ယခင်စမ်းသပ်မှုမှာ Titan ရေငုပ်သင်္ဘောငယ် ရေအောက်ထဲ ပတ်ချာလည်ခဲ့ဖူး

International News
ယခင်စမ်းသပ်မှုမှာ Titan ရေငုပ်သင်္ဘောငယ် ရေအောက်ထဲ ပတ်ချာလည်ခဲ့ဖူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယခင်စမ်းသပ်မှုမှာ Titan ရေငုပ်သင်္ဘောငယ် ရေအောက်ထဲ ပတ်ချာလည်ခဲ့ဖူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယခင်စမ်းသပ်မှုမှာ Titan ရေငုပ်သင်္ဘောငယ် ရေအောက်ထဲ ပတ်ချာလည်ခဲ့ဖူး

တိုင်တန်းနစ်သင်္ဘောပျက်ကို သွားရောက်ကြည့်ရှုစဥ် ပေါက်ကွဲပျက်စီးခဲ့တဲ့ Titan ရေငုပ်သင်္ဘောငယ်ဟာ အရင်တစ်ခါတုန်းကလည်း ဟန်ချက်ပျက်ပြီး ရေအောက်မှာ စက်ဝိုင်းပုံ ပတ်ချာလည်ခဲ့တယ်လို့ ပိုင်းလော့ဟောင်းတစ်ယောက်က ဆိုပါတယ်။
ရေငုပ်သင်္ဘောထဲမှာ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းအရ Titan ရေငုပ်သင်္ဘောငယ်ဟာ ပတ်ချာလည်နေပြီး ပိုင်းလော့ စကော့ဂရစ်ဖစ်က ” ကျုပ်တို့တော့ ဒုက္ခရောက်ပြီ”လို့ ပြောခဲ့တာ တွေ့ရပါတယ်။

တိုင်တန်းနစ်သင်္ဘောပျက်ဆီကိုရောက်ဖို့ မီတာ ၃၀၀ ပဲ ကွာဝေးတော့တဲ့အချိန် ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၁၂၅၀၀ မှာအင်ဂျင်နှစ်လုံး ဆန့်ကျင်ဘက်အရပ်ကို ဦးတည်လည်ပတ်ခဲ့လို့ ရေငုပ်သင်္ဘောငယ် ပတ်ချာလည်နေခဲ့ပြီး OceanGate ကို တည်ထောင်သူ စတော့တန်ရက်ရှ်က ထိန်းချုပ်သင်္ဘောပေါ်ကနေ ပြင်ဆင်နေချိန် ရေငုပ်သင်္ဘောပေါ်မှာ လိုက်ပါခဲ့သူ ၅ ဦးဟာ နာရီပေါင်းများကြာ ပိတ်မိခဲ့ပါတယ်။

Titan ရေငုပ်သင်္ဘောငယ် ရေမျက်နှာပြင်ပေါ် ပြန်တက်လာနိုင်ချိန်မှာ လုပ်သားတစ်ယောက်က ” စမ်းသပ်ဖို့ လိုအပ်နေသေးတယ်။ Titan က အန္တရာယ်များတယ်”လို့ သတိပေးခဲ့ပေမဲ့ စတော့တန်ရက်ရှ်ကတော့ သူ့ရဲ့ သတိပေးချက်ကို ပယ်ချခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။