အဆိုးဆုံး လေကြောင်းတိုက်ခိုက်မှုတွေကို ယူကရိန်း ကြုံနေရ

International News
အဆိုးဆုံး လေကြောင်းတိုက်ခိုက်မှုတွေကို ယူကရိန်း ကြုံနေရ

ကျူးကျော်စစ်စကတည်းက အဆိုးဆုံးလို့ဆိုနိုင်တဲ့ ရုရှားလေကြောင်း တိုက်ခိုက်မှု တွေကို ယူကရိန်း နိုင်ငံ ကြုံနေရပါတယ်။

နိုင်ငံတဝန်းမှာ ရုရှားတို့ရဲ့ အခုတခေါက် လေကြောင်းတိုက်ခိုက်မှုတွေ အတွင်း ဗုံးကြဲ တာတွေ အများအပြား လုပ်ခဲ့သလို ဒရုန်းနဲ့ မစ်ဇိုင်းပေါင်း ၁၅၀ ကျော်နဲ့ တိုက်ခိုက်တာတွေလည်း ပါဝင်ပါတယ်။

လူပေါင်း ၁၈ ယောက် thayဆုံးခဲ့ပြီး နောက်ထပ် လူ ၁၃၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း ရဲတွေရဲ့ စာရင်းအရ သိရပါတယ်။

အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိမလားလို့ ကယ်ဆယ်ရေး အဖွဲ့တွေ လိုက်ရှာနေကြပါတယ်။

ပစ်မှတ်ထားခံရတဲ့ မြို့တွေက ကိယက်ဗ်၊ ခါကစ်၊ လာဗစ်၊ အိုဒက်စာနဲ့ ဒနီပရို မြို့တွေ ဖြစ်ပြီး မိခင်နဲ့ ကလေးဆေးရုံတွေ၊ ကျောင်းတွေ၊ ကုန်တိုက်တွေပါ မကျန် ပစ်မှတ် အထားခံရတဲ့အထဲ ပါဝင်ပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုက ကြီးမားလွန်းတဲ့အတွက် ယူကရိန်း လေကြောင်း ကာကွယ်ရေးစနစ်က အကုန်လုံးကို မကာကွယ်နိုင်ခဲ့ဘူးလို့ ကိယက်ဗ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။