အလုပ်မှာ ပြန်လည်တက်ကြွမှုရှိလာအောင် ဘယ်လိုလုပ်မလဲ

Health Knowledge
အလုပ်မှာ ပြန်လည်တက်ကြွမှုရှိလာအောင် ဘယ်လိုလုပ်မလဲ

သင်ဟာ ကိုယ့်လုပ်ငန်းကိုယ်လုပ်ဆောင်နေသူဆိုရင် အလုပ်လုပ်တဲ့နေ့ရက်တိုင်းရဲ့ အချိန်တိုင်းမှာ တက်ကြွမှုရှိနေစေဖို့ ခက်ခဲနိုင်ပါတယ်။ တက်ကြွမှု ကင်းမဲ့လာခြင်းဟာ အလုပ်စားပွဲမှာ အလုပ်တွေ ပုံထပ်လာခြင်း၊ အိပ်ရေးမဝခြင်း၊ ပျင်းရိငြီးငွေ့ခြင်း၊ ရည်မှန်းချက်မပြတ်သားခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်နေ့ထက်တစ်နေ့၊ တစ်ချိန်ထက်တစ်ချိန် လုပ်ဆောင်နိုင်စွမ်းအားတွေဟာ လျော့နည်းလာမှာပါ။ သင့်ရဲ့ တစ်နေ့တာကို ပြန်လည်တက်ကြွမှုတွေရရှိလာဖို့ ဒီအချက်လေးတွေကို ကြိုးစားစမ်းသပ်ကြည့်လိုက်ပါ။

၁။ အလုပ်စားပွဲကနေ ထွက်လာပါ

တစ်နေ့ထက်တစ်နေ့ တစ်နေရာတည်းမှာပဲ ထိုင်နေတဲ့အခါ ပျင်းရိငြီးငွေ့ခြင်းကို ခံစားရတတ်ပါတယ်။ အလုပ်စားပွဲကို ပြန်လည်နေရာချခြင်း ဒါမှမဟုတ်ရင်လည်း ကော်ဖီဆိုင် ဒါမှမဟုတ် စာကြည့်တိုက်တို့လို အပြင်တစ်နေရာရာကို သယ်ဆောင်သွားလို့ ရနိုင်တဲ့ လုပ်ငန်းတာဝန် တစ်ခုခုကို လုပ်ဆောင်ပါ။

၂။ အလုပ်နေရာကို သန့်ရှင်းပါ

အစီအစဉ်တကျမရှိ ရှုပ်ထွေးပြီး ညစ်ပတ်နေတဲ့ အလုပ်နေရာဟာ သင့်အတွက် ဘာကိုမှ ယူဆောင်လာပေး နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ရုံးခန်းနေရာကို သန့်ရှင်းခြင်း၊ အစီစဉ်တကျဖြစ်အောင် ပြုလုပ်ခြင်း၊ လှပအောင် ပြင်ဆင်ခြင်းတို့မှာ အနည်းငယ် အချိန်ယူပြီး အားထုတ်ဆောင်ရွက်လိုက်ပါ။ သင့်ရဲ့ နိုးထနေတဲ့ အချိန် အများစုကို ဒီအလုပ်ခွင်မှာ သုံးစွဲရတတ်တဲ့အတွက် ဒီနေရာဟာ သာယာကြည်နူးဖွယ် ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

၃။ ရည်မှန်းချက်ပန်းတိုင်တွေကို ပြန်လည်ဆန်းစစ်၍ ချမှတ်ပါ

ဒီအလုပ်တစ်မျိုးတည်းကိုသာ အချိန်တွေအကြာကြီး လုပ်နေခဲ့တယ်ဆိုရင်တော့ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြန်လည်ချမှတ်ဖို့ လိုအပ်နိုင်ပါတယ်။ လစဉ်ဆောင်ရွက်ပြီးစီးရမယ့် ပန်းတိုင်တွေ၊ နှစ်စဉ် ပြီးစီးရမယ့် ပန်းတိုင်တွေ စသဖြင့် ချမှတ်ပါ။ လုပ်ငန်းနဲ့ သင့်ရဲ့ကိုယ်ပိုင်ဘဝအတွက် တွေးဆကြည့်တဲ့ အရာအားလုံးကို ချရေးထားပါ။ သင့်စိတ်ဓာတ်ကို တက်ကြွစေအောင် လှုံ့ဆော်ပေးနိုင်မယ့် ရုပ်ပုံလေးတွေကို ကတ်ပြားတစ်ခုမှာ ကပ်ပြီး မြင်သာအောင် ချိတ်ဆွဲထားပါ။ ဒီလိုဆိုရင် နေ့စဉ်လုပ်ငန်းတာဝန်တွေနဲ့ ပျင်းရိငြီးငွေ့လာတဲ့အခါ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အလွယ်တကူ မျက်စိရှေ့မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

၄။ ဦးစားပေးလုပ်ဆောင်ရမည့် စာရင်းတစ်ခု ပြုလုပ်ပါ

နေ့စဉ် သို့မဟုတ် အပတ်စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ချမှတ်ပြီး မြင်နိုင်မယ့် နေရာမှာ ထားထားပါ။ တာဝန်တစ်ခု ပြီးမြောက်တိုင်းမှာ ဆုချခြင်းကို ဆောင်ရွက်ပါ။ နေ့စဉ်နေ့တိုင်း ဘယ်လို လုပ်ငန်းတာဝန်မျိုးတွေ ပြီးမြောက်ဖို့ လိုအပ်သလဲဆိုတာ မှတ်သားပြီး စောစော ပြီးမြောက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ယှဉ်ပြိုင်ပြီး ဆောင်ရွက်ပါ။ လုပ်ငန်းတာဝန်တွေ ဘယ်လောက်၊ ဘယ်နှာရီနဲ့ ဘယ်လောက်ရှာနိုင်သလဲဆိုတာကို နေ့စဉ်ပန်းတိုင်တစ်ခုအနေနဲ့ ချမှတ်ပါ။

၅။ ချက်ချင်း စလုပ်ပါ

ဘယ်အလုပ်မဆို အခက်ခဲဆုံးအပိုင်းကတော့ စတင်ဆောင်ရွက်ဖို့ပါပဲ။ ဒါကြောင့် လုပ်ဆောင်ရမယ့် အလုပ်တစ်ခုကို ရွေးချယ်၊ ပြီးတော့နဲ့ ချက်ချင်းစလုပ်ပါ။ လုပ်ဆောင်ရမယ့် စာရင်းတွေနဲ့ချည်း ကိုယ့်ကိုယ်ကိုယ် လွှမ်းမိုးမပစ်ပါနဲ့ဦး။ အလုပ်နေရာနဲ့ ကိုယ့်စိတ်ကို ပိတ်လှောင်မိမနေစေဖို့ အလုပ်တစ်ခု ပြီးတာနဲ့ နောက်တစ်ခုအတွက် ကိုယ့်ရဲ့အလုပ်စားပွဲကို ရှင်းလင်းလိုက်ပါ။

၆။ ရက်ချိန်းထက် စောအောင် လုပ်ဆောင်ပါ

လုပ်ငန်းဆောင်တာတွေကို ပေးအပ်ဖို့ ကတိပေးထားတဲ့ အချိန်မှာ ပြီးမြောက်အောင် လုပ်ဆောင်ကြပါတယ်။ လုပ်ငန်းတာဝန်တိုင်းအတွက် ပေးအပ်ရမယ့် အချိန်မှာ ပြီးမြောက်နိုင်မလားဆိုတာ ချမှတ်ပါ။ တကယ်လို့ ပြီးမြောက်ရမယ့် အချိန်ထက် စောပြီးတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းဂုဏ်ပြုလိုက်ပါ။

၇။ ခဏအနားယူပါ

လုပ်ငန်းတာဝန်များ ဆောင်ရွက်လုပ်ဆောင်ခြင်းဟာ အတွေးတွေ၊ အင်အားတွေကို ကုန်ခမ်းစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ညှာတာပြီး ခဏလောက်အနားယူခြင်းဖြစ်ဖြစ် လုပ်ဆောင်ပါ။ အလုပ်ကိစ္စနဲ့ လုံးဝ ကွဲပြားတဲ့ အရာတွေ ဒါမှမဟုတ် ဘဝအတွက် ပျော်ရွှင်မှုတွေကို ပေးစွမ်းမယ့်အရာတွေကို လုပ်ဆောင်ပါ။ ကွန်ပြူတာရှေ့မှာ တစ်ချိန်လုံး ကိုင်းပြီး အလုပ်လုပ်နေရရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ခဏတဖြုတ်အနားပေးဖို့ မမေ့ပါနဲ့။ နေ့တိုင်း ဆယ်မိနစ် မိနစ်၂ဝခန့် အညောင်းညာဖြေပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။