12 zodiac sign များ အလိုက် ကိုယ်စားပြု ပန်းများ

Astrology

12 zodiac sign များ အလိုက် ကိုယ်စားပြု ပန်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့12 zodiac sign များ အလိုက် ကိုယ်စားပြု ပန်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီတခါမှာတော့ 12 ရာသီခွင်အတွက် ကိုယ်စားပြုပန်း‌တွေ အကြောင်း ရေးပေးထားပါတယ် Sun sign အရ သာ ကြည့်ရမှာမို့ ဒွိဟ ဖြစ်မနေပါနဲ့

Aries – ( March 21 – April 20 )

March 21 ရက်နေ့မှ April 20 အတွင်း မွေးဖွားသူများကို Aries ရာသီဖွားများဟု သတ်မှတ်ပါသည် … Aries ရာသီဖွားများကို မီးဓာတ် စိုးမိုးပါတယ် …

Aries ရာသီခွင်ရဲ့ ကိုယ်စားပြု ပန်းဟာ Daffodil ဟု ခေါ်သော နွေဦးပန်းဝါ လေး ဖြစ်ပါတယ် … Daffodil ပန်းရဲ့ Botanical name ဟာ “Narcissus” ဖြစ်ပါတယ် … Narcissus ဆိုတာ Greek mythology ထဲက နတ်သမီးငယ်တပါးရဲ့ ကျိန်စာကြောင့် မိမိကိုယ်ကိုအချစ်လွန်ကာ သေဆုံးခဲ့ရတဲ့ အလွန်ချောမောတဲ့ လုလင်ပျို တဦးရဲ့ အမည်ဖြစ်ပါတယ် … Daffodil ပန်းလေးတွေရဲ့ ကြွေကျပုံဟာ ထိုလူငယ် ရေကန်ထဲသို့ ကိုင်းကာ သူ့အရိပ်သူဆုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အသွင်နဲ့ တူတယ်လို့ ဆိုကြပါတယ် …

Taurus ( April 21 – May 21 )

April 21 ရက်နေ့မှ May 21 အတွင်း မွေးဖွားသူများကို Taurus ရာသီဖွားများဟု သတ်မှတ်ပါသည် … Taurus ရာသီဖွားများကို မြေဓာတ် စိုးမိုးပါတရ် …

Taurus ရာသီခွင်ရဲ့ ကိုယ်စားပြုပန်းဟာ Poppy ဟုခေါ်သော ဘိန်းပန်း ဖြစ်ပါတယ် … ဘိန်းပန်းရဲ့ Botanical name ဟာ “ Papaver rhoeas “ ဖြစ်ပါတယ် … အနီရောင် ဘိန်းပန်းများဟာ နှစိသိမ့်ခြင်း ၊ အောက်မေ့ခြင်း ၊ သေဆုံးခြင်း တို့ကို ကိုယ်စားပြုပါတယ် … အလားတူပင် ဘိန်းသည်လည်း ငြိမ်သက်ခြင်းမှ သေခြင်းအထိ ကိုယ်စားပြုသော အရာဖြစ်ပါတယ် … ဘိန်းသည် သာမန်အိပ်စက်ခြင်းကိုပင် ကိုယ်စားပြုသော ဘုံသက်ေတ ဖြစ်ပါတယ် … ရှေးခေတ်အခါက လူတွေဟာ အုတ်ဂူတွေပေါ်မှာ ဘိန်းသီးတွေ ထားရှိတဲ့ ဓလေ့တွေရှိခဲ့ပြီး ထိုအရာဟာ ထာဝရအိပ်စက်ခြင်းကို ကိုယ်စားပြုပါတယ်

Gemini ( May 22 – June 21 )

May 22ရက်နေ့မှ June 21ရက်နေ့အတွင်း မွေးဖွားသူများကို Gemini ရာသီဖွားများဟု သတ်မှတ်ပါသည် … Gemini ရာသီဖွားများကို လေဓာတ် ကစိုးမိုးပါတယ် …

Gemini ရာသီခွင်ရဲ့ ကိုယ်စားပြုပန်းဟာ Lavender ဖြစ်ပါတယ် … My Lavender လို့ တစုံတဦးကို ခေါ်တာဟာ ထိုသူဟာ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ သူနဲ့မဆုံခင်အထိ ကိုယ်မမြင်ဖူးခဲ့တဲ့ လှပတဲ့ အရာတွေကို ဖြစ်ပေါ်စေသူ ပြသနိုင်သူလို့ အဓိပ္ပာယ်ရပါတယ်

Cancer ( June 22 – July 22 )

June 22 ရက်နေ့မှ July 22 ရက်နေ့ အတွင်း မွေးဖွားသူများကို Cancer ရာသီဖွားများဟု သတ်မှတ်ပါသည် … Cancer ရာသီဖွားများကို ရေဓာတ်က စိုးမိုးပါတယ် …

Cancer ရာသီခွင်ရဲ့ ကိုယ်စားပြုပန်းဟာ အဖြူရောင် နှင်းဆီ ဖြစ်ပါတယ် … သမိုင်းကြောင်းအရ အဖြူရောင် နှင်းဆီဟာ အပြစ်ကင်းစင်မှုနှင့် သန့်ရှင်းမှုကို ကိုယ်စားပြုပါသည် … ၁၄ ရာစု အင်္ဂလန်တွင် အဖြူရောင်နှင်းဆီသည် နှင်းဆီနီ Lancaster family နှင့် ရင်ဆိုင်ခဲ့ရသည့် မြို့စား၏ ရိုးရာ သင်္ကေတ ပုံဖြစ်ပြီး နှင်းဆီစစ်ပွဲဟု ကျော်ကြားပါသည် … ယနေ့ခေတ်တွင် နှင်းဆီဖြူသည် မင်္ဂလာပွဲများ ၊ သတို့သမီးပန်းစည်းများ ၊ အခြားသော ရည်ရွယ်ချက်များစွာဖြင့် အသိမှတ်ပြုသုံးစွဲလျက်ရှိပါသည်

Leo ( July 23 – August 23 )

July 23 ရက်နေ့မှ August 23 ရက်နေ့အတွင်း မွေးဖွားသူများကို Leo ရာသီဖွားများဟု သတ်မှတ်ပါသည် … Leo ရာသီဖွားများကို မီးဓာတ်က စိုးမိုးပါသည် …

Leo ရာသီခွင်ရဲ့ ကိုယ်စားပြုပန်းများ Sunflower ဟု ခေါ်သာ နေကြာပန်း ဖြစ်ပါသည် … နေကြာပန်းသည် မြောက်အမေရိက တိုက် မျိုးရင်း ဖြစ်ပါသည် … လွန်ခဲ့သော နှစ်ပေါင်း ၄၅၀၀ ခန့်မှ စတင်၍ မြောက်အမေရိကတိုက်သားများက သီးနှံအဖြစ် ပထမဆုံးစိုက်ပျိုးခဲ့ခြင်း ဖြစ်ပါသည် … နေကြာပန်းနှင့် ပတ်သက်တဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်လည်းရှိပါသေးတယ် … Greek mythology ထဲက နတ်သမီးငယ် တပါးဟာ မူလနေနတ်ဘုရား Helios ကို ချစ်မိကာ စွဲလန်းလွန်းသဖြင့် Helios နေရထားမောင်းနှင်နေခြင်းကို နေ့စဉ် တောင်ကုန်းတခုပေါ်မှာ စောင့်ကြည့်နေခဲ့ပါသည် … Helios ကို တနေ့တာပတ်လုံး စောင့်ကြည့်နေတဲ့ ထိုနတ်သမီးငယ်ဟာအချိန်ကြာသော အခါ နေကြာပန်းအဖြစ်ပြောင်းလဲသွားခဲ့တယ်လို့ ဆိုကြပါတယ် … အချို့ရာဇဝင်များတွင်တော့ နေနတ်ဘုရား Helios ဟာ တနေ့မှာ သူနေရထားမောင်းရာတောက်လျှောက် လှည့်ပတ်နေတဲ့ ထိုနေကြာပန်းပင်လေးကို မြင်ကာ စုံစမ်းကြည့်မှ နတ်သမီးငယ်ရဲ့ အဖြစ်ကို ကြားခဲ့ရပြီး သနားစိတ်ဝင်ကာ ထိုနတ်မိမယ်ကို နတ်အသွင်ပြန်ပြောင်းပေးကာ လက်ထပ်ခဲ့တယ်လို့ ဆိုကြပါတယ်

Virgo ( August 24 – September 23 )

August 24 ရက်နေ့မှ September 23 ရက်နေ့အတွင်း မွေးဖွားသူများကို Virgo ရာသီဖွားများဟု သတ်မှတ်ပါသည် … Virgo ရာသီဖွားများကို မြေဓာတ်က စိုးမိုးပါသည် …

Virgo ရာသီခွင်ရဲ့ ကိုယ်စားပြုပန်းဟာ Chrysanthemum ဟုခေါ်သော ဂန္ဓမာပန်း ဖြစ်ပါသည် … ဂန္ဓမာ ပန်းကို BC ၁၅ ရာစု အစောပိုင်းတွင် တရုတ်နိုင်ငံက စတင်စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး အိုးခွက်ပုဂံများ တွင် ယနေ့ခေတ်အထိ ရေးသားပုံဖော်လျက်ရှိပါသည် … ဂျပန်လူမျိုးတို့က ဂန္ဓမာပန်းသည် နေမင်းကို ကိုယ်စားပြုတဲ့ပန်းလို့ ယုံကြည်လက်ခံထားကြပြီး ရာကူဇာ ဂိုဏ်းသားများဟာ သူတို့၏ ဆေးမင်ကြောင်များတွင် ဂန္ဓမာပန်းပုံများ ထည့်သွင်းရေးဆွဲကြတဲ့ ဓလေ့ရှိပါတယ် … တရုတ်လူမျိုးတွေဟာ ဂန္ဓမာပန်းတွင် အသက်စွမ်းအင်ကိန်းအောင်းတယ်လို့ လက်ခံယုံကြည်ခဲ့ကြပါသည် …

 

September 23 ရက်နေ့မှ October 23 ရက်နေ့ အတွင်း မွေးဖွားသူများကို Libra ရာသီဖွားများဟု သတ်မှတ်ပါသည် … Libra ရာသီဖွားများကို လေဓာတ်က စိုးမိုးပါသည် …

Libra ရာသီခွင်ရဲ့ ကိုယ်စားပြုပန်းဟာ Rose ဟု ခေါ်သော နှင်းဆီပန်းများ ဖြစ်ပါသည် … နှင်းဆီပန်း၏ သက်တမ်းသည် ၃၅ သန်းရှိပြီဟု ရုပ်ကြွင်းများတွေ့ရှိချက်အရ သတ်မှတိထားကြပါသည် … နှင်းဆီပန်းများကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်တည်းက အာရှတိုက်တွင်း စတင် စိုက်ပျိုးခဲ့ကြပြီး နှင်းဆီပန်းများဟာ လူသားယဉ်ကျေးမှုနဲ့ ရင်းနှီးသော ဓလေ့စရိုက်တခုလည်း ဖြစ်ခဲ့ပါသည် … BC 500 ခန့်တွင် ကွန်ဖြူးရှပ်ဟာ ဧကရာဇ်ဥယျာဉ်မှ နှင်းဆီပန်းများအကြောင်း အကျယ်တဝင့်ရေးသားခဲ့ပြီး ဧကရာဇ်မင်း၏ စာကြည့်တိုက်တွင်းတွင် နှင်းဆီပန်းနှင့်ပတ်သက်သော စာအုပ်ပေါင်း ရာချီရှိတယ်လို့ ဆိုကြပါတယ် … ရှေးခေတ် ဂရိ လူမျိုးတွေဟာ နှင်းဆီနီများ ကို နတ်ဘုရားရုပ်ပုံများတွင် ကျယ်ပြန့်စွာသုံးစွဲကြပြီး အချစ် အလှအပနဲ့ ကာမ နတ်ဒေဝီ Aphrodite ပုံများ ပူဇော်မှုများတွင် ပိုမိုသုံးစွဲခဲ့ကြပါသည် … နှင်းဆီနီဟာ နတ်ဘုရားမ Aphrodite ရဲ့ ကိုယ်စားပြုပန်းအဖြစ် သတ်မှတ်ကြပါတယ် … နောက်ပိုင်းတွင်တော့ အစောပိုင်း ခရစ်ယာန်ခေတ် ရောက်လာသောအခါ နှင်းဆီနီကို အပျိုစင် မာရီ၏ သီလ အတွက် ကိုယ်စားပြုသုံးစွဲလာခဲ့ကြပါသည် …

Scorpio ( October 24 – November 22 )

October 24 ရက်နေ့မှ November 22 ရက်အတွင်း မွေးဖွားသူများကို Scorpio ရာသီဖွားများဟု သတ်မှတ်ကြပါသည် … Scorpio ရာသီဖွားများကို ရေဓာတ်က စိုးမိုးပါသည် …

Scorpio ရာသီခွင် ရဲ့ ကိုယ်စားပြုပန်းဟာ Geranium ဟု ခေါ်သော ရေမွှေးပန်းတမျိုး ဖြစ်ပါသည် … Geranium ပန်းများသည် တောင်အာဖရိက ဇာတိ မျိုးရင်းပန်းများဖြစ်ပြီး ၁၇ ရာစုတွင် ဥရောပ ဘက်သို့ ပျံ့ပွါးခဲ့ပ်သည် … ထိုခေတ်အခါတွင် Geranium ပန်းများဟာ အလွန်လူကြိုက်များခဲ့တဲ့ ပန်းများ ဖြစ်ပါသည် … မျိုးစိတ်ပေါင်း ၂၅၀ မှ ၃၀၀ ကြားရှိပြီး ယခုအခါတွင်တော့ မျိုးစိတ်ပေါင်း သောင်းနဲ့ချီ ရှိနေပြီဖြစ်ပါသည် … ထိုပန်းများကို များစွာသော အလှကုန်ပစ္စည်းများ ၊ ရေမွှေးများ ၊ ဇိမ်ခံအသုံးအဆောင်များတွင် ထညိ့သွင်းအသုံးပြုလျက်ရှိပါသည် …

Sagittarius ( November 23 – December 21 )

November 23 ရက်နေ့မှ December 21 ရက်နေ့အတွင်း မွေးဖွားသူများကို Sagittarius ရာသီဖွားများဟု သတ်မှတ်ကြပါသည် … Sagittarius ရာသီဖွားများကို မီးဓာတ်က စိုးမိုးပါသည် …

Sagittarius ရာသီခွင်ရဲ့ ကိုယ်စားပြုပန်းဟာ Carnation ပန်း ဖြစိပါသည် … Carnation ပန်းရဲ့ သိပ္ပံအမည် မှာ “ Dianthus caryophyllus “ ဖြစ်ပါတယ် … Carnation ပန်းတွေဟာ လူသားတွေ ရှေးအကျဆုံးစိုက်ပျိုးခဲ့တဲ့ ပန်းမျိုးစိတ်တွေထဲက တခုဖြစ်ပါတယ် … ထိုပန်းတွေဟာ ရောမနှင့် ဂရိခေတ်များထဲက လူသိများထင်ရှားခဲ့တဲ့ ပန်းမျိုးစိတ်တွေ ဖြစ်ပါသည် … ဒဣာရီ အချို့အရ ဂရိ ရုက္ခဗေဒ ပညာရှင် Theophrastus ဟာ ထိုပန်းအမည် Dianthus ကို anthos ဆိုသော စကားလုံးနှင့် နတ်ဘုရား ပေါင်းစပ်ထားသော အမည်အဖြစ် မှည့်ခေါ်ခဲ့တယ်လို့ ဆိုကြပါတယ် …

 

Capricorn ( December 22 – January 20 )

December 22 ရက်နေ့မှ January 20 တွင်းမွေးဖွားသူများကို Capricorn ရာသီဖွားများဟု သတ်မှတ်ကြပါသည် … Capricorn ရာသီဖွားများကို မြေဓာတ်က စိုးမိုးပါသည် …

Capricorn ရာသီခွင်ကို ကိုယ်စားပြုသော ပန်းဟာ Pansy ဟုခေါ်သော ပေါင်ဒါပန်း ဖြစ်ပါသည် … Violas နှင့် wild pansies တို့ဟာ pansy ပန်းများ၏ မူလ မျိုးစိတ်များ ဖြစ်ပါသည် … ၄င်းတို့ကို ဥရောပတွင် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးခဲ့ကြပါသည် … Pansy များကိုတော့ Iver, Buckinghamshire , England တို့တွင် စတင်တွေ့ရှိခဲ့ပါသည်… ရှေးအခါက လက်ဝါးကပ်တိုင်များကို Violas သစ်များဖြင့် ပြုလုပ်ကြတယ်လို့ ဆိုကြပါသည် … ရှေးအခါက ဆောင်းဦးရာသီတွင် Pansy ပန်းများပွင့်ပါက ပလိပ်ရောဂါကဲ့သို့ ကပ်ရောဂါဆိုးများကျရောက်တော့မယ်လို့ ယုံကြည်ကြပါသတဲ့ … ထိုပန်းများပေါ်တွင် နှင်းစက်များ ရှိနေသေးချိန် မခူးဆွတ်ရဘူးလို့လည်း အယူရှိကြပါတယ် … ထိုသို့ နှင်းများလတ်ဆတ်သေးချိန် ခူးဆွတ်လိုက်သော Pansy ပန်းဟာ မိမိချစ်တဲ့သူရဲ့ စျာပနအတွက်ဖြစ်တတ်တယ်လို့ ယုံကြည်ကြလို့ပါတဲ့ … မိုးအချိန်ခေါင်နေပါက Pansy ပန်းနှင့် မိုးခေါ်နိုင်တယ်လို့လည်း ဆိုကြပါတယ် …

 

Aquarius ( January 21 – February 19 )

January 21 ရက်နေ့မှ February 19 ရက်နေ့အတွင်း မွေးဖွားသောသူများကို Aquarius ရာသီဖွားများဟု သတ်မှတ်ကြပါသည် … Aquarius ရာသီဖွားများကို လေဓာတ်က စိုးမိုးပါသည် …

Aquarius ရာသီခွင်ကို ကိုယ်စားပြုသော ပန်းဟာ Orchid ဟုခေါ်သော သစ်ခွပန်း ဖြစ်ပါသည် … သစ်ခွပန်းများ၏ ဇစ်မြစ်သည် လွန်ခဲ့သော နှစ်ပေါင်း သန်း ၁၂၀ မှ စတင်ခဲ့ပြီး သစ်ခွပန်း၏ သမိုင်းကြောင်းကတော့ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ သို့ ၄၀၀၀ ကစတင်ခဲ့ပါတယ်တဲ့ … တရုတ်ပြည်မှာ စတင်ထွန်းကားခဲ့တဲ့ ပန်းဖြစ်ပြီး တရုတ်ဆေးဖက်ဝင်အပင်အဖြစ် စတင်ထင်ရှားလာခဲ့ပါသည် …

Pisces ( February 20 – March 20 )

February 20 ရက်နေ့မှ March 20 ရက်အတွင်း မွေးဖွားသူများကို Pisces ရာသီဖွားများဟု သတ်မှတ်ပါသည် … Pisces ရာသီဖွားများကို ရေဓာတ်က စိုးမိုးပါသည် …

Pisces ရာသီခွင်ကို ကိုယ်စားပြုသောပန်းဟာ water lily ဟုခေါ်သော နှင်းကြာပန်း ဖြစ်ပါသည် … Water lily ကို Nymphaeaceae ဟုလည်း ခေါ်ကြပါသည် … ရှေးအခါက အီဂျစ် ပြည်တွင် ထို နှင်းကြာပန်းသည် အထက်အီဂျစ် ကို ကိုယ်စားပြုပြီး စည်းလုံးသော နိုင်ငံအဖြစ် ဖော်ပြရန် ပါပီရပ်ပန်းနှင့် တွဲဖက်အသုံးပြုသော ပန်းဖြစ်ပါသည် … နှင်းကြာပန်းသည် နေနှင့် မွေးဖွားခြင်းကို ကိုယ်စားပြုသောကြောင့် ရှေးအီဂျစ် လူမျိုးတို့၏ အမြင့်မြတ်ဆုံးပန်းလည်း ဖြစ်ခဲ့ပါသည် …