြင်မက်ခြင်း…
(၄)စိတ်ပျော်ရွှင်မှုကို အကြောင်းပြုမြင်မက်ခြင်း…
(၅)ရာသီဥတု နှင့် ခန္ဓာဗေဒ ချို့ယွင်းချက်ကြောင့်..မြင်မက်ခြင်း စသဖြ့င် ယေဘုယျ ခွဲခြားနိုင်ပေ၏။

အထက်ပါအချက်များထဲမှ နံပါတ် (၁)စိတ်အစွဲလမ်းခြင်းမရှိဘဲ မြင်မက်သော အိပ်မက်သည်သာ အနာဂတ်နိမိတ်အတွက် ပုံဖော်ခြင်းဆောင်ပေသည်။

အိပ်မက်နှင့်ပက်သက်သော နေအလိုက် ကောင်းကျိုး မကောင်းကျိုးဖန်တီးမည့် သက်ဆိုင်ရာ ဆက်စပ်ရာသဘောကိုလည်း သိထားသင့်သည်။

တနင်္ဂနွေနေ့တွင် မြင်မက်လျှင် ဇနီးမယားအတွက်ဖြစ်သည်။
တနင်္လာနေ့တွင် မြင်မက်လျှင် သားချင်းဆွေမျိုးအတွက်ဖြစ်သည်။
အင်္ဂါနေ့တွင်မြင်မက်လျှင် မိမိကိုယ်တိုင်အတွက်ဖြစ်မည်။
ဗုဒ္ဓဟူးနေ့တွင် မြင်မက်လျှင် မိတ်ဆွေသူငယ်ချင်းများအတွက်ဖြစ်မည်။
ကြာသပတေးနေ့တွင် မြင်မက်လျှင် ဆရာသမားများအတွက်ဖြစ်မည်။
သောကြာနေ့တွင် မြင်မက်မူ သားသမီးတပည့်အောက်လက်ငယ်သားအတွက်ဖြစ်မည်။
စနေနေ့တွင် မြင်မက်လျှင် မိမိကိုယ်တိုင်အတွက်ဖြစ်မည်။

ဤကား အိပ်မက်မက်သောနေ့နှင့်အကျိုးအပြစ် သက်ရောက်မည့်သူကို ညွှန်းဆိုခြင်းပေတည်း။
အိပ်မက်မကောင်းသောအခါ မကောင်းသောအတိတ်ဆိုး နိမိတ်ဆိုးခြေဖျက်ရန် လောကီပညာအရ တလျော်ကင်ပွန်းနှင့် ဦးစွာခေါင်းဆေးမင်္ဂလာပြုပြီး ကိုးကွယ်ရာ ဘာသာအရ ဝတ်ပြုဆုတောင်းခြင်းပြုပါ။ ဗုဒ္ဓဘာသာမြန်မာများအနေဖြင့် ပုဗ္ဗဏ္ဏသုတ်တော်ရွတ်ဖတ်ပူဇော်သင့်ပါသည်။

အထူးအစီအရင်အနေဖြင့် ပြည်တောင်းတစ်ခုထဲတွင် ပိတောက်ရွက်ခင်းပြီး ဆန်လက်၁၅ဆုပ်ထည့်ပါ။ သုံးညတိတိထားပြီး နောက် ၎င်းဆန်များကို ငှက်စာကျွေးခြင်း၊ စီးဆင်းနေသောရေတွင် ကျဲပက်ခြင်းများ ပြုရမည်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် မကောင်းသောအနိဌာအာရုံများလွင့်ပျောက်ပြီး ကောင်းကျိုးများ ခံစားရပေမည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ..

ရေးသားသူ –ဆရာလင်းဝေအောင်..

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။