ရုပ်သံလိုင်းတိုက်ခိုက်ခံရမှုအပြီးမှာ လူဆိုးဂိုဏ်းတွေကို နှိမ်နင်းမယ်လို့ အီကွေဒေါပြော

International News
ရုပ်သံလိုင်းတိုက်ခိုက်ခံရမှုအပြီးမှာ လူဆိုးဂိုဏ်းတွေကို နှိမ်နင်းမယ်လို့ အီကွေဒေါပြော

စီးနင်းမှု အစောပိုင်း အခြေအနေဟာ ရုပ်သံထုတ်လွှင့်မှုမှာ ပါဝင်သွားခဲ့ပါတယ်

အီကွေဒေါနိုင်ငံမှာ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်နေတဲ့ စတူရီယိုတစ်ခုထဲကို မျက်နှာဖုံးစွပ် thayနတ်သမားတွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဝန်ထမ်းတွေ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုကို မဖြုတ်ချခင်အထိ ဂွါယာကီးမြို့က အများပိုင်ရုပ်သံလိုင်း TC ရဲ့ ဝန်ထမ်းတွေဟာ ကြမ်းပြင်မှာ ဝမ်းလျားမှောက်ဖို့ စေခိုင်းခံခဲ့ရတာကိုလည်းတွေ့ရပါတယ်။

ရဲတပ်ဖွဲ့ကတော့ thayနတ်သမားတွေဟာ နောက်ပိုင်းမှာ ဝန်ထမ်းတွေ အားလုံးကို လွှတ်ပေးခဲ့ပြီး လူ ၁၃ ဦးနဲ့ thayနတ်သမားတွေကိုင်ဆောင်တဲ့ lat natတွေကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

တနင်္လာနေ့ကတည်းက ရက်ပေါင်း ၆၀ အရေးပေါ် အခြေအနေကြေညာထားတဲ့ အီကွေဒေါနိုင်ငံမှာ အခုဆိုရင် thayဆုံးသူ ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦး သူ့ကို ထိန်းသိမ်းထားတဲ့အကျဥ်းထောင်ထဲကနေ လွတ်သွားပြီးတဲ့နောက်မှာ အရေးပေါ် အခြေအနေ ကြေညာထားတာဖြစ်ပါတယ်။ ဖီတိုလို့ လူသိများတဲ့ လော့စ် ချွန်နေးရော့စ်လူဆိုးဂိုဏ်းအဖွဲ့ ခေါင်းဆောင် အဒေါ်ဖို မာစီယက် ဗီလမား လွတ်မြောက်သွားတဲ့ထောင်နဲ့ thayနတ်သမားတွေစီးနင်းတဲ့ရုပ်သံလိုင်းဟာ တစ်မြို့တည်းမှာရှိတာဖြစ်ပေမဲ့ အခုဖြစ်ရပ် ၂ ခုဆက်စပ်မှုရှိလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အီကွေဒေါ အိမ်နီးချင်း ပီရူးနိုင်ငံမှာတော့ မတည်မငြိမ်ဖြစ်မှုကြောင့်ဖြစ်လာနိုင်ခြေရှိတဲ့နယ်စပ်ဖြတ်ကျော်မှုတွေကို ဟန့်တားနိုင်ဖို့ နှစ်နိုင်ငံနယ်စပ်မှာ ရဲတပ်ဖွဲ့ကို ချက်ချင်း ဖြန့်ကြက်ချထားလိုက်ပြီဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အီကွေဒေါမှာဖြစ်နေတဲ့ အခုလို ‘‘ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုတွေ’’ ကို ရှုတ်ချထားပြီး အီကွေဒေါအစိုးရကို ‘‘အကူအညီအသင့်ပေးဖို့’’ ရပ်တည်နေသလို အီကွေဒေါသမ္မတ ဒန်နီယယ် နိုဘာနဲ့ ‘‘နီးနီးကပ်ကပ်ညှိနှိုင်းဆောင်ရွက်နေတယ်’’ လို့ ပြောထားပါတယ်။

အီကွေဒေါဟာ ကမ္ဘာမှာ ငှက်ပျောသီးတင်ပို့တဲ့ထိပ်တန်းနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်သလို ရေနံ၊ ကော်ဖီ၊ ကိုကာ၊ ပုဇွန်နဲ့ ငါးထုတ်ကုန်တွေကိုလည်း တင်ပို့ပါတယ်။ အန်ဒီးစ်တောင်တန်းတွေပေါ်မှာရှိတဲ့ အီကွေဒေါဟာ နိုင်ငံ့အကျဥ်းထောင်တွေထဲမှာရော၊ ထောင်တွေရဲ့ပြင်ပမှာပါဖြစ်တဲ့ အကြိမ်းဖက်မှုတွေဟာ အမေရိကန်နဲ့ ဥရောပကိုသွားတဲ့ ကိုကင်းလမ်းကြောင်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းရာကနေ မူးယစ်ဆေးဂိုဏ်းတွေကြားဖြစ်ပွားတဲ့တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်နေပါတယ်။

အင်္ဂါနေ့တုန်းကဖြစ်တဲ့ ရုပ်သံထုတ်လွှင့်ရုံတိုက်ခိုက်ခံရမှုမှာ thayနတ်သမားတစ်ယောက်ဟာ ကျည်မပြတ်ထိုးနိုင်တဲ့ပြောင်းချောthayနတ်နဲ့ ဖမ်းထားသူတစ်ဦးရဲ့ ‌ခေါင်းကို ချိန်ထားခဲ့ပြီး အဲဒီဖမ်းထားသူဟာ နောက်ထပ်ဆုံလည်thayနတ်တစ်လက်နဲ့လည်း တစ်ချိန်တည်းမှာ ချိန်ရွယ်ခံခဲ့ရတယ်လို့ အေအက်ဖ်ပီ သတင်းမှာဖော်ပြပါတယ်။

စီးနင်းမှုအပြီး ရုပ်သံထုတ်လွှင့်ရုံဝန်းအတွင်းမှာ မြင်ရတဲ့ အီကွေဒေါ စစ်သားတွေ

ရုပ်သံထုတ်လွှင့်ရုံထဲ ကျူးကျော်ခဲ့တဲ့သူတွေကို ဖမ်းဆီးမိတဲ့အခြေအနေ

‘‘ခင်ဗျားက စစ်ပွဲကြေညာလိုက်ပြီ။ စစ်ပွဲ ဖြစ်လာရမယ်’’ လို့ အဲဒီအရာရှိက အသံထွက် ဖတ်ပြပါတယ်။ ‘‘နိုင်ငံကို အရေးပေါ် အခြေအနေကြေညာလိုက်ပြီဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ပြန်ကြေညာပါမယ်။ ရဲတွေ၊ အရပ်သားတွေနဲ့ စစ်သားတွေဟာ စစ်ပွဲမှာ ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေမယ်’’ လို့ ပြောပါတယ်။

ကွေတိုမှာတော့ လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် အစိုးရခြံဝင်းအတွင်းပိုင်းကနေ ရွှေ့ပြောင်းဖို့ ရဲတပ်ဖွဲ့က အမိန့်ချထားပါတယ်။

ကွေတိုဒေသခံတွေကတော့ ရုပ်သံလွှင့်ရုံ စီးနင်းခံရမှု သတင်းထွက်ကတည်းက မြို့တွင်းမှာ ကသောင်းကနင်းဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

‘‘မြို့တွင်းမှာ အကုန်လုံးက ခြောက်ခြားနေကြပြီ’’ လို့ မာရီယို ယူရီနာက ပြောပြီး ‘‘အလုပ်မှာတော့ လူတွေက စောစောအလုပ်ဆင်းကုန်ကြပြီ။ လူတွေအားလုံးဟာ ထွက်ခွာနေကြပြီ။ ယာဥ်ကြောတွေ ပိတ်ဆို့ပြီး အချက်ပေးသံတွေလည်း နေရာတိုင်း ပျံ့နှံ့နေတယ်။ ကသောင်းကနင်းဖြစ်ကုန်ပြီ’’

ကွမ်ခါမြို့မှာလည်း မြို့ခံတွေဟာ ရုပ်သံထုတ်လွင့်ရုံ စီးနင်းခံရတာကို မြင်ပြီး ထိတ်လန့်နေကြပါတယ်။

‘‘အီကွေဒေါမှာ ရုပ်သံလိုင်းတစ်ခုကို ဒီလိုစီးနင်းပြီး ပစ်တာခတ်တာတွေ၊ ပြန်ပေးဆွဲတာတွေကို ထုတ်လွှင့်တဲ့ဒီလိုမြင်ကွင်းမျိုး တခါမှ မမြင်ဖူးဘူး’’ လို့ ဖရန်စ္စကို ရိုဆာက ပြောပါတယ်။

‘‘ဒီတော့ ကျွန်မတို့ ဘယ်လို လုံခြုံရေးအခြေအနေမျိုး ကြုံနေရလဲ’’၊ ‘‘ရုပ်သံထုတ်လွှင့်ရုံတစ်ခုက ဒီလိုဓားပြမှုမျိုးကြုံရတာ၊ ဒီလိုမလုံခြုံမှုမျိုးကို စားသောက်ဆိုင်တစ်ဆိုင်ဆိုင် ဒါမှမဟုတ် ဆိုင်တစ်ဆိုင်မှာ ဖြစ်ရင် ဘယ်လိုနေမလဲ’’

ကွေတိုမှာ လုံခြုံရေးယူနေတဲ့ အီကွေဒေါ စစ်တပ် တပ်ဖွဲ့ဝင်တွေ

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အီကွေဒေါနိုင်ငံရဲ့အကျဥ်းထောင်တွေဟာ ထောင်ကျနေတဲ့ပြိုင်ဘက် လူဆိုးဂိုဏ်းတွေကြားမှာ အကြမ်းဖက်ရန်စောင်မှုတွေနဲ့ပြည့်နေပြီး တခါတစ်ရံမှာ အကျဥ်းသားတွေကြား တစ်ဦးမက thayဆုံးတဲ့thetဖြတ်မှုတွေလည်း ရှိပါတယ်။

ချွန်နေးရော့စ်လူဆိုးဂိုဏ်းအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အီကွေ‌ဒေါထောင်တွေမှာဖြစ်ပွားတဲ့ လူthayဆုံးမှုရှိတဲ့ အကျဥ်းထောင်တွင်းဆူပူမှုတွေနဲ့ ရန်ဖြစ်မှုတွေနောက်ကွယ်မှာရှိတဲ့ ထောင်တွင်း လူဆိုးဂိုဏ်းတစ်ခုဖြစ်ပါတယ်။

ဖီတိုဟာ စီစဥ်ထားတဲ့ထောင်ပြောင်းရွှေ့မှုမတိုင်ခင် နာရီပိုင်းအကြာမှာပဲ ဝရမ်းပြေး ပြေးခဲ့တယ်လို့ ယူဆရပါတယ်။ သူလွတ်မြောက်အောင် ကူညီတယ်ဆိုတဲ့သံသယနဲ့ အကျဥ်းထောင်လုံခြုံရေးအစောင့် ၂ ဦးလည်း ထိန်းသိမ်းခံရပါတယ်။

သူ့လွတ်မြောက်မှုဟာ သမ္မတလောင်းနဲ့ သတင်းထောက်ဖြစ်သူ ဖာနန်ဒို ဗီဆာဗီစန့်စီယို လုပ်ကြံ သတ်ဖြတ်ခံရမှုကြောင့် အရိပ်မည်းထိုးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတ နိုဘာအစိုးရအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။

ဗီဆာဗီစန့်စီယိုဟာ ကွေတိုမြို့က လူထုစုဝေးပွဲ မဲဆွယ်မှုတစ်ခုကနေ ထွက်ခွါနေတုန်း thayနတ်ပစ်ခံရမှုမဖြစ်ခင် ရက်ပိုင်းအလိုတုန်းက ဖီတိုဆီကနေ ခြိမ်းခြောက်မှုရရှိခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။