facebookမှာတင်လိုက်တဲ့ပုံတစ်ပုံကြောင့် ပရိသတ်ကြားဂယက်ထသွားရတဲ့ လွှမ်းပိုင်နဲ့နန်းဆုရတီစိုး

Celebrity Local News
facebookမှာတင်လိုက်တဲ့ပုံတစ်ပုံကြောင့် ပရိသတ်ကြားဂယက်ထသွားရတဲ့ လွှမ်းပိုင်နဲ့နန်းဆုရတီစိုး

အဆိုတော်လွှမ်းပိုင်ဟာဆိုရင် လူငယ်လူလတ်ပရိသတ်တွေကြားမှာအထူးရေပန်းစားတဲ့ အဆိုတော်တယောက်ဖြစ်ပါတယ်။ ဂီတလောကမှာ ကျင်လည်လာတာကြာပြီဖြစ်တဲ့အပြင် တေးသီချင်းများစွာကိုလည်း သီဆိုထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ဘယ်လောက်နှစ်တွေကြာကြာ သူ့ရဲ့သီချင်းကောင်းတွေက ပရိသတ်တွေရင်ထဲအခုချိန်ထိနေရာယူထားနိုင်တုန်းပါပဲ။ ပြီးခဲ့တဲ့နှစ်မှာပဲ ချစ်သူ bobby soxerနဲ့ ၁၀နှစ်ကျော်သက်တမ်းရှိတဲ့ ချစ်သူဘဝကို အဆုံးသတ်ပြီး လမ်းခွဲခဲ့ကြတာမို့ ပရိသတ်ကြားအတော်လေး လူပြောများတဲ့ သတင်းတစ်ခုဖြစ်သွားခဲ့ပါသေးတယ်။ အခုချိန်မှာတော့ လွှမ်းပိုင်ရော bobby soxer ရောကိုယ့်ဘဝနဲ့ကိုယ်နေနေပြီးအဆင်ပြေနေကြပေမဲ့ ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေရဆဲပါပဲ။

အခုတစ်ခါမှာတော့ အွန်လိုင်းမှာပြန့်နှံ့နေတဲ့ လွှမ်းပိုင်နဲ့ နန်းစုရတီစိုးတို့ တွဲနေကြတယ်ဆိုတဲ့ ကောလဟာလ ထွက်နေတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ထင်ကြေးကို ပိုသေချာသွားစေတာကတော့ မကြာသေးခင်က လွှမ်းပိုင်တင်ခဲ့တဲ့ ပုံထဲက လက်က နန်းစုရဲ့ လက်နဲ့တူနေတာမို့ လက်ပိုင်ရှင်ဟာ နန်းစုလို့ပရိသတ်တွေက ထင်ကြေးပေးပြီး အခုလို လွှမ်းပိုင်နဲ့နန်းစုရတီစိုး တို့နှစ်ယောက်တွဲနေကြပြီလားဆိုပြီး သတင်းတွေပျံ့လာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။