တီထွင်ဉာဏ်ကွန့်မြူးတဲ့ လုပ်ငန်းစဉ်အဆင့် (၅) ဆင့်

Knowledge
တီထွင်ဉာဏ်ကွန့်မြူးတဲ့ လုပ်ငန်းစဉ်အဆင့် (၅) ဆင့်

၁၉၄၀ ခုနှစ်မှာ James Webb Young ဆိုတဲ့ ကြော်ငြာလုပ်ငန်းအလုပ်အမှုဆောင်အရာရှိက တီထွင်ဆန်းသစ်တဲ့ အတွေးအမြင်တွေရရှိဖို့တွက် အောက်ပါအဆင့် (၅)ချက်ကို ဖြတ်ကျော်ဖို့ လိုတယ်ဆိုတာကို ဖော်ပြထားပါတယ်။

Yong အနေနဲ့က ထီထွင်ဆန်းသစ်တဲ့ဉာဏ်ဆိုရာမှာ ဘာမှမရှိတဲ့နေရာကနေ တစ်ခုခုရအောင်ဖန်တီးလိုက်တာချည်းပဲမဟုတ်ဘဲနဲ့ အရင်ရှိပြီးသားအရာတွေရဲ့ အပိုင်းအစတွေကို ဆက်ပြီးတော့ ဘယ်တုန်းကမှမရှိခဲ့တဲ့အရာတွေကို ဖန်တီးလိုက်တာလည်းပါဝင်ပါတယ်။

အဆင့် (၁)

အရင်းအမြစ်တွေကို စုဆောင်းပါ။ ပထမဦးဆုံးနေနဲ့ သင်ဟာ သင်ယူရပါမယ်။ ဒီအဆင့်မှာ သင့်အနေနဲ့ (၁) သင့်အလုပ်နဲ့ပတ်သက်ပြီးတော့ အသေးစိတ်ကျတဲ့အရာတွေကို တိုက်ရိုက်သင်ယူရပါမယ်။ (၂) ကျယ်ပြန့်တဲ့ ယူဆချက်တွေနဲ့ ပိုပြီးစွဲသွားစေအောင် ယေဘုယျအရင်းအမြစ်အကြောင်းအရာတွေကိုလည်း သင်ယူရပါမယ်။

အဆင့် (၂)

သင့်ခေါင်းထဲမှာရှိတဲ့ အရင်းအမြစ်အကြောင်းအရာတွေနဲ့ တောက်လျှောက်လုပ်ကြည့်ပါ။ ဒီအဆင့်မှာတော့ သင် သင်ယူခဲ့တဲ့ အကြောင်းအရာတွေကို မတူညီတဲ့အတွေးအခေါ်တွေကို ချိန်ညှိပြီး ဆက်စပ်မိသွားအောင်လုပ်တဲ့ အတွေ့အကြုံကိုခံစားပြီး မတူညီတဲ့ရှုထောင့်ကနေ ကြည့်ခြင်းနဲ့ ပြန်လည်စစ်ဆေးနိုင်ပါတယ်။

အဆင့် (၃)

ပြဿနာတွေကနေ ရှောင်ထွက်လာခဲ့ပါ။ နောက်တစ်ဆင့်အနေနဲ့ သင့်ကိုယ်သင် ပြဿ နာတွေကနေ လုံးလုံးမြှုပ်နေမယ်အစား သင့်ရဲ့စိတ်ကို ထွက်ခွင့်ပေးလိုက်ပြီးတော့ သင့်ကို စိတ်လှုပ်ရှားစေပြီး ခွန်အားဖြစ်စေတဲ့အလုပ်တွေကို လုပ်လိုက်ပါ။

အဆင့် (၄)

သင့်ရဲ့ စိတ်ကူးတွေကို သင့်ဆီပြန်လာခွင့်ပေးလိုက်ပါ။ တချို့အချိန်တွေမှာသင်ဟာ တွေးတောနေတာတွေကို ရပ်လိုက်ပြီးတော့ သင့်ဆီအတွေးအမြင်တွေ လှည့်ဝင်လာတာကိုစောင့်ပြီး စိတ်ကူးအသစ်၊ အင်အားအသစ်နဲ့ ဖန်တီးလိုက်ပါ။ သင်ဟာ အမြဲတွေးတောနေပြီး စိတ်ပင်ပန်းခံနေစရာမလိုပါဘူး။

အဆင့် (၅)

ပြန်လည်တုံ့ပြန်မှုတွေအပေါ်အခြေပြုပြီးတော့ သင့်ရဲ့စိတ်ကူးအသစ်ကို ပုံဖော်တိုးတက်စေပါ။ အောင်မြင်တဲ့ဘယ်အတွေးမဆို ကမ္ဘာကိုချပြဖို့လိုပါတယ်။ ပြီးတော့ ဝေဖန်မှုတွေကိုလက်ခံပြီး လိုအပ်သလိုလိုက်လျောညီထွေဖြစ်အောင် ဖန်တီးဖို့လိုအပ်ပါတယ်။

ဒီအဆင့် (၅)ဆင့်ဟာ သင့်မှာ တီထွင်ဉာဏ်ကွန့်မြူးတဲ့ စိတ်ကူးစိတ်သန်းတစ်ခုရရှိဖို့ ဖြတ်ကျော်လုပ်ဆောင်ရမယ့် အဆင့်တွေဖြစ်ပြီး ရိုးရာလေးပရိတ်သတ်တွေအတွက်လည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။