အစ္စရေးက ဂါဇာကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ဆို၊ အစ္စရေးက တင့်ကားတွေနဲ့ ဆေးရုံကို တိုက်တယ်လို့ ပါလက်စတိုင်းပြော

International News
အစ္စရေးက ဂါဇာကို အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ဆို၊ အစ္စရေးက တင့်ကားတွေနဲ့ ဆေးရုံကို တိုက်တယ်လို့ ပါလက်စတိုင်းပြော

ပါလက်စတိုင်းတွေ ကျန်းမာရေး စောင့်ရှောက်မှု ဖြတ်တောက်ခံထားရ

ဂါဇာမှာ အစ္စရေးက လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ မနှစ်အောက်တိုဘာ စစ်ပွဲစဖြစ်ကတည်းက ဆိုရင် အပြင်းထန်ဆုံးပဲလို့ တောင်ပိုင်းက ပါလက်စတိုင်းတွေက ပြောပါတယ်။

မနေ့ တနင်္ဂနွေညကတည်းစလို့ ဟန်းယူနစ်မြို့ကို အစ္စရေးက တိုက်ခိုက်နေရာမှာ အနည်းဆုံး ပါလက်စတိုင်း အယောက် ၅၀ thayဆုံးသွားတယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဟန်းယူနစ်မြို့မှာရှိတဲ့ ဆေးရုံနှစ်ခုက ဂိတ်တံခါးတွေဆီ အစ္စရေးက တင့်ကားတွေနဲ့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ဒေသခံတွေ ကျန်းမာရေး ကုသမှု မရအောင် ဖြတ်တောက်ခံထားရပါတယ်။

အစ္စရေးမှာတော့ ပါလီမန် အဆောက်အအုံထဲ အစည်းအဝေး ကျင်းပနေတုန်း ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေ ဝင်ရောက်ခဲ့ပြီး ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်ရေး ပိုပြီး ကြိုးစားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။