အကျပ်အတည်း တခု ကြုံတွေ့နေရင် ခေါင်းအုံးကို လွင့်ပစ်ပါ

Astrology
အကျပ်အတည်း တခု ကြုံတွေ့နေရင် ခေါင်းအုံးကို လွင့်ပစ်ပါ

သင့်အလုပ်မှာ အကျပ်အတည်း တခု ကြုံတွေ့နေရတယ်။
သင်မလုပ်ပါဘဲနဲ့ မတရား စွပ်စွဲ ခံရတယ်၊
သင်မသွားချင်တဲ့နေရာ၊ မလုပ်ချင်တဲ့ တာဝန်ကိုယူခိုင်းတာမျိုး၊
အလုပ်မှာ ၀န်ထမ်းလျော့တဲ့အထဲ သင်ပါနိုင် ဆိုတဲ့ ပြသာနာမျိုး ကြုံနေရရင် သင်အိပ်နေကျ ခေါင်းအုံး ကို အမှိုက်ပုံးထဲသာ ပစ်လိုက်ပါ။

သင်က ခေါင်းအုံး နှစ်လုံး နဲ့ အိပ်နေကျ ဆိုရင်လည်း နှစ်လုံး လုံးသာ လွင့်ပစ်ပါ။
မကြာသေးခင်ကမှ မိတ်ဆွေလင်မယားက အကူအညီတောင်းတာပါ။
သူမအမျိုးသားကို အလုပ်ထဲမှာ ပြသာနာ လုပ် စွပ်စွဲ ပြီး တာ၀န်ယူခိုင်းတာပါ။ သူတို့ စိတ်ထဲ တော့ သူတို့ က နိုင်ငံခြားသား မို့ တမင် စွပ်စွဲ တာ လို့ ထင်ပါတယ်တဲ့။ ဘာဘဲဖြစ်စေ လက်ရှိ အခြေအနေအရ ဒီပြသာနာကို ဖြေရှင်းနိုင်မှသာ အလုပ်မြဲမှာပါ။
အမျိုးသား ကလည်း သူကိုယ်တိုင်မလုပ်တဲ့ ပြသာနာအတွက် ဘယ်လို ဖြေရှင်း ရမယ် မသိဘူး လို့ ပြောပါတယ်။

* ခေါင်းထဲ ရောက်လာတဲ့ နည်းလေးတခုက တော့ လက်ရှိအိပ်နေတဲ့ ခေါင်းအုံးကို လွင့်ပစ်လိုက်ဖို့ပါ။
အမျိုးသား က ပြောပါတယ်။ သူ့ခေါင်းအုံးက ဒေါ်လာ ၁၀၀ ကျော်တန်တယ်တဲ့။ ၀ယ်ထားတာလည်း လပိုင်းဘဲ ရှိသေးတာမို့ တခြားနည်း ရှိသေးလားတဲ့။
ကျွန်မလည်း လတ်တလော ဒီနည်းဘဲ​ခေါင်းထဲ ရောက်လာတယ်။ အိမ်ပြန်ရောက်ရင်တော့ ရေးမှတ်ထားတာတွေက နေ ပြန်ရှာကြည့်ပါမယ် လို့ သာ ပြောလိုက်ပါတယ်။

အမျိုးသမီးက ဖြတ်ကနဲ ထပြီး ထွက်သွားတော့ သူလည်း ခေါင်းအုံးကို နှမျောနေတယ်ထင်တာ၊ ဘယ်ဟုတ်မလဲ ချက်ခြင်းဘဲ ကားမောင်းပြီး Mall တခုကို သွား ခေါင်းအုံးအသစ် တလုံး ၀ယ်တယ်၊ အဟောင်းကို သူတို့ နေတဲ့ apartment ရဲ့ အပြင်က အမှိုက်ပုံးထဲကို သွားပစ်လိုက်ပါတယ်တဲ့။ အမျိုးသမီးများရဲ့ အရည်အချင်း ဆိုတာ ခုလို အကျပ်အတည်း မှာ ပေါ်လာတတ်ပါတယ်။

နောက်တနေ့ ဖုန်းဆက်ပြီး ပြောပြပါတယ်။ သူ ရုံး ရောက်တော့ အရာရှိက ခေါ်တွေ့တယ်၊ ဒီကိစ္စ သူ့မှာ တာ၀န် မရှိကြောင်းပြောပါတယ်တဲ့။
ကျွန်မလည်း ဒီနည်းလေးကို မြန်မာ ဗေဒင်ဆိုဒ်တခုက တွေ့လို့ မှတ်ထားတာပါ။
လွယ်ကူ ရိုးရှင်းပြီး အကျိုးဆက် မြန်ဆန်ပါတယ်။
အသုံးလိုတဲ့ သူရှိရင် သုံးနိုင်အောင် ဝေမျှပေးလိုက်တာပါ။
ချစ်ခြင်းမေတ္တာဖြင့်။

ရေးသားသူ -Myat H.K.Munthe မြတ်မွန်သာ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။