အိမ်ရောင်းချင်တာလား ?

Astrology
အိမ်ရောင်းချင်တာလား ?

တစ်နေ့တွင် မိမိထံသို့ မိတ်ဆွေတစ်ယောက် ပေါက်ချလာသည်။ ပြီးတော့သူ့အိမ်ကို ရောင်းဖို့ ကြော်ငြာထားတာကြာပြီ ဖြစ်ကြောင်း ခုထိမထွက်သေးကြောင်း ညည်းညူပြောနေ၏။

ထိုအခါ ကျွန်ုပ်က
“ဒီမယ် ကိုယ့်လူ ဒီလောက်ညည်းမနေနဲ့ ကျုပ်ခိုင်းတဲ့ အတိုင်းသာလုပ်”
“လုပ်ပါ့မယ်ဗျာ ပြောသာ ပြောပါ”

စိန်ပန်းနီ အသား ဒါမှမဟုတ် စွယ်တော်သား လက်မလောက် ကိုင်းကိုခုတ်။ ကိုယ့်ဘာသာ ယောက်မ သေးသေးလေးလုပ်။ အပ်ချည်ကြိုးနဲ့ ခုနစ်ပတ် ပတ်ပြီး ခင်ဗျား အိမ်ရဲ့ထုတ်တန်းမှာ ချည်ထားလိုက်။

နောက်တစ်ခု အရေးကြီးတာက ခင်ဗျားအိမ်ကို ခေါ်ထားတဲ့ ရောင်းဈေးကို နည်းနည်းလျှော့ခေါ်။ ပထမ ဈေးက မထွက်ဘူး ခိုင်နေတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ခိုင်းတာ။ သဘောပေါက်လား။

“ပေါက်ပြီ ကိုယ့်လူရေ ပေါက်ပြီ အသိအိမ်တစ်အိမ် ရှေ့မှာ စွယ်တော်ပင်ရှိတာနဲ့ အတော်ပဲ ဝင်တောင်းသွားရမယ်” ဟုပြောကာ နှုတ်ပင်မဆက်ပဲ ပြန်သွားလေတော့ သတည်း။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။