ဂါဇာထိုးစစ်အပေါ် အစ္စရေးမှာ မေးခွန်းထုတ်

International News
ဂါဇာထိုးစစ်အပေါ် အစ္စရေးမှာ မေးခွန်းထုတ်

အဆောက်အအုံ ၂ခုထဲ၀င်ရောက်မိုင်းခွဲစဉ် ဒုံးကျည်ထိမှန်ပြီး အစ္စရေးစစ်သား ၂၁ယောက်thayဆုံး

ဂါဇာမှာ တိုက်ခိုက်မှုတွေကို အလုံးစုံအောင်မြင်တဲ့အထိ ရပ်တန့်မှာ မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန် ရာဟူးက ပြောကြားလိုက်ပါတယ်။

အစ္စရေး စစ်တပ်ရဲ့ ထိုးစစ်စကတည်းက အဆိုးရွားဆုံး ဖြစ်ရပ် တခုဖြစ်တဲ့ အစ္စရေး စစ်သား ၂၁ ယောက် thayဆုံးခဲ့ရတဲ့ကိစ္စပေါ်ပေါက်လာစဉ်မှာ သူက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဆောက်အအုံ ၂ ခုကို မိုင်းခွဲ ဖြိုချဖို့ အစ္စရေးစစ်သားတွေ အထဲမှာ ရှိနေစဉ် ဒုံးကျည်တခုနဲ့ ပစ်ခတ်ခံရပြီးthayဆုံးသွားတာ ဖြစ်ပါတယ်။

ကျဆုံးသွားသူတွေထဲက အစ္စရေးစစ်သားတယောက်ရဲ့ စျာပန ဂျေရုဆလင်မှာ ကျင်းပခဲ့ရာမှာ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အခုလို အစ္စရေးစစ်သားအများအပြား ဖြစ်ရပ်တခုအတွင်းမှာ thayဆုံးခဲ့ရတဲ့အတွက် လူအများက စိတ်မကောင်းဖြစ်နေကြပြီး ဂါဇာထိုးစစ်ရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေ အပေါ် မေးခွန်းသစ်တွေ ထုတ်နေကြပါတယ်။

တချိန်တည်းမှာ ဂါဇာတောင်ပိုင်း ဟန်းယူနစ်မြို့ကို ဝိုင်းထားလိုက်ပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အဲဒီတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း အစ္စရေး လက်ချက်ကြောင့် ပါလက်စတိုင်း ၁၉၅ ယောက် thayဆုံးခဲ့ပြီး အယောက် ၃၅၀ ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။

အစ္စရေးဘက်က ပစ်တဲ့ lat nat သူတို့ရုံးကို ထိလို့ ဒဏ်ရာရသွားသူတွေ ရှိခဲ့ပြီး ဆေးရုံပို့ထားရတယ်လို့ ပါလက်စတိုင်း လခြမ်းနီ အဖွဲ့က ပြောပါတယ်။

စစ်မဲ့ဇုန်လို့ သတ်မှတ်ထားတဲ့ ကမ်းရိုးတန်း တလျောက်က အယ်လ် မဝါစီ အရပ်ကို အစ္စရေး စစ်တပ်က ဆက်လက် ထိုးစစ်ဆင်နေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။