ပယောဂဖြစ်ရခြင်းနှင့်လက္ခဏာ/အိပ်မက်များ

Astrology
ပယောဂဖြစ်ရခြင်းနှင့်လက္ခဏာ/အိပ်မက်များ

တစ္ဆေ မြေဘုတ် စုန်း ကဝေ အောက်လမ်းတို့၏
ပြုစားဖမ်းစား အတိုက်ခိုက်ခံရခြင်းအကြောင်းတရားများကိုပြန်လည် အကျဉ်းချုပ်၍ ရေးသားဖေါ်ပြရသော်…..

၁။ ချစ်၍ ပြုစား ဖမ်းစားခံရခြင်း ။
၂။ မုန်း၍ ပြုစား တိုက်ခိုက်ခံရခြင်း ။
၃။ အမြင်ကပ်၍ ပြုစား တိုက်ခိုက်ခံရခြင်း ။
၄။ မနာလို၍ ပြုစား တိုက်ခိုက်ခံရခြင်း ။
၅။ ပြောဆိုနေထိုင်မှား၍ ပြုစား ဖမ်းစား တိုက်ခိုက်ခံရခြင်း ။
၆။ လက်တည့်စမ်း၍ ပြုစား ဖမ်းစားခံရခြင်း ။
၇။ ဘဝဟောင်းမှ ဆက်နွယ်၍ ပြုစား ဖမ်းစားခံရခြင်း ။
၈။ ကံနိမ့် ဂြိုလ်နိမ့် ဇာတာနိမ့်၍ ပြုစား တိုက်ခိုက်ခံရခြင်း ။

(၁)ချစ်၍ပြုစားဖမ်းစားခံရခြင်း ။

ဤသည်မှာ အမျိုးသမီးပျိုများ၌ အဖြစ်များတတ်သည် ။ စွဲလမ်းချစ်ခင်စုံမက်ခြင်းကိုပြသသော်လည်းလစ်လျှူရှုခံရခြင်း ၊ မသိကျိုးကျွံဖြင့် ဥပေက္ခာပြုခံရခြင်းကြောင့်ပြန်လည်ချစ်ခင်ဆုံမက်လာစေရန် ပြုစား ဖမ်းစားခြင်းဖြစ်သည် ။ ဤတွင် ကိုယ်တိုင်သော်၎င်း အခကြေးငွေပေး၍သော်၎င်းပြုလုပ်တတ်ကြလေသည် ။

(၂) မုန်း၍ ပြုစား တိုက်ခိုက်ခံရခြင်း။

ခိုက်ရန်ဒေါသကြောင့် မိသားစုချင်းသော်၎င်း
တစ်ဦးတစ်ယောက်ချင်းသော်၎င်း စကားများရန်ဖြစ်ရာမှ အငြိုးအတေးထား၍ ပြုစားခြင်း တိုက်ခိုက်ခြင်းဖြစ်သည်။ ဤတွင်လည်းကိုယ်တိုင်၎င်း အခကြေးငွေပေး၍သော်၎င်းပြုလုပ်တတ်ကြလေသည်။

(၃) အမြင်ကပ်၍ ပြုစား တိုက်ခိုက်ခံရခြင်း ။

သူတစ်ပါးကိစ္စပြဿနာကိုသော်၎င်း စီပွားရေးသော်၎င်း ၊ အချစ်ရေး အိမ်ထောင်ရေး ကိစ္စများကိုသော်၎င်း ၊ ကြားဝင်ပတ်သက်မိခြင်းကြောင့်
အမြင်ကပ်၍ ပြုစား တိုက်ခိုက် ခံရခြင်းဖြစ်သည် ။
ဤနည်းတွင်လည်းကိုယ်တိုင်သော်၎င်း ၊အခကြေးငွေပေး၍သော်၎င်း ပြုလုပ်တတ်ကြလေသည် ။

(၄) မနာလို၍ ပြုစား တိုက်ခိုက်ခံရခြင်း ။

စည်းပွားရေးမှာသော်၎င်း ၊ လူမှုရေးမှာသော်၎င်း
အချစ်ရေးမှာသော်၎င်း ၊ တစ်ဘက်လူတွေထက်
အမြဲအောင်မြင် သာလွန်နေခြင်းကြောင့် မနာလို၍ ပြုစား တိုက်ခိုက် ခံရခြင်းဖြစ်သည် ။ ဤနည်တွင်လည်းကိုယ်တိုင်သော်၎င်း ၊ အခကြေးငွေပေး၍သော်၎င်း ပြုလုပ်တတ်ကြပြန်သည် ။

(၅) ပြောဆိုနေထိုင်မှား၍ ပြုစားဖမ်းစား တိုက်ခိုက်ခံရခြင်း ။

တောင်ပို့ သစ်ဆိုး မြေဆိုး တောဆိုးတောင်ဆိုး မြစ်အိုင်ချောင်းဆိုး အထိကရများ၌ ကျင်ငယ် ကျင်ကြီးစွန့်မိခြင်း မဖွယ်မရာပြုလုပ်ခြင်းကိုယ်အင်္ဂါနှင့်တိုင်းထွာ ရိုင်းပြဆဲရေးခြင်း၎င်းပညာသည်၏ သစ်ပင် ပန်းမံ သစ်သီးဝလံများကို
အရှင်မသိ ခူးယူဆွတ်ချူခြင်း ခိုးယူခြင်း ဖျက်ဆီးခြင်းနှင့်အိမ်ယာ ခြံမြေ အဝန်းအဝိုင်း၌ကျင်ငယ် ကျင်ကြီးစွန့်မိခြင်း မဖွယ်မရာပြုလုပ်မိခြင်း၊ကိုယ်အင်္ဂါနှင့်တိုင်းထွာ ရိုင်းပြဆဲရေးမိခြင်းတို့ကြောင့်၎င်း ၊ ပြုစား ဖမ်းစား တိုက်ခိုက်ခံရခြင်းဖြစ်သည် ။ ဤနည်းကား ကိုယ်တိုင်ပြုသောနည်းတည်း ။

(၆) လက်တည့်စမ်း၍ ပြုစား ဖမ်းစားခံရခြင်း ။

ဇနပ္ပဒ ဂန္ဓာရီ အောက်မှော်(၉၉)မျိုး အတတ်မှ
တစ်နည်းနည်းကို လိုက်စားကျင့်ကြံနေစဉ်မိမိပညာ၏ အဆင့်ကို၎င်း ၊ ပညာစဉ် အသွားအလာကို၎င်း ၊ သုံးနည်းသုံးဟန် ထိရောက်ပုံနည်းကို၎င်း
သိလို မြင်လို၍ လက်တည့်စမ်းပြုစား ဖမ်းစားခြင်း ဖြစ်သည် ။ ဤနည်း၌လည်း ပညာသည်ကိုယ်တိုင်ပြုစားသောနည်းတည်း ။

(၇) ဘဝဟောင်းမှ ဆက်နွယ်၍ ပြုစား ဖမ်းစားခံရခြင်း ။

ဤသည်ကား သိုက်တို့နှင့်ဆက်နွယ်ခြင်းကများသည် ။ ဘဝဟောင်း ဘုမ္မိယသိုက်တို့နှင့်၎င်းရေနေအနွယ်သိုက် ဘုရားစေတီပုထိုးပျက်သိုက်သိုက်အမျိုးပေါင်း (၁၀၀)ကျော်တို့မှ တစ်ခုခုနှင့်အမျိုးအဆွေတော် ပတ်သက်ခဲ့ပြီး ပြန်ခေါ်လို၍၎င်းအမိအဖ ဆွေမျိုးမောင်နှမတို့ သေလွန်ပြီးသော်အစွဲးအလန်းကြောင့် ဇနပ္ပဒမိစ္ဆာနတ်မျိုး၌ဖြစ်ပြီးသား သမီး လင် မယား မောင်နှမ ဆွေမျိုးတို့၏နီးစပ်ရာ၌ ပြန်လည်တွယ်ကပ်၍ သူ့အလိုသို့ပါစေရန် ပြုစား ဖမ်းစားခြင်း ဖြစ်သည် ။

(၈) ကံနိမ့် ဂြိုလ်နိမ့် ဇာတာနိမ့်၍ ပြုစား တိုက်ခိုက်ခံရခြင်း ။

မိမိ မိသားစု တစ်အိမ်တည်း အမြဲအတူနေ အမိအဖမိမိအဆွေအမျိုး မိမိမောင်နှမတို့အား မလိုလား၍ထိလိုသူထိ ခိုက်လိုသူခိုက် ဟုသတ်မှတ်၍မိသားစုလုံး အတိုက်အခိုက် ဖမ်းစား ပြုစားရာတွင်ကုသိုလ်ကံ နည်းပါးနိမ့်ကျချိန် ဂြိုလ်စီး ဇာတာနိမ့်ချိန်တစ်ဦးတည်းထိ၍ ပြုစား တိုက်ခိုက် ခံရခြင်းဖြစ်သည်။ ဤနည်တွင်ကိုယ်တိုင်သော်၎င်းအခကြေးငွေပေး၍သော်၎င်းပြုလုပ်တတ်ကြသည် ။

{ ပယောဂါတို့၏ သဘောလက္ခဏာများ }

အမြဲတမ်း မှိုင်ခြင်း ၊ ထမင်းကောင်းစွာ မစားခြင်း ၊ စကားကောင်းစွာ မပြောခြင်း ၊ ညနေပိုင်းတွင်ငိုခြင်း ။ အော့အန်နေတတ်ခြင်း ၊ ရေအသောက်များခြင်း ၊ ည ဘက်ချွေးစီးပျံခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ဝမ်းဗိုက်တစ်ဝိုက် မခံမရပ်နိုင်အောင့်ခြင်း – နာခြင်း ၊ သူတပါးမျက်နှာ ရဲရဲ မကြည့်ရဲခြင်း ၊ ခြေလက် ကုပ်ခြင်း၊ ရုန်းခြင်း လူးခြင်း တက်ခြင်း ၊ ပူးခြင်း ၊ ကပ်ခြင်း ၊ ငိုခြင်း ၊ ရယ်ခြင်း တဖျတ်ဖျတ် လူးလိမ့်နေခြင်း ၊ ကိုယ်အမြဲပူခြင်း ၊ ညီးတွားနေတတ်ခြင်း ၊ မျက်လုံးနီမြန်း၍ကြောင်တောင် ကြည့်တတ်ခြင်း

လူစိတ်ပျောက်၍ ပူးကာ ငိုငို ရီရီ ဖြစ်ခြင်း ၊အသားအရေ အလွန်ယားယံခြင်း ၊ ခြေလက်များကို ကြမ်းတမ်းစွာ အမြဲတမ်းပွတ်သပ်နေတတ်ခြင်း
တစ်အိမ်သားလုံး တစ်ယောက်ပြီးတစ်ယောက် ဖျားနာခြင်း ၊ မတော်တဆထိခိုက်မှုများ ဆင့်ကဲ ဖြစ်တတ်ခြင်း ၊ အလုပ်ကိုင်များ ပျက်ယွင်းခြင်း ပြသနာပေါ်တတ်ခြင်း

အလုပ်များက သိသာစွာ ပျက်စီး၍ မအောင်မြင်မှု များသထက်များလာခြင်း
ခြေလက်များ တုံတုံရီရီဖြစ်ခြင်း ၊ မကြာခဏဆိုသလို ကြက်သီးမွေးညှင်းများထခြင်း ၊ တစ်နေရာရာသို့ ငေးမော မှိုင်တွေနေတတ်ခြင်း ၊ ရံဖန်ရံခါ တစ်ယောက်တည်း စကားများပြောနေတတ်ခြင်း ၊

လူသာမာန်တို့ မမြင်ရ / မမြင်အပ်သည်များကို
မကြာခဏ မြင်တွေ့ထိပ်လန့်နေတတ်ခြင်း ၊ လူနှစ်ယောက် မချီ မနိုင်အောင် လေးလံခြင်း ၊ အလိုလိုနေရင်း ပတ်ဝန်းကျင်ကို ထိပ်လန့်တုန်လှုပ်နေခြင်း

ကျင်ကြီးကျင်ငယ် မထိမ်းနိုင်ခြင်း ၊ တအီအီ ငိုနေတတ်ခြင်း ၊ ကိုယ်လက်အင်္ဂါများ အရိုးအဆစ်များ နာကျင်ကိုက်ခဲနေတတ်ခြင်း ၊ ဘာလုပ်လုပ် အစဉ်မပြေဖြစ်နေတတ်ခြင်း ၊ ခွေးသော်၎င်း ကြောင်သော်၎င်း ငှက်သော်၎င်း ၊ ရုတ်တရက်နေအိမ်(သို့)ခြံစည်းရိုး တစ်ခုခုသို့ ဝင်တိုက်၍ ကျthayခြင်း လဲကျthayခြင်း ၊ ခွေးသော်၎င်း ကြောင်သော်၎င်း ငှက်သော်၎င်း ၊ အကောင်းအတိုင်းလာ၍ မိမိခြံ/အိမ်ရောက်မှ ရုတ်တရက် လဲကျthayဆုံးသွားခြင်း ၊ချက်ချင်း စစ်ဆေး ကုသရန်လိုသည် ။

{ ပယောဂါကြောင့် ဖြစ်တတ်သောအိပ်မက်များ }

အိပ်မက်ဆိုးများ ဆက်တိုက်မက်တတ်ခြင်း
ခွေး ကြောင် မြွေတို့မှ ဒေါသဖြင့်ကိုက်ခံရသည်ဟုမြင်မက်ခြင်း ၊ ရေနှစ်ခံရခြင်း ၊ ကမ်းပါးယံမှတွန်းချခံရခြင်းတို့ကို မကြာခဏ အိပ်မက်ခြင်း ၊
ကျွဲမှ လိုက်ခတ်သည်ဟု၎င်း ၊ ကျွဲခတ်ခံရသညမဟု၎င်း မြင်မက်ခြင်း ၊ ခွေးနီ၎င်း ခွေးနက်၎င်း ကိုက်သည်မြင်မက်ခြင်း ၊ အဝတ်နီဝတ်ဆင်၍ ပန်းနီပန်သောသူ၎င်း ၊ အဝတ်အနက်ဝတ်ဆင်သူ၎င်း အိမ်သို့ဝင်ရောက်ပြီး မျက်ထောက်နီနဲ့ကြည့်ခံရခြင်း ဖနောင့်စောင့်ပြခြင်း ၊ တောက်ခတ်ပြခြင်းများ မြင်မက်ခြင်း ၊ နေအိမ်သို့ ခဲလုံးများဖြင့် ပစ်ခံရသည် မက်ခြင်းတို့ဖြစ်လေသည် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။