ဇနီးကို thet ခဲ့တဲ့ နေပြည်တော်က ဗိုလ်မှူးကြီး ဖမ်းဆီးခံရ

Local News
ဇနီးကို thet ခဲ့တဲ့ နေပြည်တော်က ဗိုလ်မှူးကြီး ဖမ်းဆီးခံရ

နေပြည်တော်က သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်း ဟာ ဇနီးကို thetဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုကို ဝန်ခံလိုက်တဲ့အကြောင်း နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

နေပြည်တော်၊ အမှတ်(၂) တပ်မတော် သားဖွားမီးယပ် နှင့် ကလေးဆေးရုံ က သား ဖွားမီးယပ်ပါရဂူ ဖြစ်တဲ့ ဗိုလ်မှူးကြီး ဇေယျာလင်း ကို မနေ့က ဖမ်းလိုက်ပြီ လို့ ဆေးရုံက သတင်းအရင်းအမြစ် က ဘီဘီစီ ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲက ရာဇသင်္ဂဟလမ်းမ နဲ့ ပိတောက်လမ်းထောင့်မှာ စွန့်ပစ်ခံထားရတဲ့ အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးတဲ့နောက် စုံစမ်းရာက ဖြစ်စဉ်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တာဝန်ထမ်းဆောင်နေဆဲ ပါရဂူတစ်ယောက်ရဲ့ ဒီမှုခင်းဖြစ်စဉ်ကို စစ်ဆေးအသိုင်းအဝိုင်းမှာလည်း ပြောဆိုနေကြပါတယ်။

ဗိုလ်မှူးကြီး ဇေယျာလင်း တပ်မတော်ဆေးတက္ကသိုလ်အမှတ်စဉ် (၂) ကျောင်းဆင်းတစ်ဦး ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။