အိမ်ရှေ့မစိုက်ကောင်းသောအပင်များ

Astrology
အိမ်ရှေ့မစိုက်ကောင်းသောအပင်များ

တချို့တချို့ မစိုက်ကောင်းတဲ့အပင်တွေကိုတော့ဗေဒင်ပညာ ဝါသနာပါသူတွေသိကြလိမ့်မယ်လို့ ထင်ပါတယ် ။ဒါပေမယ့်လည်းမသိသေးတဲ့အပင်တွေ ရှိနေပါသေးတယ်လို့မက်စင်ဂျာကနေပြောပြပေးဖို့တောင်းဆိုလာကြတဲ့သူတွေအတွက်ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။

ဒီအပင်တွေကို ကိုယ်နေတဲ့အိမ်ရှေ့မျက်နှာစာတွေရဲ့ရှေ့ဖက်အရပ်တွေမှာမစိုက်ကောင်းဖူးလို့ဗေဒင်ကျမ်းတွေမှာအတိအကျ ဆိုထားခဲ့တာကိုလေ့လာမှတ်သား ခဲ့ရဖူးပါတယ်။(အရပ်မျက်နှာအလိုက် စိုက်ကောင်းတဲ့အပင်၊မစိုက်ကောင်းတဲ့အပင်တွေလည်း အများအပြားရှိပါတယ် ။ )

ငှက်ပျောပင်။
မိဿလင်ပင်။
စပါးလင်ပင်။
ပင်စိမ်းပင်။
ငရုပ်ပင်။
ခံသီးပင်။
လဲပင်
ကစ်စ်မီကွစ်ပင်။
ဆူးပါသောအပင်များ။
နွယ်ပါသောအပင်များ။

ဒီအပင်တွေ စိုက်ထားမိရင်
ဒီအပင်တွေ ရှိနေခဲ့ရင်
ဘာတွေဖြစ်တတ်သလဲဆိုတော့
စီးပွါးရေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေဖြစ်ရင်
ဝင်ရမယ့်လာဘ်လာဘ ပိတ်နေတတ်ပါတယ် ။ ငွေကြေးအခက်အခဲ အထစ်အငေါ့ပြဿနာတွေ ကြုံရတတ်ပါတယ် ။ အိမ်တွင်းရေးပြဿနာ အရှုတ်အထွေးတွေ ဖြစ်တတ်ပါတယ် ။ အမြဲလိုလို အိမ်ပူဆူ နေပါလိမ့်မယ် ။
အမှုအခင်း ကြုံတတ်ပါတယ် ။ ကျန်းမာရေး အညံ့အခိုက် ကြုံရတတ်ပါတယ် ။

ဒီလိုဆိုရင်….
ဗေဒင်ပညာ မယုံကြည်တဲ့အိမ်ရှင်တွေရဲ့ အိမ်တွေမှာ
အိမ်ငှါးနေနေရပါတယ်လို့ ဆိုလာကြတဲ့
သူတွေအတွက် (ဘယ်လိုလုပ်ရမလဲ မေးမြန်းလာကြတာကို) ဖြေပေးရမယ်ဆိုရင် နံနက်စောစောနဲ့ ညဘက်တွေမှာ ဘုရားပုံမှန်ရှိခိုးခြင်း ၊ ပရိတ်ပဌါန်း ရွတ်ဖတ်ခြင်း ၊ပန်း ၊ ရေချမ်း ၊ ဆီမီး ၊ ဆွမ်းခဲဘွယ်ကပ် လှူဒါန်းပူဇော်ပေးခြင်းတွေကို နေ့စဥ်ညတိုင်း ပြုလုပ်ပေးပါ ။

ဘာသာခြားတွေအနေနဲ့ကတော့ မိမိတို့ ဘာသာအလိုက် ကုသိုလ်ကောင်းမှု တစ်မျိုးမျိုး ပုံမှန်ပြုလုပ်ပေးပါ ။ဘာသာရေးကောင်းကျိုးကြောင့် အညံ့အခိုက် ရန်ကနေ ကင်းဝေး သွားကြပါလိမ့်မယ်..။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။