ပါလက်စတိုင်း နိုင်ငံကန့်ကွက်တဲ့ နေတန်ညာဟုကို အမေရိကန် ဝေဖန်

International News
ပါလက်စတိုင်း နိုင်ငံကန့်ကွက်တဲ့ နေတန်ညာဟုကို အမေရိကန် ဝေဖန်

ပါလက်စတိုင်း နိုင်ငံ ပေါ်မလာနိုင်ဘူးလို့ ပြောခဲ့

ပါလက်စတိုင်း နိုင်ငံထူထောင်ရေး ဆန့်ကျင်ပြောကြားတဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကို အမေရိကန် အိမ်ဖြူတော်က ဝေဖန်ပြောကြား ခဲ့ပါတယ်။

ပါလက်စတိုင်း အချုပ်အချာ အာဏာပိုင် နိုင်ငံ ပေါ်မလာနိုင်ဘူး ဆိုပြီး ကြာသပတေးနေ့က ဘင်ဂျမင် နေတန်ညာဟုက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အနောက်ဘက်ကမ်းနဲ့ ဂါဇာကို အစ္စရေး လုံခြုံရေးအတွက် ထိန်းချုပ်ထားဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီကိစ္စတွေကို အမေရိကန်က ကွဲပြားစွာ ရှုမြင်ကြောင်း အမေရိကန် လုံခြုံရေး ကောင်စီရဲ့ ပြောခွင့်ရ ဂျွန်ကာဘီက ဆိုပါတယ်။

ပါလက်စတိုင်း နိုင်ငံ ထူထောင်မှုကသာ အစ္စရေး လုံခြုံရေးကို ရေရှည်ခံဖို့နဲ့ ဂါဇာ ပြန်တည်ထောင်ဖို့ လုပ်နိုင်မယ်ဆိုပြီး ဂျိုးဘိုင်ဒန် အစိုးရက ပြောကြား ခဲ့ပါတယ်။

lat natကြီးတွေသုံးပြီး အပြင်းအထန် တိုက်ခိုက်

ဂါဇာတောင်ပိုင်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ခန်းယူနစ်က ဟားမတ်စ် တပ်သားတွေအပေါ် အစ္စရေး ထိုးစစ် ဆက်ပြီး ဆင်နွှဲနေပါတယ်။

lat natကြီးတွေသုံးပြီး အပြင်းအထန် တိုက်ခိုက်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ အနီးကပ် ရင်ဆိုင်တိုက်ပွဲတွေ လုပ်နေတာကို တွေ့ရကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၄၀ ကျော် thetဖြတ်ခံရကြောင်းလည်း ဟားမတ်စ် လက်အောက်က ကျန်းမာရေး ဌာနက ပြောပါတယ်။

အရပ်သား အများအပြား မြို့က ထွက်ပြေးကြပြီး တချို့ကတော့ လူတွေ ပြွတ်သိပ်နေတဲ့ ခိုလှုံရာ စခန်းတွေမှာ ဝင်နေကြပါတယ်။

အဲဒီမှာ အစာရေစာနဲ့ ဆေးဝါး နည်းနည်းပဲ ရှိတယ်လို့လည်း သိရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။