အဓိပတိဖွားဟောကိန်း

Astrology
အဓိပတိဖွားဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဓိပတိဖွားဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဓိပတိဖွားဟောကိန်း

အဓိပတိဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင်လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်။

အကြံပေးချင်ကြတယ်။ သူများနောက်လိုက်မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိသာဘယ်အရာကိုမဆို စိတ်ပါလက်ပါလုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေတတ်တယ်၊လေထဲတိုက်အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ ၊ planတွေချပြီး လက်တွေမလုပ်ဖြစ်တတ်ပါ။

မိမိ ဉာဏ်ရည်ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရလွယ်သည်။ သူများတစ်နှစ်လောက်သင်ရတဲ့ပညာကို မိမိက တစ်လလောက်သင်တာနဲ့ တတ်မြောက်သည်။ ထီထွင်ဖန်တီးလိုစိတ် ပြင်းထန်သည်။ မိမိက ကာယအားမကိုးချင်။ ဉာဏ်နသာ စိုက်ထုတ်လုပ်ချင်သည်။ ကျောပူမခံနိုင်ပေမဲ့ ခေါင်းပူခံနိုင်ကြတယ်။မိမိက အရာရာစိတ်ဝင်တစား လေ့လာလိုက်စားတတ်သည်။ အလုပ်တစ်ခုကိုလဲ ဇောက်ချမလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီလိုက်စားထားသည်။ ဒါကြောင့် သူ့တို့မသိတဲ့ ကဏ္ဍမရှိ ၊ အတွင်းကျကျသိသည်လဲမဟုတ်ပေ။ အပေါ်ယံသာသိသည်။

အဓိပတိဖွားတွေဟာ စကားပြောကောင်းကြသည်၊ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်းရှိသည်။ အနုပညာ လက်မှုပညာတွေနဲ့ အောင်မြင်တတ်သည်။စိတ်ရှည်ဇွဲသန်ဖို့တော့ လိုတာပေါ့။ အဓိပတိဖွားတွေကငွေနဲ့ဝေးတဲ့ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။ ငွေအစုလိုက်ရမယ်ဆိုပြီး မရဘဲဖြစ်နေတတ်တယ်။ အမွေရရင်တောင် မိမိခွဲတမ်းကနည်းနေတတ်တယ်။ ထီပေါက်ရင် အဖတ်မတင်ဘဲကုန်သွားတတ်တယ်၊

မိမိရဲ့ ပြင်ရမဲ့အချက်တွေထဲမှာ သနားတတ်တာရောအားနာတတ်တာရောပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူလိုက်တယ်လို့ပဲ သဘောထားရလိမ့်မယ်။ မိမိက သူများငိုပြရင် လွန်စွာသနားတတ်သည်။ ရှိတာလေးထုတ်ပေးတတ်တယ်။ ငွေအချေးအဌားကြောင့် ဘဝမှာ ခဏခဏစိတ်ဆင်းရဲရမည်။အကြွေးပြန်မရလို့ အကူအညီလာတောင်းတဲ့ သူတွေဟာအဓိပတိဖွားတွေ အများဆုံးဖြစ်နေတာတွေ့ရတတ်တယ်။

မိမိကံဇာတာအောက်လက်ငယ်သားတော်လှန်မဲ့ ဇာတာပါ၊ တပည့်မွေးလို့မရဘူး၊ ကိုယ်ကစေတနာနဲ့ တပည့်ကိုလိုက်လိုက်ရောရောနေပြီး ပညာကုန်သင်ပေးရင် မိမိကိုအာခံလိမ့်မယ်၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်တတ်တယ်။ မိမိစေတနာကိုနားမလည်ဘူး၊ မိမိကိုပမာမခန့် လုပ်တတ်တယ်။ မိမိစေတနာကိုစော်ကားတတ်တယ်။ မိမိဟာ အေးအေးချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေမယ်။ ဒါကြောင်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေရှိတယ်။ ချမ်းသာတယ်ဟုထင်တတ်ကြသည်။ လက်တွ့မှာတော့ အမြဲတမ်းဘိုင်ကျနေမည်။ငွေမကြာခဏပြတ်နေတတ်သည်။

မိမိက လူမှုရေး နိုင်ငံရေး စိတ်ဝင်စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။အများအတွက် စေတနာဝန်ထမ်းလုပ်နေရတတ်သည်။မိမိသည် ငွေအစုလိုက်ဝင်သည်။ လူမှုရေး ပရဟိတရပ်ရွာကောင်းစားရေးအတွက်နဲ့ပဲ ထိုငွေပြန်ကုန်တတ်သည်။ မိမိဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ပရမျှတစွာလုပ်ပါ။ ဇွဲရှိပါ။ ကံဉာဏ်ဝီရိယ သုံးပါးမှာ မိမိကကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယနည်းနေပါလိမ့်မည်။

ရေးသားသူ –ဆရာမဇာဇာ(ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။