မကြာခင်မှာသူမကိုယ်ပိုင် ရတနာဆိုင်ကြီးဖွင့်လှစ်သွားတော့မဲ့ မြတ်သူသူ

Celebrity Local News
မကြာခင်မှာသူမကိုယ်ပိုင် ရတနာဆိုင်ကြီးဖွင့်လှစ်သွားတော့မဲ့ မြတ်သူသူ

မင်းသမီးချောလေး မြတ်သူသူက အနုပညာနယ်ပယ်မှာ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် အချိန်အတိုအတွင်း အောင်မြင်မှုတွေရရှိခဲ့ပြီဖြစ်ပါတယ်။ သူမဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရဲ့ အားပေးချစ်ခင်မှုတွေရရှိခဲ့တာဖြစ်ပါတယ် ။ လက်ရှိမှာလည်း အနုပညာအလုပ်ကို အကောင်းဆုံးကြိုးစားလုပ်ဆောင်ပြီး ပရိသတ်ရဲ့ အချစ်တွေနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

မြတ်သူသူ ဟာ အသက်ငယ်ရွယ်သူ တစ်ယောက်ဖြစ်ပေမယ့် ဘာသာတရားကိုလည်း ကိုင်းရှိုင်းသူဖြစ်ပြီး မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သူလေးပါ။ ဒါ့အပြင် မကြာခဏဆိုရင်လည်း အခြားလှူတန်းမှုတွေနဲ့အတူ ကြည်နူးစရာကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ခဲ့တာ တွေ့ ရပါတယ်။ ဒီကနေ့မှာတော့ မြတ်သူသူက သူမရည်မှန်းထားတဲ့ ဆန္ဒလေးတစ်ခု ပြည့်တော့မှာဖြစ်လို့ ပရိသတ်ထပ်တူ ကြည်နူးမိအောင် ဖွင့်ဟပြလာခဲ့ပါတယ်။

ယခုအခါမှာတော့ မြတ်သူသူက သူမတို့ ဇနီးမောင်နှံလုပ်ကိုင်မယ့် အလုပ်နဲ့ ပက်သက်ပီး ပရိသတ်ကို ချပြလာခဲ့ ပါတယ် … မြတ်သူသူက”Htet Myat Yadanar- ထက်မြတ်ရတနာ အရာအားလုံး ကိုယ့်လက်ကိုယ့်ခြေနဲ့ အစပြုရတော့ တော်တော်ပင်ပန်းပါတယ် ဒါပေမယ့် တနေ့စီတိုင်းအဓိပ္ပာယ်ရှိလာလို့လည်း ပိုကျေနပ်မိတယ် အမောပြေလေးက ချစ်တဲ့သူတွေအတွက်ဆိုတဲ့ အသိလေးပါပဲ ချစ်သောသူများရဲ့ ချစ်ခင်အားပေးမှုတွေလည်း အများကြီးလိုအပ်တာမို့ မျှော်လင့်မိပါတယ်ရှင် လို့” ဆိုပီး သူမလည်း ရတနာဆိုင်ဖွင့်ဖို့ လုပ်နေတယ်ဆိုတဲ့ အကြောင်းကို ပရိသတ်ကို အသိပေးလာတာပဲဖြစ်ပါတယ်.။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။