သိန်းရှစ်ထောင်ကျော်တန်အိမ်ကြီးကို ဝယ်လိုက်နိုင်တဲ့ အဓိကအကြောင်းအရင်းကို ချပြလာတဲ့ သရုပ်ဆောင်ထက်ထက်ထွန်း(ရုပ်/သံ)

Celebrity Local News
သိန်းရှစ်ထောင်ကျော်တန်အိမ်ကြီးကို ဝယ်လိုက်နိုင်တဲ့ အဓိကအကြောင်းအရင်းကို ချပြလာတဲ့ သရုပ်ဆောင်ထက်ထက်ထွန်း(ရုပ်/သံ)

အလှမယ်ထက်ထက်ထွန်းကတော့အနုပညာလောကထဲဝင်ရောက်လာခဲ့စဉ်ကတည်းက သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ကိုယ်ပိုင်စတိုင်လ်လေးကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့ တာပဲ ဖြစ်ပါတယ်။

ထက်ထက်ထွန်းဟာ အလှမယ်တစ်ယောက်ဖြစ်ပေမယ့် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည် နေလျက်ရှိပြီးလက်ရှိ မဟာရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ နေတဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲမှာလည်း ရွှေပုံဧရာ ဆိုတဲ့ ဇာတ်ရုပ်နဲ့ အောင်မြင်မှုတွေရရှိနေတာပဲ ဖြစ်ပါတယ်။ “ရွှေ ပုံဧရာ ဇာတ်ရုပ်အတွက် ပရိသတ်ချီးကျူးမှုကို ရရှိခဲ့သလို ဇာတ်ကားရိုက်ကူးစဉ်မှာလည်း သူမရဲ့စိတ်ရော ခန္ဓာကိုယ် ရောပါ ရွှေပုံဧရာ အဖြစ် ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက် တွေ ကြောင့် ပရိသတ်တွေ အားပေးမှုကို အကြီးအကျယ် ရ ခဲ့တဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။

“အလုပ်တွေ မနားမနေ ကြိုးစားပြီး၊ သန့်ရှင်း တဲ့ အနုပညာကြေးနဲ့ ကိုယ်ပိုင် အိမ်လေးကို အရစ်ကျ နဲ့ ဝယ်ခဲ့တာပါ။ ၂၀၂၃ က အနုပညာ ကြေး အများဆုံး ရခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ် ။ အခုလို အနေအထား ရောက်ဖို့ (၁၃) နှစ် လောက် ပေးဆပ်ခဲ့တာပါ” လို့ ထက်ထက် ထွန်း က အခုလိုပဲပြောပြလာပါတယ်။

 

https://youtu.be/jMCcVOPGJyo?si=c9Z3nHVHFhjyq779

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။