နှစ်သစ်မှာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်အောင် ပုံလေးတွေဝေမျှလာတဲ့ မိုးဟေကို

Celebrity Local News
နှစ်သစ်မှာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်အောင် ပုံလေးတွေဝေမျှလာတဲ့ မိုးဟေကို

အမိုက်စားဘော်ဒီနဲ့ တစ်နေ့တခြား ပိုပိုလှလာတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုနုပျိုလှပလွန်းတဲ့ မိုးဟေကို ကတော့ ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ သဘောကျအားပေးကြတဲ့ မင်းသမီးချောလေးပါ ။

ပရိသတ်က ချစ်စနိုးခေါ်ကြတဲ့ မိုးကတော့ ကျော့ရှင်းလှပတဲ့ ပင်ကိုယ်အလှတရား ရှိသူလေး ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ကာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် ဝတ်စား ဆင်ယင်တတ် တာကြောင့် ပုရိသတွေရဲ့ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာ ပဲဖြစ်ပါတယ်။ကျန်းမာရေးလည်း လိုက်စားတတ်တဲ့ မိုးဟာ ဆယ်ကျော်သက်လေးတွေလို အမြဲနုပျိုလန်းဆန်း နေတာ လည်းတွေ့ ရပါတယ်။

‘မိုး’ ရုပ်ရှင်ထုတ် လုပ်ရေးကို ဦးဆောင်နေသူ အနုပညာရှင်ပြည်သူ့အချစ်တော် မိုးဟေကိုက လက်ရှိမှာ အနုပညာ လှုပ်ရှားမှုများမှာ ကြော်ငြာများရိုက်ကူးရေးစတင် နေပြီဖြစ်ပြီးသူမက “ချစ်ပရိသတ်ကြီးရှင့်…
၂၀၂၄ နှစ်သစ်မှာ ချစ်ပရိသတ်တွေအားလုံး အစစအရာရာ ပိုမိုကောင်းမွန်ပြီး ပျော်ရွှင်ရတဲ့ နှစ်တစ်နှစ်ဖြစ်ကြပါစေလို့ မိုးက ဆုတောင်းပေးလိုက်ပါတယ်ရှင်။ မကြာမကြာ မိုးက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်အောင် Social Media မှာလည်း တင်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။
ချစ်တဲ့
မိုး ” ဆိုပြီးမျှဝေလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။