ချဲလ်ဆီးကို အနိုင်ရပြီး လိဂ်ဖလားကို လီဗာပူးလ် ဆွတ်ခူး

International News Sports
ချဲလ်ဆီးကို အနိုင်ရပြီး လိဂ်ဖလားကို လီဗာပူးလ် ဆွတ်ခူး

ကာရာဘောင်း လိဂ်ဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ကစားရာမှာ အချိန်ပိုမှာ ၁ ဂိုး သုညနဲ့ အနိုင်ရပြီး လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လန်ဒန်မြို့က ဝမ်ဘလေကွင်းကြီးမှာ ကစားတဲ့ ဒီဗိုလ်လုပွဲ မိနစ် ၉၀ အတွင်း နှစ်ဖက် ဂိုးမသွင်းနိုင်ကြလို့ အချိန်ပိုကစားရာမှာ ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာ လီဗာပူးလ်အသင်းဘက်က ဗန်ဒိုက်ရဲ့ ဂိုးနဲ့ လီဗာပူးလ်က ဖလား ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။

မိနစ် ၉၀ အတွင်းမှာတော့ ချဲလ်ဆီးဘက်က စတာလင်ရော၊ လီဗာပူးလ်က ဗန်ဒိုက်ပါ ဂိုးသွင်းခဲ့ကြပေမဲ့ VAR ဗီဒီယိုအကူဒိုင် ဆုံးဖြတ်ချက်တွေနဲ့ လူကျွံဘောကြောင့် ဒိုင်လူကြီးက ဂိုးမပေးခဲ့ပါဘူး။

ဒီဘောလုံးရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ့် မန်နေဂျာ ယာဂန်ကလော့အတွက် ဒီနှစ်ရာသီမှာရတဲ့ ပထမဆုံး ဖလားလည်း ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း လောလောဆယ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပါတယ်။

ချဲလ်ဆီးနည်းပြ ပိုချက်တီနို အတွက်တော့ အင်္ဂလန်မှာ သူမန်နေဂျာလုပ်တဲ့ကာလတစ်လျှောက် ပထမဆုံးအကြိမ် ဖလား ရဖို့ မျှော်လင့်ချက်နဲ့ လွဲချော်ခဲ့ရပါတယ်။
၂၀၂၂ တုန်းကလည်း ဒီနှစ်သင်း လိဂ်ဖလားဗိုလ်လုပွဲမှာ ဆုံခဲ့ကြပြီး အဲဒီတုန်းကတော့ လီဗာပူးလ်က ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။