အရမ်းချောမောလှပခဲ့တဲ့ မင်းသမီးကြီးစိုးမြတ်သူဇာရဲ့ ငယ်ဘဝပုံရိပ်များ

Celebrity Local News
အရမ်းချောမောလှပခဲ့တဲ့ မင်းသမီးကြီးစိုးမြတ်သူဇာရဲ့ ငယ်ဘဝပုံရိပ်များ

ထိပ်တန်းမင်းသမီး စိုးမြတ်သူဇာကတော့ အနုပညာနဲ့ပတ်သက်ရင် စွယ်စုံရအနုပညာရှင်လို့ သတ်မှတ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာ ပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့်ပရိသတ်အားပေးမှုကိုရရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအမြင့်ဆုံးဆုဖြစ်တဲ့ အကယ်ဒမီဆုကြီးတွေကိုလည်း သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

သူမက အသက် ၂၅ နှစ်အရယ်ကစပြီး ဝတ္ထုတွေ စရေးခဲ့တာလည်း ဖြစ်ပါတယ်။ ပထမဦးဆုံး အချစ်စစ်စစ်များ၊ မောင့်အတွက်၊ ယုံကြည်၍ခံစားရသည် ခံစားရ၍ယုံကြည်သည်၊ အနားသတ် သစ္စာ၊ ချစ်မိတဲ့ အခါ ၊ Feeling 35 စတဲ့ စာအုပ် ၇ အုပ်ကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အကယ်ဒမီ စိုးမြတ်သူဇာက အသက် ၅၅ နှစ်ပြည့်ရဲ့ Virgo 55 စာအုပ်ဆိုပြီး ဆက်လက်ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သရုပ်ဆောင် မြယာကလည်း အကယ်ဒမီ စိုးမြတ်သူဇာရဲ့ ပထမဦးဆုံး အချစ်စစ်စစ်များဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးခွင့်ကို ပထမဦးဆုံး ရရှိထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ငယ်ဘ၀ က ပုံရိပ်တွေကို ပရိသတ် သိအောင် ချပြလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။