ရေအောက်နျူကလီးယားlat natစမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဖော်ပြ

International News
ရေအောက်နျူကလီးယားlat natစမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဖော်ပြ

ပြီးခဲ့တဲ့ ဧပြီလက ဒရုန်းများကို ထုတ်ဖော်ပြသခဲ့သည့် “ရေအောက် နျူကလီးယားစနစ်” ၏ ပုံရိပ်များကို မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့စဉ်

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ဒီအပတ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ရေအောက် နျူကလီးယားlat natစနစ်တစ်ခုကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်လိုက်ပါတယ်။

lat natစမ်းသပ်မှုကို နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ စမ်းသပ်ခဲ့တာလို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

Haeil-5-23 စနစ်ကို စမ်းသပ်ခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားက အရင်က ထုတ်ပြန်ခဲ့ဖူးပေမယ့် lat natတွေနဲ့ပတ်သက်လို့ တိတိကျကျအတည်မပြုနိုင်သေးပါဘူး။

ရေအောက်နျူကလီးယားတိုက်ခိုက်ရေးဒရုန်းတစ်ခုကို စမ်းသပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အခုနောက်ဆုံး စစ်ရေးလှုံ့ဆော်မှုနဲ့ပတ်သက်လို့ တောင်ကိုရီးယားနဲ့ မဟာမိတ်တွေက မတုံ့ပြန်ကြသေးပါဘူး။

အခဲစွမ်းအင်သုံးတာလတ်ပစ် ဒုံးကျည်တစ်စင်းကို အသင့်ပြင်ထားလိုက်ပြီလို့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့တာအပါအဝင် မြောက်ကိုရီးယားဟာ မကြာသေးမီရက်သတ္တပတ်တွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်လာတာ တွေ့လာရပါတယ်။

ဇန်နဝါရီပထမအပတ်မှာ တောင်ကိုရီးယားနဲ့ထိစပ်နေတဲ့ ရေပိုင်နက်နယ်စပ်မှာ ကျည်အစစ်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ပြုလုပ်ခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားဘက်က စစ်ရေးအရ လှုံ့ဆော်မှုတွေကို တိုးမြှင့်ပြုလုပ်တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ သူ့ရဲ့စစ်ရေးမူဝါဒလမ်းညွှန်မှုနဲ့ မိန့်ခွန်းတွေမှာ အတော်ကိုရန်လိုလာခဲ့တာဖြစ်ပြီး မကြာသေးမီလတွေမှာလည်း ငြိမ်းချမ်းရေးထိန်းသိမ်းမယ့် သဘောတူညီမှုများစွာကို ချိုးဖောက်ခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ရေအောက်lat natစနစ်ကို စမ်းသပ်ခဲ့ရတာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ဒေသတွင်း အခြေအနေပိုမို မတည်မငြိမ်ဖြစ်လာပြီး မြောက်ကိုရီးယားလုံခြုံရေးကိုလည်း ခြိမ်းခြောက်မှုဖြစ်လာတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။

မြောက်ကိုရီးယားက နျူထိပ်ဖူးတပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေကို အကြိမ်ကြိမ်စမ်းသပ်ပစ်ခတ်မှုနဲ့ lat natသစ်စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့တာကို တုံ့ပြန်တားဆီးနိုင်ရေးအတွက် အရင်နှစ်မှာ စစ်ရေးလေ့ကျင့်မှုတွေကို ပိုမိုလုပ်ဆောင်ခဲ့ရတာလို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရပ်အားလုံးဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုအားလုံးကို ချိုးဖောက်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုရီးယားကျွန်းဆွယ်မှာ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့ စစ်ပွဲအတွက် စစ်lat natစုဆောင်းပြင်ဆင်နေတာလို့ ကင်က အကြိမ်ကြိမ်ပြောခဲ့ပါတယ်။

နှစ်သစ်ကူးကာလအတွင်းမှာလည်း ကင်ဟာ တောင်ကိုရီးယားနဲ့ပတ်သက်တဲ့ အခြေခံကျတဲ့ မူဝါဒတွေကို ပြောင်းလဲနေပြီလို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားဟာ အဓိကရန်သူဖြစ်တာမို့ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးရည်မှန်းချက်ပျက်ပြယ်သွားပြီလို့ ကင်က အခုအပတ်အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးနဲ့ ရေအောက်တိုက်ခိုက်ရေးအပါအဝင် နျူကလီးယားစွမ်းရည်တွေ တိုးတက်လာပြီလို့ ကြွေးကြော်ပြီးနောက်မှာ ကင်က အခုလို ပြောဆိုလာတာလည်းဖြစ်ပါတယ်။

အရင်နှစ် စက်တင်ဘာမှာလည်း မြောက်ကိုရီးယားက နျူကလီးယားlat natပစ်ခတ်နိုင်တဲ့ ပထမဆုံး ရေငုပ်သင်္ဘောရှိနေပြီလို့ ကြွေးကြော်ခဲ့ပါတယ်။

လူမပါတဲ့ ရေအောက် နျူကလီးယားlat natတပ်ဆင်နိုင်တဲ့ တိုက်ခိုက်ရေး ဒရုန်း Haeil system ကို စမ်းသပ်ခဲ့ပြီးဖြစ်တယ်လို့ မြောက်ကိုရီးယားက ၂၀၂၃ ခုနှစ် မတ်လကတည်းက ပြောဆိုခဲ့ပါတယ်။ Haeil ဟာ ကိုရီးယားဘာသာမှာ ဆူနာမီလှိုင်းလုံးလို့ အဓိပ္ပါယ်ရပါတယ်။

ဒီlat natတွေအပြင် မြောက်ကိုရီးယားက ကြွေးကြော်ထားတဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်လို့ ဘာမှမသိရသေးပေမယ့် မြောက်ကိုရီးယားမီဒီယာကတော့ ရန်သူ့ရေပိုင်နက်ထဲကို လျှို့ဝှက်ဝင်ရောက်ပြီး ရေအောက်ပေါက်ကွဲမှုကြီးတွေဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက ပြောထားတဲ့အတိုင်း စွမ်းအင်ရှိတယ်ဆိုရင်တောင် မြောက်ကိုရီးယားအစိုးရရဲ့ နျူထိပ်ဖူးတပ်ဒုံးကျည်တွေလောက် အဖျက်စွမ်းအားမကြီးနိုင်ဘူး လို့ အကဲခတ်တွေက ပြောထားပါတယ်။

“မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးသိပ္ပံအဆင့်နဲ့ lat natတွေဟာ စမ်းသပ်ဆဲအဆင့်မှာ ရှိနေသေးတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် အန္တရာယ်ကြီးကြီးမားမားပေးနိုင်တဲ့ အဆင့်ကိုမရောက်နိုင်သေးဘူးလို့ သတ်မှတ်ရမှာပါ” လို့ မြောက်ကိုရီးယားလေ့လာရေး ကမ္ဘာ့အင်စတီကျုက မြောက်ကိုရီးယားပြည်ပြေးဘဝကနေ သုတေသနပညာရှင်ဖြစ်လာသူ အန်း ချန်-အီက အေအက်ဖ်ပီသတင်းဌာနကို ပြောခဲ့ပါတယ်။

အရင်က ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပြီးနောက်မှာ အာကာသကို ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်း အောင်မြင်စွာ လွှတ်တင်ခဲ့ပြီဖြစ်ပြီး အခုနှစ်မှာ နောက်ထပ်သုံးစင်း လွှတ်တင်ဦးမယ်လို့ မြောက်ကိုရီးယားက အရင်နှစ် နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဂြိုဟ်တု တကယ်အသုံးဝင်မဝင်ကတော့ လွတ်လပ်စွာအတည်မပြုနိုင်သေးပါဘူး။

ဒါပေမဲ့ မြောက်ကိုရီးယားဟာ ရုရှားအကူအညီနဲ့ ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တာဖြစ်ပြီး အပြန်အလှန်အဖြစ် ရုရှားဟာ ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားဆီကနေ lat natတွေရခဲ့တယ်လို့ တောင်ကိုရီးယားက ပြောဆိုထားပါတယ်။

အရင်နှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဟာ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်၊ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေ ရွှိုင်ဂူ တို့ နဲ့ ထိပ်တန်းဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးလည်း အခုအပတ်မှာ မော်စကိုကို ရောက်နေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။