တနင်္သာရီမြို့နယ်၊ အမှတ် ၉ ကျေးရွာအနီးတွင် ရှားပါးမျိုးစိတ် ကြံ့သူတော် တစ်ကောင်တွေ့ရှိ

Local News

တနင်္သာရီမြို့နယ်၊ အမှတ်၉ကျေးရွာအုပ်စု အမှတ်၉ကျေးရွာအနီး (ဒေသအခေါ်

ဖောင်ဆိပ်ချောင်း ဖျားတွင် ရှားပါးမျိုးစိတ် ကြံ့သူတော် တစ်ကောင်တွေ့ရှိခဲ့ကြောင်း

အမှတ်၉ကျေးရွာ ဒေသခံ ဦးအေးမင်း ကိုက ပြောသည်။

အဆိုပါ ကြံ့သူတော်ကို နိုဝင်ဘာလ ၂၀ ရက်က အမှတ် ၉ ကျေးရွာအနီး

ဥယျဉ်ခြံလုပ်ကိုင်နေသူတစ် ဦးထံတွင်ကြိုးတန်းလန်းဖြင့် တွေ့ရှိသဖြင့် ဖမ်းဆီးကာ

သစ်တောဦးစီးဌာနသို့ အကြောင်းခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။

ကြံ့သူတော် သည် အမြင့် ၃ ပေ ခွဲ ၊အလျှား ၆ ပေ ၆ လက်မ ရှိကာ

၎င်း၏ ခြေတွင် ဒဏ်ရာရရှိထား သဖြင့် သွားလာနိုင်ခြင်းမရှိသည့်အတွက် ကျေးရွာတွင်

ဆေးကုသပေးထားကြောင်းသိရသည်။

ကြံ့သူတော်သည် အရွယ်အစားကြီးမားသော အသီးအရွက်စားသတ္တဝါ ဖြစ်ကာ

မြန်မာနိုင်ငံတွင် ထားဝယ်၊ မြိတ် နှင့် တနင်္သာရီမြို့နယ်တို့တွင် ကျက်စားလေ့ရှိကြောင်းသိရသည်။

Source : Pyi Myanmar

swh(ဓာတ်ပုံ-ဦးအေးမင်းကို)

Leave a Reply