ချမ်းသာကြွယ်ဝခြင်းနှင့်ဖုန်းရွှေအစီအရင်

Astrology
ချမ်းသာကြွယ်ဝခြင်းနှင့်ဖုန်းရွှေအစီအရင်

ဖုန်းရွှေပညာအရပ်အရ နေအိမ် အဆောက်အဦး အခန်းထောင့်များအတွက် ငွေကြေးချမ်းသာကြွယ်ဝခြင်းအတွက် အရပ်မျက်နှာထောင့်ရှိသည်။ မိမိတို့ အဆောက်အဦး (ဝါ) အခန်းကို အထဲမှ အပြင်ဘက်သို့ မျက်နှာမူလိုက်ပါ။ ဝဲဘက်ထိပ်ခြမ်းထောင့်သည် ငွေကြေးဓနနှင့်ဆိုင်သော အရပ်မျက်နှာထောင့်ဖြစ်ပါသည်။

၎င်းအရပ်မျက်နှာတွင် အမှိုက်များ ရှုပ်ပွနေခြင်း ၊ ပစ္စည်းများ ရှုပ်ထွေးနေခြင်း၊ အနိဌပစ္စည်းများ ရှိမနေစေရပါ။ ရှိပါက ငွေကြေးစီးပွားတိုးတက်မှုရပ်တန့်နေတတ်သည်။
၎င်းအရပ်ကို သန့်ရှင်းစွာ ထားရှိပြီး ဖုန်းရွှေ့ညာအရ ငွေကြေးစီပွားတိုးတက်စေရန် အစီအရင်များကို စနစ်တကျလုပ်ဆောင်အပ်ပေသည်။

နံပါတ် ၁) ၎င်းအရပ်တွင် အလှဝါးပင်ကို စိုက်ပျိုးထားရှိပါ။ ပန်းအိုးကိုအပြာရောင် ခရမ်းရောင် အနီရောင် ဆေးသုတ်ထားပါ။

နံပါတ် ၂) ၎င်းဘေးတွင် ရေတံခွန်အသေး လေးထားရှိပါ။ ကုန်တိုက်များတွင် ဝယ်ယူရရှိနိုင်သော ရေတံခွန်အငယ်များရှိပါသည်။ သို့မဟုတ်ပါက ၎င်းအရပ်တွင် ရေတံခွန်ပုံကို ကပ်ထားနိုင်ပါသည်။

နံပါတ် ၃) ၎င်းအရပ်တွင် အလှမွေးငါးကန်ကို ထားရှိဖြစ် ရွှေငါး ကိုးကောင် (ဝါ) Lucky Fish ကဲ့သို့ ငါးကို ထားရှိရမည်။

၎င်းကဲ့သို့ အရပ်မျက်နှာကို သေချာတွက်စစ်ပြီး အထက်ပါ ၃-ချက်ကို စီရင်ထားခြင်ဖြင့် လုပ်ငန်းစီးပွားတိုးတက်ခြင်း ငွေကြေးစီးပွားဖြစ်ထွန်းခြင်း ဓနဥစ္စာကံကောင်းခြင်းများ ဖြစ်ထွန်းလာပေမည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ရေးသားသူ –ဆရာလင်းဝေအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။