ဘာပဲလုပ်လုပ်ဗေဒင်ရှုထောင့်အရ အပြတ်မလုပ်လိုက်ပါနဲ့

Astrology
ဘာပဲလုပ်လုပ်ဗေဒင်ရှုထောင့်အရ အပြတ်မလုပ်လိုက်ပါနဲ့

ဆန်အိုးထဲ ဆန်အပြတ်မခံပါနဲ့…။
ငွေအိတ်ထဲ …ငွေ အပြတ်မခံပါနဲ့…။

ထမင်းစားတဲ့အခါ..အကုန်ပြောင်နေအောင် မစားရ ။
ဒါတွေက အချည်းနှီးအကြောင်းမဲ့
ရှေးလူကြီးတွေ ..ဆိုခဲ့သည်တော့မဟုတ်ပါ ။
အလျင်မီတယ် …အလျင်မပြတ်ဘူးအလျင်တည်နေပြီ ။

ဒါတွေသည် အလကားမဟုတ်ပါ ။ရှေးကထုံထားသည့် နံ့သာကြောင့် …
နောက်က ထုံသည့် နံ့သာသည် ပိုမွှေးတတ်ပါတယ် ။
ဥပမာ…
သနပ်ခါးလိမ်းနေကြ ပါးလေး ….၊
သနပ်ခါးမရှိချိန်မှာတောင် သနပ်ခါးစွဲနေပြီး …
သေချာ မွှေးကြည့်ရင် ..မွှေးပါသဗျာ..။
( ဆောရီး…လူပျိုကြီးတွေ ကို ..အားနာလှရဲ့..)
ဟဲ…ဟဲ..။

နောက်ဥပမာပေါ့..။
မုန့်ဟင်းခါးဆိုင်ကမုန့်ဟင်းခါးချက်န​ေကြ..အိုး၊
ကြာဇံဟင်းခါးတစ်ရက်ပြောင်းချက်ကြည့်၊
ပြီးတာနဲ့နောက်တစ်နေ့မုန့်ဟင်းခါးပြန်ချက်..ကြည့်၊
အဲဒီ့မုန့်ဟင်းခါးနဂိုအရသာမထွက်တော့ဘူးခင်ဗျ။
ဘာလိုလို့ လိုမှန်းမသိ ဖြစ်သွားတတ်ရဲ့…။
အလျင်လေး အရေးကြီးပုံ..။

ဒါကြောင့် …
ဆန်အိုးကို ဆန်ပြတ်သွားအောင် မသုံးပါနဲ့။
ငွေအိတ်ထဲက နေ ငွေပြတ်သွားအောင်
အကုန်အစင် မသုံးပါနဲ့။
အနဲဆုံးစတိလေးတော့ချန်ထားပါ။
ထမင်းပန်းကန် ..ဟင်းပန်းကန် ..
နှမြောလိုက်တာဆိုပြီးလက်နဲ့သပ်…မလျက်ပါနဲ့။
ပြောင်ထွက်နေအောင် မစားပါနဲ့။

၀င်လာမယ့်လာဘ်…..
အဆက်ပြတ်သွားတတ်ပါကြောင်း…။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။