ဗုဒ္ဓဘာသာဝင်မှန်ရင်မည်သူမဆိုသိထားသင့်သော၁၀၈ကွက်စက်လက္ခဏာ

Religion
ဗုဒ္ဓဘာသာဝင်မှန်ရင်မည်သူမဆိုသိထားသင့်သော၁၀၈ကွက်စက်လက္ခဏာ

တစ်ရာ့ရှစ်ကွက် စက်လက္ခဏာအမှတ်အသား ဟူသည်တို့ကား….

(၁) လှံမ ၊
(၂) အိမ်မွန် = ကြက်သရေတိုက် ၊
(၃)ဇလပ်ပန်း ၊
(၄) လည်ရေးသုံးဆင့် ၊
(၅) ဦးဆောက်ပန်း = ဦးစိုက်ပန်း ၊
(၆) ထမင်းပွဲ ၊
(၇) အင်းပျဉ်ဝန်း = ရွှေသလွန်တော် ၊
(ဂ)ချွန်းတောင်း ၊
(၉) ပြာသာဒ် ၊
(၁၀) တုရိုဏ်တိုင် = တံခါးတိုင် ၊
(၁၁) ထီးဖြူတော် ၊
(၁၂) သန်လျှက် ၊
(၁၃) ထန်းရွက်ယပ်ဝန်း ၊
(၁၄) ဥဒေါင်းမြီးစည်းယပ် ၊
(၁၅) သင်းကျစ်တော် ၊
(၁၆) ပတ္တမြားကျောက်မျက် ၊
(၁၇) အရောင်တဖိတ်ဖိတ်လက်သော စားတော်ခွက် ၊
(၁၈) မုလေးပန်းဆိုင်း ၊
(၁၉-၂၃)ကြာညို ၊ ကြာနီ ၊ ကြာဖြူ ၊ ကြာပဒုမာ ၊ ကြာပုဏ္ဍရိုက် ဟူသော ကြာမျိုးငါးပါး ၊
(၂၄) မုန်ညင်းဖြူစေ့ စသည်ဖြင့် ပြည့်သောအိုး ၊
(၂၅)ထို့အတူဖလား ၊
(၂၆) သမုဒ္ဒရာ ၊
(၂၇) စကြဝဠတောင် ၊
(၂၈) ဟိမဝန္တာတောင် ၊
(၂ ၉) မြင်းမိုရ်တောင် ၊
(၃ဝ-၃၁) နေဝန်းလဝန်း ၊
(၃၂) နက္ခတ်များ ၊
(၃၃-၃၆) ကျွန်းငယ် အရံနှစ်ထောင်နှင့်တကွသော ကျွန်းကြီး လေးကျွန်း ၊
(၃၇) အခြွေအရံ ပရိသတ်
ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြာမင်း ၊
(၃၈) လက်ျာရစ် ခရုသင်းဖြူ ၊
(၃၉) ရွှေငါးကြင်း အစုံ ၊
(၄၀) လက်နက်စက် ၊
(၄၁-၄၇) ဂင်္ဂါမြစ်ကြီး ခုနစ်မြစ် ၊
(၄၈-၅၄)တောင်စဥ် တောင်ယံခုနှစ်လုံး ၊
(၅၅-၆၁)သီတာခုနစ်တန် ၊
(၆၂) ဂဠုန်ငှက်မင်း ၊
(၆၃) မိကျောင်း ၊
(၆၄) တံခွန်လျား ၊
(၆၅) တံခွန်ကုက္ကား ၊
(၆၆) ရွှေသံလျင်း ၊
(၆၇) ရွှေရောင်တောက်သည့် သားမြီးယပ် ၊
(၆၈) ကေလာသ ငွေတောင် ၊
(၆၉) ခြင်္သေ့မင်း ၊
(၇ဝ) ကျားမင်း ၊
(၇၁) ဝလာဟက မြင်းမင်း ၊
(၇၂) ဥပေါသထ ဆင်မင်း(သို့မဟုတ်) ဆဒ္ဒန်ဆင်မင်း ၊
(၇၃) ဗာသုကီ နဂါးမင်း ၊
(၇၄)ရွှေဟင်္သာမင်း ၊
(၇၅) ဥဿဘနွားမင်း ၊
(၇၆)ဧရာဝဏ်ဆင်မင်း ၊
(၇၇) ရွှေမကရ်း ၊
(၇၈) ရွှေလှေ ၊
(၇၉) ဗြဟ္မာမင်း ၊
(၈၀)သားနှင့်တကွသော နို့စားနွားမ ၊
(ဂ၁) က်ိန်နရာ (ဖို-မ) ၊
(ဂ၂) ကရဝိက်ငှက်မင်း ၊
(ဂ၃)ဥဒေါင်းမင်း ၊
(၈၄) ကြိုးကြာငှက်မင်း ၊
(၈၅) စက္ကဝါက်ငှက်မင်း ၊
(၈၆) ဇီဝဇိုးငှက်မင်း ၊
(ဂ၇-၉၂) ကာမာဝစရနတ်ပြည်ခြောက်ထပ် ၊
(၉၃-၁ဝ၈) ရူပါဝစရ ဗြဟ္မာ့ပြည် တဆယ့်ခြောက်ထပ် ၊

ဤကား တစ်ရာ့ရှစ်ကွက် စက်လက္ခဏာအမှတ်အသားတို့တည်း ။ရိုသေစွာရှိခိုးကန်တော့ပါသည်မြတ်စွာဘုရား ။ဤကောင်းမှုကံစေတနာကြောင့် မိမိလေ့လာဆည်းပူးနေသော ပညာရပ်တို့ဖြင့် ကောင်းစွာ အကျိုးဆောင်နိုင်ရပါစေသောဝ်…..

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။