ဆီးအောင့်ခြင်း၊ဆီးချုပ်ခြင်း၊နှင့်အခြားဆီးရောဂါများအတွက် ကြံဟင်းပင်

Health Knowledge
ဆီးအောင့်ခြင်း၊ဆီးချုပ်ခြင်း၊နှင့်အခြားဆီးရောဂါများအတွက် ကြံဟင်းပင်


မြန်မာ့ဆေးဖက်ဝင် ကြံဟင်းပင်

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။

ကျောက်တည်ခြင်း

ဆီးအောင့်/ဆီးချူပ်ခြင်းဆီးနှင့်ပတ်သက်သောရောဂါအမျိုးမျိုးအတွက် ကြံဟင်းပင်

ပုံသဏ္ဍာန်

မြေတွင်ဖြန့်၍ပေါက်သောနွယ်မျိုးဖြစ်သည်။ ရွက်ပြားကြီး၍နှလုံးပုံရှိသည်။
အဖြူရောင်ခေါင်းလောင်းပုံသဏ္ဍာန်အပွင့်ပွင့်ညှာတစ်ခုတွင်၁ပွင့်မှရပွင့်ထိပါရှိသည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းအပင်နှင့်အမြစ်

မြန်မာနိုင်ငံနေရာအနှံအပြားတွင်သဘာဝအလျောက်ပေါက်ရောက်သည်။

အသုံးဝင်ပုံအာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရ ချို၏ခါး၏ဖန်၏ ပူသောသတ္တိရှိ၏

လေကိုထုတ်စေတတ်၏၊လေနာ နူနာတို့ကိုပျောက်စေ၏။အေးအောင်ပြုသောဆေးဘက်တွင်အကောင်းဆုံးဖြစ်၏။

ဆီးအောင့်ခြင်း၊ဆီးချုပ်ခြင်း၊နှင့်အခြားဆီးရောဂါများအတွက်

အပင် အညွန့်ကိုကြက်ရိုးနှင့်သော်လည်းကောင်း တင်ကျီးရိုးနှင့်သော်လည်းကောင်း ဟင်းချိုချက်သောက်ပါ။

ကျောက်တည်ရောဂါအတွက်

အပင်ကြိတ်/ထောင်းညစ်ရည် ထမင်းစားဇွန်းတစ်ဇွန်းစာကို နွားနို့သကြားနှင့်ရော၍သောက်ပါ။

ဝမ်းသက်ဆေးအဖြစ်

အမြစ်ခေါက်ကြိတ်ရည် ထမင်းစားဇွန်းတစ်ဇွန်းစာ နို့နှင့်ရောသောက်ပါ။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။