ပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာHeat Stroke ကိုသတိထား

Health Knowledge
ပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာHeat Stroke ကိုသတိထား

အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့် ခန္ဓာကိုယ် သွေးကြောထဲကိုရောက်ရှိသွားပြီး အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့

နေပူထဲက နေ အအေးထဲကိုရုတ်ချည်း၀င်ရောက်ခြင်း/ရေအေးသောက်ခြင်း/ရေချိုးခြင်း/အအေးခန်းတွင်းကနေ ရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့

Heat Stroke ဖြစ်ပြီဆိုရင် အပူအအေး ရုတ်ချည်းပြောင်းလဲတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့ ကျယ်တဲ့ဒဏ်/အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့် သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကို
မခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီးသွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေဖြစ်နိုင်ပါတယ်တဲ့

အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီး မာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့် အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့

အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ သွေးတိုးရောဂါသမားတွေ အထူးသတိထားသင့်ပါတယ်တဲ့ လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် HeatStroke ဖြစ်ပြီဆို သတိလစ်တာ/အဖျားကြီးပြီးတက်တာ ဖျားပြီးဦးနှောက်အမြေးရောင်တာ အူတွင်းသွေးကြောတွေ ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့
Heat Stroke မဖြစ်အောင် ဒါတွေကို ရှောင်ရပါမယ်တဲ့ .

(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့် မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်း အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်

(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင် သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ
(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ ရေခဲရေမသောက်ပါနှင့်

(၄)အဲကွန်းကားစီးပြီး နေပူရှိန်ပြင်းသော နေရာတွင်ဆင်းရမည်ဆိုလျင် မဆင်းမီက ကြိုတင်ရေသောက်ထားပါ အစာအိမ်အတွင်းရေရှိလျင် သွေးကြောများက ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကိုခံနိုင်ရည်ရှိသည်

(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်း ရေမချိုးပါနှင့် မျက်နှာမသစ်ပါနှင့် ခြေထောက်မဆေးပါနှင့်

(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီးပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာ အရက်သေစာမသောက်စားသင့်ပါ

(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက် ကျင့်သုံးသင့်ပါတယ်တဲ့

ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာအပြင်းထန်ဆုံးအပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း မိုးလေ၀သပညာရှင်တွေကခန့်မှန်းထားကြသလိုပဲ ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်တိုက်ကြုံတွေ့နေကြရပါပြီ

အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး အသက်အန္ဒရာယ်ကိုပါ ထိခိုက်နိုင်တာကြောင့် လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို
ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့ မလုံ
လောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင် သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း နိုးဆော်တင်ပြလိုက်ပါတယ်

#Creditမူရင်းရေးသားသူ

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။