ပါးစပ်တွင်း အနာများပျောက်ပြီး သွေးတိုး ဆီးချိုသက်သာစေတဲ့ မန်ကျည်းရွက်၏ အံ့ဖွယ်များ

Health Knowledge
ပါးစပ်တွင်း အနာများပျောက်ပြီး သွေးတိုး ဆီးချိုသက်သာစေတဲ့ မန်ကျည်းရွက်၏ အံ့ဖွယ်များ

မန်ကျည်းရွက်လေးတွေက စားလို့တင် ကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးအာနိသင်ထူးတွေလည်း ရှိနေပါသေးတယ်။

ဆီးချိုသက်သာစေနိုင်တယ်မန်ကျည်းရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ပမာဏကို တိုးလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်မန်ကျည်းရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။တွယ်ဆက်တစ်ရှုးတွေ ရောင်ရမ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ငှက်ဖျားသက်သာစေနိုင်တယ်မန်ကျည်းရွက်ရဲ့ အဆီအနှစ်က ငှက်ဖျားရောဂါပိုးကို ကာကွယ်ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ခံတွင်းအနာကို သက်သာစေနိုင်တယ်မန်ကျည်းရွက်ပြုတ်ရည်က ခံတွင်းအနာတွေကိုသိသိသာသာ သက်သာစေနိုင်ပါတယ်။

နို့ထွက်ကောင်းစေတယ် မန်ကျည်းရွက်ရဲ့ အဆီအနှစ်က နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင်လုပ်ဆောင်ပေးပါတယ်။

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်လေဒီတွေခံစားရတဲ့ လစဉ်တိုင်းနာကျင်ကိုက်ခဲမှု ဝေဒနာသက်သာစေဖို့အတွက် မန်ကျည်းရွက်နဲ့ မန်ကျည်းပင်အခေါက်တို့ကို အသုံးပြုပေးလို့ရပါတယ်။

ခံတွင်းကျန်းမာရေးအတွက် ကောင်းတယ်ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးပါတာပါ။ ဒါကြောင့်ခံတွင်းအနံ့ဆိုးကင်းအောင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။သွားကိုက် သွားနာတာအတွက်လည်း မန်ကျည်းရွက်ကို အသုံးပြုလို့ရပါတယ်။

သွေးတိုးသက်သာစေနိုင်တယ်ယနေ့ခေတ်ရဲ့ လူနေမှုပုံစံက အလွယ်တကူ သွေးတိုးဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာက ကင်းဝေးစေဖို့ဆိုရင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။

သွေးတိုးကျအောင် လုပ်ဆောင်နိုင်မှုက လေဖြတ်နိုင်ခြေ၊ နှလုံးသွေးကြောရောဂါနဲ့ အခြားသောရောဂါ အမျိုးမျိုးကို ကာကွယ်ရာ ရောက်မှာပါ။

ဒါတွေတင် မကသေးပါဘူး။ မန်ကျည်းရွက်က အသည်းရောဂါတွေကို သက်သာစေနိုင်သလိုအသည်းရောင်အသားဝါ ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဝေဒနာတွေကို သက်သာစေနိုင်စွမ်း ရှိပါတယ်။

Credit-HelloSayarwon

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။