ဂျိုင်းနံ့ ထွက်သူများအတွက်နည်းလမ်းကောင်း

Health Knowledge
ဂျိုင်းနံ့ ထွက်သူများအတွက်နည်းလမ်းကောင်း

မန်ကျည်းအနှစ်ကို မျက်နှာ ချေးချွတ်တာ ကိုယ်လုံးချေးချွတ်တာအပူကင်းစင်ဖို့ အပြင်”ဂျိုင်းနံနံတဲ့သူ”တွေပါ သုံးလို့ရပါတယ်

ရေချိုးခါနီး ၅ မိနစ် လောက် လက္ဘရည်ဇွန်းတဝက်လောက် ပွတ်လိမ်းပြီး ရေဆေးချလိုက်ရင် လုံးဝ အနံမနံတော့ပါဘူး။တနေကုန် roll on လိမ်းစရာမလိုအောင် အနံ မနံတာပါ။ဂျိုင်းချွေးထွက်နေရင်တောင် ဂျိုင်းနံကနံမနေပါဘူး။

နေ့စဉ် ရေချိုးခါနီးတိုင်း သုံးလို့ရသလို တနေကုန်မေ့ပြီး ပွတ်ထားမိလည်း ယားတာ စပ်တာ ဘာမှ မဖြစ်ပါဘူး။ဒါပေမဲ့ ရေချိုးခါနီး ပဲ ပွတ်တာပိုကောင်းပါတယ် တန်ဆေးလွန်ဘေးမဖြစ်အောင်ပါဂျိုင်းနံပျောက်တဲ့အပြင် ဂျိုင်းလည်း ဖြူပါတယ်။

ကျောက်ချဉ်ဆိုရင်လည်း ကျောက်ပျဉ်မှာ သွေးလိမ်းနေရတာရယ် ကျောက်ပျဉ်ပြန်ဆေးချရတာရှုပ်ပါတယ်။

မန်ကျည်းသီးကတော့ အနှစ်လေး နည်းနည်းဖျော်ပြီး ဘူးပိစိလေးထဲထည့်ထားရင် ၃ ရက်လောက်ခံပါတယ် ရေခဲသေတ္တာထဲထည့်ရင် ၁ လ လောက် ခံပါတယ်။

ခန္ဓာကိုယ်အပူများတဲ့သူတွေအတွက်ကမြန်မာ့တိုင်းရင်းဆေးဆရာကြီး ဦးရန်အောင်က မန်ကျည်းနှစ်ကို ရေမချိုးခင် လက်တွေ ခြေတွေမှာ လူးထားပြီးမှ ရေချိုးရင် အပူကင်းတဲ့အကြောင်းလည်း ဝေမျှထားပါတယ်။အပူများတဲ့သူတွေလဲ ဒီနည်းအသုံးပြုလို့ရပါတယ်

credit:မူရင်း

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။