ဆေးမစူးလို့စိတ်ညစ်နေသလား

Astrology
ဆေးမစူးလို့စိတ်ညစ်နေသလား

ဆရာဝန်တွေလည်း စုံပါပြီ ။
ဆေးတွေလည်း စုံနေပါပြီ ။
ဆေးရုံ ၊ ဆေးခန်းလည်း စုံပါပြီ ။
ရောဂါအမည်က တိတိကျကျမရှိ ။
ဟိုသူက တစ်မျိုးပြော ။ဒီလူကcတစ်မျိုးပြောနဲ့ ။

ဘာကို ယုံရမှန်းတောင် မသိတော့ပေ ။သေချာတာ တစ်ခုပဲ ရှိတယ် ။နာတာရှည် ဖြစ်နေတာ ။တစ်မိသားစုလုံး ၊ တစ်ဆွေမျိုးလုံးစိတ်ဆင်းရဲနေကြပြီ ။

အခုလို အဖြစ်မျိုးကိုတော့လူတိုင်း မဖြစ်ဖူးနိုင်ကြပေမယ့်လည်းလူတစ်ချို့မှာတော့ရံဖန်ရံခါဖြစ်ဖူးကြမှာပါ ။

ဒီလိုကြုံရင် ဒီလိုလုပ်ပေးလိုက်ပါ ။
ပထမဆုံးရောဂါဝေဒနာခံစားနေရတဲ့လူနာရဲ့အဝတ်အစားဟောင်းတစ်စုံကိုကြွပ်ကြွပ်အိတ်ထဲထည့်ပါ။
ပြီးရင် ကြွပ်ကြွပ်အိတ်ပေါ်မှာ….
“လူနာ (ကို/မ….)လှူတာ ဖြစ်တယ် ။
ငါ ကျေနပ်တယ် ”

လို့ဆော့ပင်န်နဲ့ ရေးပေးရမယ် ။ ထို့နောက် နံနက်စောစောလူသူရှင်းတဲ့အချိန်မှာ လမ်းဆုံလမ်းခွ (လမ်းလေးခွ)ကိုသွားလို့ လူနာရဲ့နာမည်ကို ခေါ်ဆိုပြီး “#အမြန်ဆုံးရောဂါနဲ့ဆေးတွေ့ကာကျန်းမာပါစေ”လို့ သုံးခါပြောရင်း စွန့်ပစ်ထား ရစ်ပေးခဲ့ပါ ။
မကြာခင် လူနာကျန်းမာလာတာ တွေ့မြင်ရပါလိမ့်မယ် ။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။