ဇနီးဖြစ်သူမှာ ကင်ဆာအကျိတ်တွေ့ရှိပြီးနောက် စိတ်ထွက်ပေါက်အနေနဲ့ ၄ နာရီအတွင်း သီချင်း ၇ ပုဒ် ရေးသားခဲ့တယ်ဆိုတဲ့ အက်ဒ်ရှီရန်

Celebrity International News
ဇနီးဖြစ်သူမှာ ကင်ဆာအကျိတ်တွေ့ရှိပြီးနောက် စိတ်ထွက်ပေါက်အနေနဲ့ ၄ နာရီအတွင်း သီချင်း ၇ ပုဒ် ရေးသားခဲ့တယ်ဆိုတဲ့ အက်ဒ်ရှီရန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇနီးဖြစ်သူမှာ ကင်ဆာအကျိတ်တွေ့ရှိပြီးနောက် စိတ်ထွက်ပေါက်အနေနဲ့ ၄ နာရီအတွင်း သီချင်း ၇ ပုဒ် ရေးသားခဲ့တယ်ဆိုတဲ့ အက်ဒ်ရှီရန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇနီးဖြစ်သူမှာ ကင်ဆာအကျိတ်တွေ့ရှိပြီးနောက် စိတ်ထွက်ပေါက်အနေနဲ့ ၄ နာရီအတွင်း သီချင်း ၇ ပုဒ် ရေးသားခဲ့တယ်ဆိုတဲ့ အက်ဒ်ရှီရန်

ကမ္ဘာကျော်အဆိုတော် အက်ဒ်ရှီရန်ဟာ သူ့ဇနီးဖြစ်သူ ချယ်ရီ ဆီဘွန်းမှာ ကင်ဆာရောဂါဖြစ်နေတယ်ဆိုတာ ကြားသိခဲ့ရပြီးနောက် စိတ်ကုထုံးအနေနဲ့ ဂီတကို အသုံးပြုပြီး ၄ နာရီအတွင်း သီချင်း ၇ ပုဒ်ကို ရေးသားဖြစ်ခဲ့ပါတယ်။

အခုနှစ်အစောပိုင်းမှာ ဇနီးဖြစ်သူ ချယ်ရီက ဒုတိယကိုယ်ဝန်လွယ်ထားရင်း ကင်ဆာအကျိတ်တစ်ခုရှိနေတယ်ဆိုတာ ဆရာဝန်တွေ စစ်ဆေးတွေ့ရှိခဲ့တာပါ။ အကျိတ်ကို ခွဲစိတ်ကုသဖို့ လိုအပ်ပေမဲ့ ကလေးမွေးမပြီးမချင်း ခွဲစိတ်ကုသလို့မရသေးပါဘူး။ ဒီအကြောင်းတွေကို Ed Sheeran: The Sum Of It All မှတ်တမ်းရုပ်ရှင်အသစ်မှာ ထုတ်ပြောပြခဲ့တာပါ။

ဒီမှတ်တမ်းရုပ်ရှင်အသစ်မှာ အက်ဒ်ရှီရန်ရဲ့ဇနီးဖြစ်သူချယ်ရီလည်း ပါဝင်ထားပါတယ်။ အရင်ကတော့ ချယ်ရီက မှတ်တမ်းရုပ်ရှင်ရိုက်တာမျိုးတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့သူ့ခင်ပွန်းကို ပြောနေခဲ့တာပါ။ ဒါပေမဲ့ အခုနှစ်မှာ သူ thayရင်thayသွားနိုင်တယ်၊ သူ ဘာကို ချန်ထားခဲ့ရမလဲလို့ တွေးမိခဲ့ပြီး ရိုက်ဖြစ်ခဲ့ပါတယ်။

ချယ်ရီ ကင်ဆာအကျိတ်စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်တစ်နေ့မှာ အက်ဒ်ရှီရန်က မြေအောက်ခန်းထဲဆင်းသွားခဲ့ပြီး ၄ နာရီအတွင်း သီချင်း ၄ ပုဒ် ရေးခဲ့တာပါ။ တချို့လူတွေက သူတို့ရဲ့စိတ်ခံစားချက်တွေကို ဒိုင်ယာရီရေးပြီး ပွင့်အန်ကြပေမဲ့ အက်ဒ်ရှီရန်ကတော့ တစ်ခုခု ဖြစ်ရင် သီချင်းရေးဖြစ်တယ်လို့ ချယ်ရီက မှတ်တမ်းရုပ်ရှင်အသစ်မှာ ထုတ်ပြောထားပါတယ်။

အက်ဒ်ရှီရန်ကလည်း သူ့အတွက် ဂီတက အမြဲ စိတ်ကုထုံးဖြစ်ခဲ့တယ်တဲ့။ သူ့အတွက် ကလေးတစ်ယောက်လို သူ့ရဲ့စိတ်ခံစားချက်၊ အတွေးတွေကို မျိုချဖို့အတွက် နည်းလမ်းတစ်ခုဖြစ်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်က သူ့ရဲ့သူငယ်ချင်း ဂျာမယ် အက်ဒ်ဝက်ဒ် thayဆုံးခဲ့တဲ့အတွက် နောက်ထပ် ဒီလိုမျိုးကြုံလာရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း ဇနီးဖြစ်သူ ချယ်ရီက ဖွင့်ဟထားပါတယ်။ အက်ဒ်ဝက်ဒ်thayဆုံးပြီးတဲ့နောက်မှာ သူ့သူငယ်ချင်း စတုန်းဇီက သူ့ကို နှစ်သိမ့်ပေးခဲ့တယ်လို့လည်း အက်ရှီရန်က ဆိုပါတယ်။

Ed Sheeran: The Sum Of It All ကိုတော့ မေလ ၃ ရက်နေ့မှာ Disney Plus မှာ ထုတ်လွှင့်ပြသမှာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။