မျက်စိစွန်တတ်သူများအတွက် အစွမ်းထက်ဆေးနည်းများ

Health Knowledge
မျက်စိစွန်တတ်သူများအတွက် အစွမ်းထက်ဆေးနည်းများ

မျက်စိစွန်ခြင်းဆိုတာက မျက်ခမ်း၊ မျက်ခုံးပေါ်မှာပေါက်ရောက်တတ်တဲ့ အနာအဖုလေးကို ပြောတာပါ။ တနည်းအားဖြင့် မျက်ခမ်း/ မျက်ခုံးစွံတာကို ဆိုလိုပါတယ်။

သူ့ကို ပွတ်တိုက်မိလို့ဖြစ်စေ..လက်သည်းဖြင့်ထိုးဆွ ကုတ်ဖဲ့မိလို့ဖြစ်စေ ညှော်ဝင်ပြီး နီမြန်းရောင်ရမ်း ကြီးထွားလာတတ်ပါတယ်။ အကယ်၍ ဒီလိုအနာအဖုလေး ထွက်ပေါ်လာပါက မိမိအနေဖြင့် ပိုမိုကြီးထွား ဆိုးရွားမလာစေဖို့အတွက် ကြိုတင်ကာကွယ်ကုသလို့ရသည့် နည်းလမ်းများလည်း ရှိပါတယ်။

(၁)ကြက်သွန်နီဥကို ကြိတ်ပါ။ ရရှိလာသော အနှစ်ဖြင့် အနာအဖုလေးပေါ်သို့ ပွတ်တိုက်ပေးပါ၊ ဖိအုံပေးထားပါ။

(၂)ကြက်သွန်ဖြူဥကိုလည်း ထိုနည်းတူစွာ ကြိတ်ပါ။ ရရှိလာသောအနှစ်ဖြင့် အနာအဖုလေးပေါ်သို့ ပွတ်တိုက်ပေးပါ။ ဖိအုံပေးထားပါ။

(၃)ပျားရည်စစ်စစ်ဖြင့် ပွတ်တိုက်ပေးပါ။

(၄)အိမ်သုံးဆား သန့်သန့်ကို ရေဖျော်ပြီး ၎င်းဆားရည်ဖြင့် တစ်နေ့ ၄ ကြိမ် ပွတ်တိုက်ဆွတ်ဖျန်းပေးပါ။

(၅)သံလွင်ဆီ ရှိပါက ၎င်းဆီဖြင့် သုတ်လိမ်းပေးပါ။

(၆)လဘ္ဘက်စိမ်းကို ကျိုချက်၍ သောက်သုံးပေးခြင်းဖြင့်လည်း လျင်မြန်ပျောက်ကင်းသက်သာစေပါသည်။

Credit–ဘဝခါးခါး

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။