မင်းအကြိုက်ဆုံးအရောင်က ပြောတဲ့မင်းအကြောင်း

Astrology
မင်းအကြိုက်ဆုံးအရောင်က ပြောတဲ့မင်းအကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းအကြိုက်ဆုံးအရောင်က ပြောတဲ့မင်းအကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်းအကြိုက်ဆုံးအရောင်က ပြောတဲ့မင်းအကြောင်း
အပြာရောင်

မင်းက အပြာရောင်လေးကိုမှသဘောကျနှစ်ခြိုက်တတ်တဲ့သူလေးတယောက်ဆို မင်းဟာမိသားစု နဲ့ ချစ်ခင်ရသူတွေအပေါ် တန်ဖိုးထားလွန်းသူလေးတယောက်ပါတဲ့ သစ္စာတရားကို အင်မတန် တန်ဖိုးထားတတ်သလို ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့သူလေးတယောက်ပါတဲ့ သို့သော် မင်းရဲ့ခင်မင်မှု သစ္စာတရား စတာတွေနဲ့ပတ်သက်ပီး မလေးမစား တန်ဖိုးမထားတဲ့အပြုအမူတွေ လုပ်ပြလာရင်တော့ မင်းဘဝထဲကနေ အဲ့လိုလူတွေကို ဆွဲထုတ်ပစ်ဖို့ ဝန်မလေးတဲ့သူလေးပါတဲ့

မင်းကရပ်တည်ချက်ခိုင်မာပီး ကျက်သရေရှိတဲ့ သူလေးတယောက်လို့ အများကသတ်မှတ်ထားပါတယ်တဲ့မင်းကသူများအပေါ် နိုင်ထက်စီးနင်းလုပ်တတ်တဲ့အပြုအမူတွေကို မုန်းပါတယ် စည်းစနစ်ကျနသလို တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့သူလေးပါတဲ့ လုပ်ငန်းခွင် သို့ မင်းကျင်လည်ရာနယ်ပယ် မှာ လဲ မင်းရဲ့ကောင်းနဲ့ဂုဏ်သတင်းတွေအမြဲရှိနေပါတယ်တဲ့ မင်းကတခါသိဖူး ရင်းနှီးဖူးရင် အဲ့သူရဲ့နာမည် အဲ့သူနဲ့ပတ်သက်တာတွေကို အကုန်မှတ်မိနိုင်တဲ့စွမ်းရည်လေးလဲရှိနေပါတယ်တဲ့ မင်းရဲ့နွေးထွေးဖော်ရွေတဲ့စိတ် ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူလေးတွေကိုတခြားသူတွေက အမြဲအမှတ်ရနေမိအောင် စွဲဆောင်မှုရှိကြသူလေးတွေပေါ့

အစိမ်းရောင်

မင်းက အစိမ်းရောင်လေးကိုမှ နှစ်ခြိုက်သဘောကျသူလေးတယောက်ဆိုရင်တော့ မင်းဟာ သဘာဝတရားကြီးနဲ့အထူးပတ်သက်မှုရှိနေတဲ့သူတယောက်ပါ သစ်ပင် ပန်းမာန် လေးတွေကို အထူးမြတ်နိုးတတ်သလို စိတ်ညစ်စရာတွေရှိရင်လဲ စိမ်းလန်းတဲ့မြက်ခင်းပြင်လေးနဲ့ထိတွေ့ပီး အချိန်ဖြုန်းလိုက်ရင် မင်းအမောတချို့ကိုပြေစေနိုင်တဲ့ထိအစွမ်းထက်ပါတယ် မင်းက သဘာဝကျတဲ့တီထွင်ဖန်တီးမှုတွေကိုလဲလုပ်ဆောင်တတ်သူတယောက်ပါတဲ့

မင်းက ပရမ်းပတာလုပ်တာတွေ စည်းကမ်းကျနမှုမရှိတာတွေကိုလဲ မုန်းတတ်ပါတယ် ဟန်ချက်ညီညီအလုပ်လုပ်တတ်ပီး ငွေ ရဲ့အရေးပါအရာရောက်မှုကိုသိသလို အချိန် ဆိုတာ ငွေနဲ့ တန်ဖိုးတူတူထားရမယ့်အရာလို့ယူဆထားတတ်ပါတယ် အလုပ်နဲ့ပတ်သက်ရင်လဲ လိုချင်တဲ့ပုံစံ လိုချင်တဲ့အနေအထားထိရောက်အောင် ခွန်အားထုတ်ကြိုးစားလေ့ရှိကြပါတယ်

မင်းရဲ့ထူးခြားတဲ့အရည်အချင်းကတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေရဲ့ကောင်းခြင်း ဆိုးခြင်းတွေကို ရှုထောင့်မျိုးစုံကနေ နားလည်နိုင်တဲ့အရည်အချင်းရှိနေတာမျိုးပါ တိကျပြတ်သားပီး တရားမျှတမှုအမြင်ရှိတဲ့ မင်းကို ပတ်ဝန်းကျင်က သူတွေကလဲလေးစားကြပါတယ်

အနီရောင်

မင်းက အနီရောင်ကိုမှ ကြိုက်နှစ်သက်သူတယောက်ဆိုရင်တော့ ပညာရပ်ပိုင်းဆိုင်ရာတွေ ဥာဏ်ကိုသုံးပီးလုပ်ကိုင်ရတဲ့ အရာတွေမှာ အထူးပြောင်မြောက်ထူးချွန်ကြသူတွေပါတဲ့ မင်းက တခါတလေ ပတ်ဝန်းကျင်ရဲ့အမြင် သဘောထားတွေကိုလဲ လိုက်စပ်စုနေစရာမလိုပဲ ကြိုတင်သိမြင်နိုင်မှုလေးတွေရှိနေပါတယ်တဲ့ မင်းကအမြဲထူးခြားနေပီး ဘယ်နေရာရောက်ရောက် တောက်ပတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတယောက်ဖြစ်ပီး မင်းရဲ့တောက်ပမှုကို လူတိုင်းက သတိထားမိနေကျတာမျိုးပါတဲ့ မင်းက သမရိုးကျလည်ပတ်နေရတာထက်စွန့်စားမှုလေးတွေကို သဘောကျပီး နှစ်သက်တတ်ကြသူလေးတွေပါ

မင်းကအချစ်ကြီးသလို အမျက်လဲကြီးတတ်ပါတယ်ချစ်မိသူက စိတ်ညစ်အောင် စိတ်နာအောင်လုပ်ရင် ပွင့်ပွင့်လင်းလင်းနဲ့ပညာသားပါပါ ပြတ်သားစွာရှင်းတတ်ကြသူလေးတွေပါတဲ့ ဘဝမှာ မကောင်းဘူးထင်တဲ့အရာတွေကို ဖြတ်ချဖြုတ်ချခဲ့ဖို့ဝန်မလေးသလို ဘဝကိုပေါ့ပါးစွာဖြတ်သန်းချင်သူတွေပါတဲ့ တဖက်သူအပေါ်အကောင်းမြင်စိတ်ရှိပီး ခေါင်းဆောင်ကောင်းစိတ်ရှိတဲ့မင်းအရည်အချင်းကို လူအများကလေးစားအားကျကြပါတယ်

အနက်ရောင်

မင်းက အနက်ရောင် လေးကိုမှ သဘောကျနှစ်ခြိိုက်သူတယောက်ဆို တသီးတသန့် နေထိုင်တတ်သူလေးဖြစ်ပီး ကိုယ့်စိတ်ခံစားချက်ကို တခြားအရာတွေထက်ပိုဦးစားပေးတတ်သူလေးတွေပါတဲ့ အပေါင်းအသင်းများများစားစားထားချင်စိတ်မရှိဘဲ တကယ်တန်ဖိုးထားရသူအနဲငယ်နဲ့သာ ပျော်အောင်နေထိုင်တတ်ကြသူလေးတွေပါတဲ့

ဘယ်အရာမဆို တိတိကျကျပြတ်ပြတ်သားသားလုပ်ဆောင်တတ်ပီး drama ချိုးပြရတာတွေကို မနှစ်မြို့တတ်ကြပါဘူးတဲ့ တခါတလေ အမိန့်ပေးသလို စကားပြောတတ်တာကြောင့် လူတချို့ရဲ့ရှိန်ခြင်း နားမလည်ခြင်းတွေကိုလက်ခံရရှိတတ်သော်လဲ ပင်ကိုယ်စိတ်ရင်းကောင်းတာကိုပေါင်းကြည့်မှသိရတဲ့သူမျိုးပါတဲ့ စိတ်ထိန်းချုပ်မှုအားကောင်းပီး စိတ်ပိုင်းဆိုင်ရာတည်ငြိမ်သူတွေပါတဲ့

သူတပါးက ကိုယ့်အပေါ် ဒုက္ခရောက်စေချင်တဲ့အခါမျိုးတွေမှာလဲ တည်ငြိမ်စွာဖြေရှင်းနိုင်ကြသူတွေဖြစ်ပီး သမရိုးကျမဟုတ်တဲ့ ကိစ္စရပ်တွေ ဖြစ်ရပ်ဆန်းကြယ် စိတ်နယ်လွန်ကိစ္စရပ်တွေကိုလဲ စိတ်ဝင်တစားရှိတတ်ကြသူလေးတွေပါတဲ့ နှုတ်လုံ စည်းစောင့် တတ်တဲ့ အကျင့်စရိုက်လေးကြောင့် ရင်ဖွင့်တိုင်ပင်စရာကောင်းတဲ့သူလေးတွေလို့ လူအများက သတ်မှတ်ထားကြပါတယ်တဲ့

ရေးသားသူ –Athena reads the Tarot

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။