ရသေ့ကြီး ဦးခန္တီ၏ လိုတရ ဣစ္ဆာသယ ဂါထာတော် ( ခေါ် ) ဓနသိဒ္ဓိ ဂါထာတော်

Astrology
ရသေ့ကြီး ဦးခန္တီ၏ လိုတရ ဣစ္ဆာသယ ဂါထာတော် ( ခေါ် ) ဓနသိဒ္ဓိ ဂါထာတော်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရသေ့ကြီး ဦးခန္တီ၏ လိုတရ ဣစ္ဆာသယ ဂါထာတော် ( ခေါ် ) ဓနသိဒ္ဓိ ဂါထာတော် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရသေ့ကြီး ဦးခန္တီ၏ လိုတရ ဣစ္ဆာသယ ဂါထာတော် ( ခေါ် ) ဓနသိဒ္ဓိ ဂါထာတော်

ရသေ့ကြီးဦးခန္တီ၏ ဂါထာကို ရွတ်ချင်တယ်။ ဘာအတွက် ရွတ်ရတာလဲဘာတွေ ထိန်းရမလဲ အမေးများကြလို့ တင်ပေးလိုက်ပါပြီ။

(ခိုင်မြဲသော စီးပွားရေးကိုထူထောင်လိုသူများအတွက် နည်းလမ်း)
( ပုတီးစိပ်နည်း )

၁။ ဂါထာ တစ်ပုဒ်
ပုတီး တစ်လုံးချနှင့်
ပုတီး တစ်ပတ် စိပ်ပါ။

၂။ မြတ်စွာဘုရား၏ ဂုဏ်တော်
ဆယ့်သုံးပါးဖြစ်ပါသည်။
အနက်ကိုသေခြာစွာဖတ်ပြီး အနုလုံ၊
ပဋိလုံ အဖန်တလဲလဲ ဆင်ခြင်ရင်း
ပုတီးစိပ်ရမည်။

၃။ စိတ်ပျံ့လွင့်ပြီး ကြက်တူရွေးစာအံ
သင်သကဲ့သို့ အရေအတွက် ပြည့်အောင် သာ မစိပ်ရပါ။

၄။ ပုတီးသည် #သမထ အခြေခံ ဖြစ်သည်။

၅။ စိတ် မပျံ့လွင့်ပါက သမာဓိရမည်။

၆။ သမာဓိရပါက ဝိပဿနာ
ကူးလျင် အလွန် မြန်ဆန်သည်။

ရ။ ၅ပါးသီလ ထိန်းရပါမည်။
၅ပါးသီလ မလုံပါက
မထူးခြားပါ။

၈။ မြေပျော့တွင် အိမ်ဆောက်ပါက
ခဏသာ ခံမည်။ မကြာမီ ပြိုလဲမည်မှာ
ဧကန် မုချဖြစ်၏။

၉။ လောကဓံ ရှစ်ပါးအရ
ညံ့ချိန်တွင် အကျိုးပေး
နည်းသော်လည်း သမာဓိရမည်မှာ မလွဲ။

၁၀။ ကောင်းချိန်တွင်မူ လိုတရ၏။

(ပါဠိ)

“အရဟံ ဗဟိ အန္တဇယံ
သုဂတံ အ-မိတံ ဝိရဇံ
လလိတံ အ-တုလံ စရဏံ
တိဘဝူပ သမံ ယမကံ။
သုခဒံ သရဏံ ပဏမာမိ ဇိနံ။”

(မြန်မာပြန်)

၁။ အရဟံ – ပူဇော် အထူးကို
ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို
ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယံ – အတွင်း-အပ ရန်ကို
အောင်တော် မူသော မြတ်စွာဘုရားကို
ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ – ကောင်းသော စကားကို
ဟောပြော တတ်သော မြတ်စွာဘုရားကို
ပဏာမာမိ-ရှိခိုးပါ၏။

၄။ အမိတံ – မနှိုင်းယှဉ်နိုင်သည့်
တန်ခိုး ဗျာဋိဟာ ရှိသော မြတ်စွာဘုရားကို
ပဏာမာမိ-ရှိခိုးပါ၏။

၅။ ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော
မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ – တင့်တယ် သပ္ပါယ်တော်မူသော
မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ – အတု မရှိသော မြတ်စွာဘုရားကို
ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ – အကျင့် စရဏနှင့်
ပြည့်စုံတော် မူသော မြတ်စွာဘုရားကို
ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘဝူပ-သမံ – ဘုံသုံးပါး ၌
ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို
ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ – ရေမီး အစုံအစုံ တန်ခိုး
ဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို
ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ – ချမ်းသာ ကို ပေးစွမ်းနိုင်သော
မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ – ကိုးကွယ် အားထားရာဖြစ်သော
မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ – မာန်ငါးပါး ကိုအောင်မြင်သော
မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

ရေးသားသူ –Htet Myat Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။