ဘယ်ကိစ္စမဆို သုံးဖို့လို

Astrology
ဘယ်ကိစ္စမဆို သုံးဖို့လို

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ အသက်(၃၀)ကျော် မိန်းကလေး တစ်ဦးရောက်လာလေ၏။ သူသည် လင်ယောက်ျားဖြစ်သူ အပ်ထားသော ငွေသိန်းတစ်ရာကို မောင်ဖြစ်သူအား ချေးငှား လိုက်၏။ ၎င်း၏မောင်သည် လောင်းကစားသမားဖြစ်၏။ ငွေသိန်းတစ်ရာလုံးလုံး သုံးပစ်လိုက်၏။ ပြန်၍ မဆပ်နိုင်ပေ။ မိန်းကလေး၏ လင်ယောက်ျား ပြန်လာလျှင် ထိုကိစ္စကို ရင်ဆိုင် ရပေတော့မည်။ မိန်းကလေးသည် များစွာ စိတ်ချောက်ချားနေ၏။ ညည အိပ်မပျော်သည့် အဖြစ်သို့ပင် ရောက်နေသော ကြောင့် စိတ်လည်း ဂနာမငြိမ် ဖြစ်နေ၏။ မိန်းကလေးသည် ငို၍ ကျွန်ုပ်အား-

“အဘရယ်. . . ၊ ကယ်ပါဦး. . . ၊ သမီးတို့ လင်မယား ကွဲသွားနိုင်တယ်. . .” ဟု ပြောရှာလေ၏။
“ဒီမှာ မိန်းကလေး၊ စာရွက်ကလေးတစ်ရွက်ပေးလိုက် မယ်. . . ၊ အဲဒီ စာရွက်ကလေးမှာ စာမပါဘဲ လွတ်နေတဲ့ အကွက်ကလေး(၄)ကွက်ရှိတယ်၊ မင်းသဘောပေါက်အောင်လို့ ခဲတံနဲ့ (၁), (၂), (၃), (၄) ထိုးပေးလိုက်တယ်၊ အဲဒီ လွတ်နေ တဲ့ အကွက်လေး (၄) ကွက်မှာ သူ့အစီအစဉ်အတိုင်း ငွေပြန် ရစေလို့ စာရေးရမယ်၊ ပြီးတော့ ကြွေပန်းကန်ပြားမှာ ကပ်ရမယ်၊ ပြီးတော့မှ အဲဒီစာရွက်ပေါ်မှာ ရိုးရိုးဖယောင်းတိုင် ထွန်း ပြီးသား စာရွက်ပေါ်မှာပဲ ထပ်ပြီး ထွန်းရမယ်. . . ” ဟု ဆိုကာ ကျွန်ုပ်လည်း အောက်ပါစာရွက်ကို ပေးလိုက်လေ၏။ မိန်းကလေးလည်း ဝမ်းသာအားရ ပြန်သွားလေတော့၏။

နှစ်ပတ်ခန့်ကြာသောအခါ၌ ထိုမိန်းကလေး ကျွန်ုပ်ထံသို့ ပြန်၍ ရောက်လာလေ၏။
“အဘရေ. . . ၊ အဘပြောတဲ့အတိုင်း လုပ်လိုက်တာ (၉) ရက်မြောက်နေ့မှာပဲ ကျွန်မမောင်လေးက ကြွေးလာဆပ်တယ်၊ သူက ကျွန်မကို မုန့်ဖိုး သိန်း (၂ဝ) တောင် ပေးသွားသေးတယ်၊ အဲဒီတော့ အားလုံး ပြေပြေလည်လည် ဖြစ်သွားပြီ၊ အဲဒါကြောင့် အဘကို လာပြီး ကန်တော့တာ. . . ၊ အဘက မနက်တိုင်း ထမင်းကြမ်းနဲ့ ပဲပြုတ်နယ်ပြီး စားတယ်၊ ပဲပြုတ်ဖိုး ငွေ အလှူခံတယ်ကြားလို့ ဟိုဘက်လမ်းထိပ်က ပဲပြုတ်သည် အိမ်ကို စုံစမ်းပြီး ဝင်ခဲ့တယ်၊ အဘဆီကို ပဲပြုတ်မှန်မှန်ပို့ဖို့ မှာခဲ့တယ်၊ ပိုက်ဆံလည်း ပေးခဲ့တယ်၊ အဘအလှူမခံနဲ့တော့၊ သမီးလှူတဲ့ ပဲပြုတ်နဲ့ပဲ စားပေတော့. . . ၊ ဟောဒါက ဆီပုံး၊ ထမင်းနဲ့ ပဲပြုတ်နယ်ပြီး စားဖို့” ဟု ဆိုကာ ဆီပုံးကိုပါ ကန် တော့လေ၏။

ကျွန်ုပ်လည်း ထိုမိန်းကလေး၏ ဒုက္ခပြေပျောက်သွား သည်ဆိုသောကြောင့် ဝမ်းမြောက်ရလေတော့၏။ “အဘ. . . ၊ ကျွန်မက အဲဒီစာရွက်ကလေးကို မိတ္တူကူး ထားတယ်၊ ကြွေးကိစ္စမှာပဲ အသုံးပြုလို့ရသလား၊ တခြားကိစ္စ မှာရော အသုံးပြုလို့ရသလား . . . “ ဟု မေးလေ၏။

ထို့ကြောင့် ကျွန်ုပ်က-
“ရပါတယ် မိန်းကလေးရယ်. . . ၊ အဲဒီအကွက်ကလေး (၄) ကွက်မှာ ကိုယ်လိုချင်တာ ရေးလိုက်ရုံပဲ၊ အဲဒီတော့ ဒီစာရွက်ကလေးကို “ဘယ်ကိစ္စမဆို သုံးဖို့လို” လို့ မှတ်ထားပေါ့ ကွယ်. . .” ဟု ပြောလိုက်လေတော့၏။

မိန်းကလေးလည်း ရွှင်မြူးစွာ ပြန်သွားလေတော့၏။ ကျွန်ုပ်လည်း ပီတိဖြစ်ရလေတော့၏။ ကျွန်ုပ်၏ ပီတိမှာ မျက်ရည်များအဖြစ် ကူးပြောင်းကာ ကျွန်ုပ်၏ ပါးပြင်ပေါ်သို့ လှိမ့်၍ဆင်းသွားလေတော့သတည်း. . . ။

ရေးသားသူ –မင်းသိင်္ခဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။