သူငယ်ချင်းဆီက ခရစ္စမတ်လက်ဆောင်အဖြစ်ရတဲ့ ထီလက်မှတ်နဲ့ ဒေါ်လာ ၃၀၀၀၀ ထီဆုပေါက်ခဲ့တဲ့ အမျိုးသား

International News
သူငယ်ချင်းဆီက ခရစ္စမတ်လက်ဆောင်အဖြစ်ရတဲ့ ထီလက်မှတ်နဲ့ ဒေါ်လာ ၃၀၀၀၀ ထီဆုပေါက်ခဲ့တဲ့ အမျိုးသား

မေရီလန်းပြည်နယ်က ဂရန့် ဂျွန်ဆန်ဆိုတဲ့ အမျိုးသားကတော့ သူ့သူငယ်ချင်း အန်ဒရာ ကာဟေးလ်ဆီက ခရစ္စမတ်လက်ဆောင်အဖြစ်ရတဲ့ ၃ ဒေါ်လာတန် Peppermint Payout Multiplier ခဲခြစ်ထီလက်မှတ်ကနေ ဒေါ်လာ ၃၀၀၀၀ ထီဆုပေါက်ခဲ့ပါတယ်။ အခန်းဖော်ဖြစ်ခဲ့ကြတဲ့ ဂရန့်နဲ့ အန်ဒရာတွေက လက်ဆောင်အဖြစ် ထီလက်မှတ်လဲလှယ်တဲ့ အစဉ်အလာရှိခဲ့ပေမဲ့ ဒီတစ်ခေါက်ရရှိတဲ့ထီလက်မှတ်နဲ့ ထီပေါက်မယ်လို့ မထင်ခဲ့မိပါဘူး။

သူတို့သူငယ်ချင်းနှစ်ယောက်က ထီလက်မှတ်ပေါက်တယ်ဆိုတဲ့သိသွားတဲ့အချိန် အရမ်းစိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ ဂရန့်က လက်မှတ်ကို ၃ ကြိမ်- ၄ကြိမ်လောက် စစ်ခဲ့တယ်။ အန်ဒရာကိုလည်း ထပ်စစ်ခိုင်းခဲ့တယ်။ ထပ်ခါထပ်ခါစစ်ကြည့်တော့လည်း ဂရန့်က ဒေါ်လာ ၃၀၀၀၀ ထီကံထူးရှင်ဖြစ်နေခဲ့ပါတယ်။ ဂရန့်အတွက် ဒါက ကောင်းတဲ့ခရစ္စမတ်လက်ဆောင်ဖြစ်ခဲ့ပါတယ်။

ဂရန့်က ထီဆုငွေတချို့ကို သူနဲ့အန်ဒရာတို့ အတူမျှစီးမယ့်ကားအတွက် ငွေပေးချေတာလို၊ လိုအပ်တဲ့အရာတွေမှာအသုံးပြုသွားမှာဖြစ်ပြီး ကျန်တဲ့ထီဆုငွေကိုတော့ ခရီးထွက်ဖို့အတွက် စုဆောင်းထားမှာဖြစ်ပါတယ်။ ဂရန့်က စကော့တလန်နဲ့ အိုင်ယာလန်ကို သွားချင်တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။