ကလေးတွေကို ပုံပြင်လေးတွေ ပြောပြခြင်းဖြင့် ရနိုင်မယ့်အကျိုးကျေးဇူးများ

Health Knowledge
ကလေးတွေကို ပုံပြင်လေးတွေ ပြောပြခြင်းဖြင့် ရနိုင်မယ့်အကျိုးကျေးဇူးများ

ကလေးသူငယ်တွေကို ငယ်ရွယ်စဉ်အခါမှာ သူတို့အရွယ် သူတို့စဉ်းစားဥာဏ်နဲ့ ကိုက်ညီမယ့် စာပေဆောင်းပါးတွေ ဝတ္တုတိုပုံပြင်လေးတွေ ဖတ်ပြခြင်းဟာ
သူတို့လေးတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရစေနိုင်ပါတယ်။ မိဘတွေအနေနဲ့ ဒါကို အပိုအလုပ်တစ်ခုအနေနဲ့မမြင်ပဲ လုပ်ကိုလုပ်သင့်တဲ့အလုပ်တစ်ခုအနေနဲ့ မြင်နိုင်ဖို့ အရေးကြီးပါတယ်။ မိဘတွေသာမက မောင်နှမအချင်းချင်းပဲဖြစ်ဖြစ် ဆရာ ဆရာမတွေကပဲဖြစ်ဖြစ် ကလေးငယ်တွေကို စနစ်တကျ စာဖတ်ပြပုံပြင်ပြောပြဖို့ လိုအပ်ပါတယ်။

ကလေးငယ်တွေမှာ သင်မမြင်နိုင်တဲ့ စိတ်ကူးစိတ်သန်းတွေ အပြည့်ပါ။ ဒါကို လှုပ်နှိုးပေးနိုင်ဖို့ သူတို့ရဲ့စိတ်ဝင်စားမှုတွေကို လမ်းဖွင့်ပေးနိုင်ဖို့ ပုံပြင်လေးတွေနဲ့ ဆွဲခေါ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကမ္ဘာကြီးကို စူးစမ်းဖို့ အရမ်းစိတ်အားထက်သန်နေတဲ့ ကလေးငယ်တွေဟာ သင့်စကားလုံးတွေကြောင့် ပိုမို တီထွင်ဖန်တီးနိုင်တဲ့လူငယ်တွေအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။ မျက်စိပိတ်နားပိတ်ဖြစ်နေမယ့်အစား သူတို့ကြီးပြင်းလာရမယ့် ပတ်ဝန်းကျင်အကြောင်း ကြိုတင်စူးစမ်းရင်း ကြီးပြင်းလာရတာ ပိုပျော်ဖို့ကောင်းလာစေပါတယ်။

ဒါတင် မကသေးပါဘူး။ အကျင့်စရိုက် စာရိတ္တနဲ့ပတ်သက်တဲ့ ပုံပြင်လေးတွေကို ငယ်စဉ်ကတည်းက အကျွမ်းတဝင်နားလည်သဘောပေါက်ထားခြင်းအားဖြင့် လိမ္မာတဲ့ကလေးတွေအဖြစ် ကြီးပြင်းလာစေပါတယ်။ ဘယ်အရာကအမှား ဘယ်အရာကအမှန် ဘယ်အရာကလုပ်သင့်တယ် ဘယ်အရာကမလုပ်သင့်ဘူး ဆိုတာတွေကိုလည်း ကိုယ်ပိုင် င်ဆုံးဖြတ်ချက်နဲ့ တွေးခေါ်မြော်မြင်ပြီး ယူဆတတ်လာမှာပါ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ ပတ်သတ်တဲ့ ပုံပြင်လေးတော့ ပတ်ဝန်းကျင်ကိုချစ်တတ် ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်တဲ့စိတ်ကလေးကို မွေးပေးနိုင်ပါတယ်။
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ မှတ်ဥာဏ်ပိုကောင်းလာစေခြင်းပါ။

ပုံတိုပတ်စလေးတွေကို စိတ်ကူးထဲနေရာချ ပုံဖော်တတ်တဲ့အကျင့်ကနေ ကလေးတစ်ယောက်ဟာ တခြားကိစ္စတွေကိုလည်း မှတ်ရာမှာ ပိုမိုထိရောက်တဲ့နည်းတွေနဲ့ မှတ်တတ်လာပါလိမ့်မယ်။ သူတို့မှတ်ထားတဲ့အရာတွေကိုလည်း တော်ရုံနဲ့မမေ့တတ်တော့ပါဘူး။ သူတို့ဖတ်ခဲ့မှတ်ခဲ့တာတွေကို အသိစိတ်ကော မသိစိတ်ထဲမှာပါ ငယ်စဉ်ကတည်းက သိမ်းဆည်းတတ်တဲ့အလေ့အကျင့်ကောင်းလေးကို မွေးမြူလာတတ်ပါလိမ့်မယ်။ ပုံပြင်တွေနဲ့ကြီးပြင်းလာမယ့်ကလေးတစ်ယောက်ဟာ စာဖတ်တတ်တဲ့အရွယ်ရောက်ရင် စာဖတ်ဝါသနာပါလာပြီး ဖတ်သင့်တဲ့စာပေ မဖတ်သင့်တဲ့စာပေ ဒါမှမဟုတ် သူ့အတွက် တစ်ကယ်အကျိုးရှိမယ့်စာပေအမျိုးအစားကို ကိုယ်ပိုင် စဉ်းစားဆင်ခြင်ဥာဏ်နဲ့ ဝေဖန် ပိုင်းခြားတတ်သွားပါလိမ့်မယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။