မြစ်ထဲကျလုဆဲဆဲ ဖြစ်နေတဲ့ ကားပေါ်က သားအမိကို ကယ်တင်ပေးခဲ့သူ

International News
မြစ်ထဲကျလုဆဲဆဲ ဖြစ်နေတဲ့ ကားပေါ်က သားအမိကို ကယ်တင်ပေးခဲ့သူ

ရဲစွမ်းသတ္တိ ကောင်းသူတစ်ဦးဟာ မြစ်ထဲ ထိုးကျလုဆဲဆဲ ကားပေါ်က ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူကို အသက်စွန့် ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာ လီယမ်စတန့်ချ်ဟာ သူ့ချစ်သူနဲ့အတူ လမ်းလျှောက်ထွက်လာတုန်း အမျိုးသမီးတစ်ယောက် အော်ဟစ်အကူအညီတောင်းသံကြားလို့ ကြည့်လိုက်ချိန် တံတားအောက် မြစ်ထဲကို ကားတစ်စီး ထိုးကျလုဆဲဆဲ ဖြစ်နေတာ တွေ့ရပါတယ်။

လီယမ်စတန့်ချ်ဟာ ကားကို မြစ်ထဲ မျောပါမသွားအောင် တံတားနဲ့ ကြိုးသိုင်းချည်ပြီး ကားထဲက ကလေးငယ်ကို ပွေ့ချီကယ်ထုတ်ခဲ့တာပါ။ အဲဒီနောက်မှာ ကလေးငယ်ရဲ့မိခင်ကိုလည်း ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် လီယမ်စတန့်ချ်ကို သူတို့မြို့ခံတွေက သူရဲကောင်းလို့ ချီးကျူးဂုဏ်ပြုနေကြပေမဲ့ သူကတော့ တဒင်္ဂအတွင်း ဖြစ်ပေါ်လာတဲ့ စိတ်ကြောင့် အခုလို လုပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ရုပ်သံမှတ်တမ်းလင့်ခ် –https://www.youtube.com/watch?v=1cqaRtP6_zM&t=90s

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။