အလုပ်တွေက ပင်ပန်းပြီး အဆင်မပြေဘူးဆိုသူများအတွက်…

Astrology
အလုပ်တွေက ပင်ပန်းပြီး အဆင်မပြေဘူးဆိုသူများအတွက်…

အလုပ်လုပ်လို့ ပင်ပန်းတာကတော့ မဆန်းပါဘူး။
ကိုယ်ကာယနဲ့ အလုပ်လုပ်တဲ့သူက ခန္ဓာကိုယ်ပင်ပန်းမယ်။
ဦးနှောက်နဲ့အလုပ်လုပ်တဲ့သူက စိတ်ပင်ပန်းမယ်။
ဒါက သဘာဝပါပဲ။

တလောက ညီငယ်တယောက်က ကျနော့်ဆီကို လှမ်းဆက်သွယ်တယ်။
“ဆရာ ကျနော်ဗေဒင်မေးချင်လို့ပါ။ လက်ရှိထိုင်းမှာအလုပ်လုပ်နေတာဆိုတော့ ဆရာဆီ ဥာဏ်ပူဇော်ခဘယ်လိုလွှဲပေးရမှန်းမသိဘူး” တဲ့။

ကျနော်က… “ဗေဒင်တကယ်မေးချင်ရင် ဥာဏ်ပူဇော်ခဘယ်လိုလွှဲပေးရမယ်ဆိုတာ လမ်းညွှန်နိုင်ပါတယ်။ ဘာမေးချင်လို့လဲ… ” ဆိုတော့… သူက…
“ထိုင်းမလာခင်က ပွဲစားက ရုံးလုပ်ငန်းလုပ်ရမှာ… မင်းပညာအရည်အချင်းနဲ့ဆို ဘောပဲန်လေးတချောင်းနဲ့ ထိုင်နေရုံပဲ။ ရုံးမှာ မြန်မာတွေကအများကြီးဆိုတော့ ထိုင်းစကားမတတ်ရင်တောင်ကိစ္စမရှိဘူး…လို့အဆွယ်ကောင်းတာနဲ့ ကျနော်လည်းလာခဲ့တာပဲ။ ဒီရောက်တော့ အဆောက်အဦးလုပ်ငန်းထဲအသွင်းခံရတယ်။ အလုပ်ရှင်ကလည်း မြန်မာဆို အရမ်းနှိမ်ချင်တာပဲ။ ကျနော်ဘယ်လောက်လုပ်ပေးပေး အကောင်းမမြင်သလို… ပေးတဲ့လစာကလည်းအရမ်းနည်းလွန်းတယ်။ ပင်ပန်းတာကလည်း တအားပဲ။

နေရထိုင်ရတာကလည်းအဆင်မပြေဘူး။ ခုဆရာ့ဆီဥာဏ်ပူဇော်ခလွှဲပေးဖို့တောင် ကျနော်မနည်းကြီးစုထားရတာ… ပြောချင်တာကတော့ဆရာရယ်… ပင်ပန်းပြီး ဘာအကျိုးခံစားခွင့်မှမရှိတဲ့အလုပ်တွေကို စိတ်ကုန်လှပြီ။ အဲ့ဒါကျနော့်ကံမှာ ဘယ်လိုတွေရှိနေသလဲဆိုတာနဲ့။ ကျနော်ဘာလုပ်သင့်သလဲဆိုတာကို ဆရာ့ဆီကအကြံဥာဏ်လိုချင်လို့ပါ။”

ကျနော် သူ့ကံကိုတွက်ချက်ကြည့်တယ်။ လက်ရှိကာလက ပင်ပန်းဆင်းရဲတဲ့ကာလဆိုတော့ သူပြောနေတာတွေက မဆန်းလှပါဘူး။ ဒါပေမယ့် ရှေ့ရေးကိုကျနော်ခန့်မှန်းမိတာကိုပဲ ကျနော်ပြောပြလိုက်တယ်။

“ကံ*ဆိုး*သလိုခံစားနေရလို့ ဗေဒင်လာတွက်ပါတယ်ဆိုမှ ကံ*ဆိုး*ကာ*လရဲ့အကြောင်းတွေကိုပြောပြပြီး စိတ်ဒုက္ခမပေးချင်တော့ပါဘူး။ ဒီတော့ ငါ့ညီကို အစ်ကိုနားလည်သလိုပဲပြောပြမယ်။ နောက်လာမယ့် ၅ လကျော်ရင် ဒီလောက်မခက်ခဲတော့ပါဘူး။ အခုကာလခက်ခဲနေတာတွေကိုတော့ ခဏသည်းခံလိုက်ပါဦး… အရေးကြီးတာက ကိုယ်ဟာဘယ်အခြေအနေပဲရောက်နေပါစေ… ဘာသာတရားလေးတော့မမေ့စေနဲ့ကွ၊ လူတွေက အခက်အခဲတွေနဲ့ရင်ဆိုင်ရပြီဆိုရင် အတွင်းစိတ်တွေကပေါ်လာလေ့ရှိတယ်။ သည်းမခံချင်တော့ဘူး။ ဖြစ်သလိုတွေနေချင်လာတတ်တယ်။ အ*ဆိုး*ဆုံးကဘာသာတရားမေ့တာပဲ… ဒီထက်ဆိုးသွားရင် ဘုရားကိုပါ အယုံအကြည်မဲ့သွားတတ်ကြတယ်။

ဒီတော့ မပစ်မှားအပ်တာကိုပစ်မှားမိတာမျိုးတွေပါဖြစ်လာပြီး နောက်ဆုံး အဲ့ဒီအ*ကုသိုလ်တွေက လွမ်းမိုးကုန်တာပဲ။ ဒီလိုတွေဖြစ်လာရင် ကိုယ့်ကိုယ်ကို သနချေပစ်ရတယ်ကွ။ နားလည်အောင်ရိုးရိုးပဲပြောရရင်တော့ကွာ… ညစ်နေတဲ့အဝတ်ကို ဆပ်ပြာနဲ့လျှော်ဖွပ်လိုက်သလို ကိုယ့်ကိုယ်ကို သန့်ရှင်းအောင်လုပ်ပစ်တာမျိုးကိုပြောချင်တာ… ဒါမှ မကောင်းတဲ့ အ*ကုသိုလ်ကံတွေဟာ ပျောက်ကွယ်ပြီး အကျိုးပေးတဲ့ကံတွေကိုဖြစ်လာစေတယ်။

ဒီတော့ ၅ လလောက်တော့ သည်းခံကွာ… ဒီကြားထဲ နေရထိုင်ရနည်းနည်းသက်သာအောင် နေနည်းထိုင်နည်းလေးပြောပြပေးမယ်။
မနက်မိုးလင်းတိုင်း ဘာအစားအစာမှမစားခင်… ရေသန့်သန့်တခွက်ခပ်။ မြောက်အရပ်ကိုမျက်နှာမူ၊ ရေခွက်နား ပါးစပ်တေ့ပြီး…

ဣတိသောမ ပဌာနံ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
ဣတိသောမ ပဌာနံ ဓမ်မံ သရဏံ ဂစ်ဆာမိ
ဣတိသောမ ပဌာနံ သံဃံ သရဏံ ဂစ်ဆာမိ

လို့ ၂၇ ခေါက်ရအောင်ရွတ်ပေး။ ပြီးတာနဲ့ အဲ့ဒီရေကိုသောက်ချလိုက်… ပြီးမှတနေ့တာအလုပ်တွေကိုလုပ်။ ညရောက်တာနဲ့ အဲ့ဒါကို ပုတီးရှိရင်စိတ်ပေး။ မရှိရင်လည်း နှုတ်ကတဖွဖွနဲ့ ရတတ်သလောက်ရွတ်ပေး… ဒါဟာ ငါ့ညီအတွက်အကောင်းဆုံးနည်းလမ်းပဲ…

ကျနော်က ခုလိုပြောပြလိုက်တော့ သူကလွယ်လွယ်လေးဆိုပြီး ဝမ်းသာနေပါတယ်။ တကယ်က ဒါလေးပြောနိုင်ဖို့ကို ပညာခွင်အရ ကျနော်အများကြီးတွေးလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ်… ဒီနည်းလမ်းက စပြီးအကျိုးထူးနေပါပြီ။ သူပြောပြတာက အလုပ်ပြုတ်သွားတယ်တဲ့… ကျနော်ပြုံးလိုက်တယ်။ စိတ်ထဲကနေ နိမိတ်တော့လာပြီလို့တွေးလိုက်မိတယ်။ သူကဆက်ပြောတယ်။ အလုပ်ပြုတ်စက ဆရာ့ကိုတောင် ပစ်မှားမိတော့မလိုဖြစ်သွားသေးတယ်။ ဒါလုပ်မှအလုပ်ပြုတ်ရတယ်ဆိုတော့လေ… ဒါပေမယ့် ဆရာဟောတုန်းက အ*ဆိုးတွေဟောပြီး စိတ်ဒုက္ခမပေးချင်ဘူးဆိုတဲ့စကားကြောင့် ဆရာကဒီဟာကို ကြိုမြင်လို့များလားတွေးမိပြီး ဘာပဲဖြစ်ဖြစ် ၅ လကျော်ရင်ကောင်းမှာပဲ… ဆရာခိုင်းသလိုဆက်လုပ်ရမယ်လို့ ဆုံးဖြတ်ပြီးလုပ်လိုက်တာ အခုတော့ အလုပ်သစ်ရပါပြီ…

ပထမအလုပ်ထက်တော့သက်သာပါတယ်။ လစာလည်းမဆိုးဘူးလို့ပြောရမယ်။ ခက်တော့ခက်ခဲသေးတာပေါ့ဆရာရယ်။ ဒါပေမယ့် ပထမအလုပ်ထက် အများကြီးအဆင်ပြေပါတယ်။ ဆရာပြောသလို ၅ လပြည့်ရင်တော့ ထူးမထူးပြန်ပြောပေးပါဦးမယ်…တဲ့လေ… သူ့ကံရဲ့ခန့်မှန်းချက် ၅ လပြည့်ဖို့က 2024 … မေလကျော်မှဗျ.. အခုတော့လိုပါသေးတယ်။ ကျနော့်ခန့်မှန်းချက်မှန်ရင်တော့ သ*တင်း*ကောင်းကြားရမှာပေါ့။ သ*တင်း*ကောင်းကြားရမယ်လို့လည်း ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမအခက်အခဲရဲ့နိမိတ်ကို သူကျော်နိုင်ခဲ့လို့ပါ။ သူ့အတွက် ကောင်းမွန်တဲ့ရှေ့*ရေးတွေကစောင့်ကြိုနေမှာသေချာပါတယ်။

credit to #သုတဆန်း

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။