ဖှူန်းရွှေပညာအရ အိမ်ရှေ့မထားရှိသင်တဲ့ပစ္စည်းများ ၃

Astrology
ဖှူန်းရွှေပညာအရ အိမ်ရှေ့မထားရှိသင်တဲ့ပစ္စည်းများ ၃

ထီး

မိုးရွာကပြန်လာပြီး အိမ်တံခါးဝမှ ထီးအမြဲချိတ်ထားခဲ့တာမျိုး မလုပ်ရပါဘူး။ ရေစက်လက်ကျနေတဲ့ထီးဟာ အိမ်ပေါက်ဝမျက်နှာစာတခုလုံးကို ရေတွေတစက်စက်နဲ့ စိုရွှဲစေနိုင်ပါတယ်။ အဲဒါဟာ ယင်းဓါတ်ကို ပက်ကြဲချသလိုဖြစ်စေတာမို့ မိသားစုကံကြမ္မာ ကျဆင်းလာစေနိုင်ပါတယ်။ ရေဟာ ငွေကိုကိုယ်စားပြုတာမို့ ရေတွေအိမ်အပြင်ကိုပြန်စီးနေတာဟာလည်း ငွေယိုပေါက်ကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။

အမှိုက်ပုံး

အမှိုက်ပုံးဟာ အနိဋ္ဌပါ။ မသန့်စင်တဲ့အရာပါ။ အိမ်အဝဆိုတာ ဖှူန်းရွှေသဘောအရ ပြင်ပမှ ချိများစီးဆင်းဝင်ရောက်ရာဖြစ်တာမို့ အမှိုက်ကိုဖြတ်သန်းဝင်ရောက်လာခဲ့ရင် သန့်စင်ကောင်းမွန်တဲ့ချိ မဖြစ်တော့တဲ့အတွက် သို့မဟုတ် ချိကိုတားဆီးပိတ်ဆိုးထားတဲ့အတွက် မိတ်ကောင်းလာဘ်ကောင်းမဝင်နိုင်တာ၊ အိမ်သားများ ကျန်းမာရေးညံ့တာ ကြုံတွေ့လာရနိုင်ပါတယ်။

နွယ်ပင်

အိမ်ရှေ့မှာ တချို့က နွယ်တက်နေတဲ့ အပင်မျိုးကိုအလှဆင်ထားတတ်ကြပါတယ်။ ဒါဟာဖှူန်းရွှေသဘောအရတော့ မကောင်းပါဘူး။ အပင်ဟာ ယင်းဓါတ်ပါ။ ယင်းဓါတ်ဖြစ်တဲ့အပင်ဟာ နွယ် ခြုံဖြစ်တဲ့အခါ ပိုပြီးယင်းဓါတ်များစေပါတယ်။ အလင်းနဲ့လေကိုပိတ်ဆို့တားဆီးပါတယ်။ ဒါ့အပြင် ပိုးမွှားများစွာလည်းခိုအောင်းနိုင်ပါတယ်။ အိမ်မျက်နှာစာနံရံ/ခြံစည်းရိုး/ဝရံတာမှာ နွယ်တွေယှက်လိမ်ရှုပ်ထွေးနေရင် အိမ်သားတွေလည်း ရှုပ်ထွေးတတ်ပါတယ်။ ပြဿနာများတတ်ပါတယ်။ ကျန်းမာရေးကိုလည်းညံ့စေတတ်ပါတယ်။ နွယ်ပင်သိပ်သည်းအုံ့ဆိုင်းလေ ပိုဆိုးလေပါဘဲ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။